မေလအတွင်း ကျင်းပမယ့် ယူနိုက်တက်ရဲ့ ‘Relegation Party’ ကို တုံ့ပြန်သူ ၅၀၀၀၀ ကျော်အထိရှိ

Photo Credit

Photo Credit

လူမှုမီဒီယာတစ်ခုမှာ တစ်ယောက်ယောက်က မေလအတွင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ‘Relegation Party’ အတွက် Event တစ်ခု ဖန်တီးခဲ့ရာမှာ အဲဒီ Event က ပရိသတ်တွေကြား အတော်လေးရေပန်းစားသွားပြီး အဲဒီ Event ကို စိတ်ပါဝင်စားစွာ ပြန်လည်တုံ့ပြန်သူက ၅၀၀၀၀ ကျော်အထိရှိကြောင်း သိရပါတယ်။

Photo Credit

နည်းပြဆိုးလ်ရှားဦးဆောင်တဲ့ယူနိုက်တက်အသင်းဟာ နောက်ဆုံး ၂၃ပွဲမှာ ၅ပွဲပဲအနိုင်ရခဲ့ပြီး တနင်္ဂနွေနေ့ညကလည်း တန်းဆင်းဇုန်ထဲရောက် နယူးကာဆယ်အသင်းကို စိတ်ပျက်ဖွယ် ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် တန်းဆင်းဇုန်ထဲက အဲဗာတန်နဲ့ ၂ မှတ်အကွာအနေအထားဖြစ်လာပါတယ်။

Photo Credit

ပြိုင်ဘက်ပရိသတ်တွေကလည်း ဒီလိုယူနိုက်တက်အသင်း အကြီးကျယ်ဆုံးအနေအထားကနေ တစ်ရိပ်ရိပ်ကျဆင်းနေတာကို မြင်တွေ့နေရလု့ိ ပျော်ရွှင်နေပြီး တချို့ဆိုရင် ရာသီအကုန်မှာ အောင်ပွဲခံဖို့ဆိုပြီး အခုကတည်းက ကြိုတင်ပြင်ဆင်နေကြပါတယ်။

Photo Credit

အဲဒီ Event မှာ ”ကိုယ့်ရဲ့ပလက်စတစ်အလံတွေယူလာခဲ့ပါ။ ပြီးတော့ ပြိုင်ဘက်၂သင်းနာမည် တစ်ဝက်စီရေးထိုးထားတဲ့ပုဝါလေးတွေရယ် သီချင်းစာသားတွေရေးထားတဲ့စာရွက်လေးတွေပါ တစ်ခါတည်းယူလာခဲ့ပါ”ဆိုတဲ့စာပါ ရေးသားခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ရဲ့တန်းဆင်းပါတီကို ပြန်လည်တုံ့ပြန်မှုက အတော်လေးကြီးမားပြီး လူ ၁၃၀၀၀ ဦးက သူတို့ အဲဒီပါတီတက်မယ်လို့ဆိုကာ Going လုပ်ခဲ့သလို နောက်ထပ် ၃၇၀၀၀ ဦးကလည်း သူတု့ိပါ စိတ်ဝင်စားတယ်ဆိုတဲ့ interested လုပ်ခဲ့ပါတယ်။

Photo Credit

ယမန်နှစ်ရာသီကလည်း အဲဒီလိုမျိုး ယူနိုက်တက်အသင်းရဲ့တန်းဆင်းပါတီကို ဖေ့စ်ဘွတ်ခ်မှာ စောစောစီးစီးလုပ်ခဲ့ကြပြီး အဲဒီတုန်းကလည်း ယူနိုက်တက်ဟာ နည်းပြဟောင်း မော်ရင်ညိုလက်ထက် ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။

Photo Credit

အဲဒီနောက် ဒီဇင်ဘာလမှာ မော်ရင်ညိုလည်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ဆိုးလ်ရှားက ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့အဖွင့် ၁၅ပွဲမှာ ၁၂ပွဲအထိအနိုင်ရခဲ့ပြီးနောက် မတ်လအတွင်းမှာပဲ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

Photo Credit

ဒါပေမဲ့ အသက် ၄၆နှစ်အရွယ်ရှိ ဆိုးလ်ရှားဟာ အမြဲတမ်းနည်းပြဖြစ်ပြီးကာမှ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ရင်ဆိုင်နေရပြီး ၅ပွဲနိုင်၊ ၆ပွဲသရေနဲ့ ၉ပွဲအထိ အရေးနိမ့်ထားသလို လိဂ် ၁၇ပွဲကနေ ၁၇မှတ်ပဲရယူနိုင်ခဲ့တာကိုကြည့်ရင် လက်ရှိယူနိုက်တက်ရဲ့အခြေအနေကို ထင်ရှားစွာပေါ်လွင်စေပါတယ်။

Photo Credit

Zawgyi

ေမလအတြင္း က်င္းပမယ့္ ယူႏိုက္တက္ရဲ႕ ‘Relegation Party’ ကို တု႔ံျပန္သူ ၅၀၀၀၀ ေက်ာ္အထိရွိ

လူမႈမီဒီယာတစ္ခုမွာ တစ္ေယာက္ေယာက္က ေမလအတြင္း မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ‘Relegation Party’ အတြက္ Event တစ္ခု ဖန္တီးခ့ဲရာမွာ အဲဒီ Event က ပရိသတ္ေတြၾကား အေတာ္ေလးေရပန္းစားသြားၿပီး အဲဒီ Event ကို စိတ္ပါ၀င္စားစြာ ျပန္လည္တုံ႔ျပန္သူက ၅၀၀၀၀ ေက်ာ္အထိရွိေၾကာင္း သိရပါတယ္။
နည္းျပဆုိးလ္ရွားဦးေဆာင္တဲ့ယူႏုိက္တက္အသင္းဟာ ေနာက္ဆုံး ၂၃ပြဲမွာ ၅ပြဲပဲအႏိုင္ရခဲ့ၿပီး တနဂၤေႏြေန႔ညကလည္း တန္းဆင္းဇုန္ထဲေရာက္ နယူးကာဆယ္အသင္းကို စိတ္ပ်က္ဖြယ္ ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ တန္းဆင္းဇုန္ထဲက အဲဗာတန္နဲ႔ ၂ မွတ္အကြာအေနအထားျဖစ္လာပါတယ္။
ၿပိဳင္ဘက္ပရိသတ္ေတြကလည္း ဒီလုိယူႏုိက္တက္အသင္း အႀကီးက်ယ္ဆုံးအေနအထားကေန တစ္ရိပ္ရိပ္က်ဆင္းေနတာကို ျမင္ေတြ႕ေနရလု႔ိ ေပ်ာ္ရႊင္ေနၿပီး တခ်ိဳ႕ဆုိရင္ ရာသီအကုန္မွာ ေအာင္ပြဲခံဖို႔ဆုိၿပီး အခုကတည္းက ႀကိဳတင္ျပင္ဆင္ေနၾကပါတယ္။
အဲဒီ Event မွာ ”ကုိယ့္ရဲ႕ပလက္စတစ္အလံေတြယူလာခဲ့ပါ။ ၿပီးေတာ့ ၿပိဳင္ဘက္၂သင္းနာမည္ တစ္၀က္စီေရးထိုးထားတ့ဲပု၀ါေလးေတြရယ္ သီခ်င္းစာသားေတြေရးထားတဲ့စာရြက္ေလးေတြပါ တစ္ခါတည္းယူလာခ့ဲပါ”ဆုိတဲ့စာပါ ေရးသားခဲ့ပါတယ္။
ယူႏိုက္တက္ရဲ႕တန္းဆင္းပါတီကို ျပန္လည္တုံ႔ျပန္မႈက အေတာ္ေလးႀကီးမားၿပီး လူ ၁၃၀၀၀ ဦးက သူတုိ႔ အဲဒီပါတီတက္မယ္လုိ႔ဆုိကာ Going လုပ္ခ့ဲသလုိ ေနာက္ထပ္ ၃၇၀၀၀ ဦးကလည္း သူတု႔ိပါ စိတ္၀င္စားတယ္ဆုိတဲ့ interested လုပ္ခဲ့ပါတယ္။
ယမန္ႏွစ္ရာသီကလည္း အဲဒီလုိမ်ိဳး ယူႏုိက္တက္အသင္းရဲ႕တန္းဆင္းပါတီကို ေဖ့စ္ဘြတ္ခ္မွာ ေစာေစာစီးစီးလုပ္ခဲ့ၾကၿပီး အဲဒီတုန္းကလည္း ယူႏိုက္တက္ဟာ နည္းျပေဟာင္း ေမာ္ရင္ညိဳလက္ထက္ ရလဒ္ဆုိးေတြနဲ႔ ဆက္တုိက္ရင္ဆိုင္ေနရခ်ိန္ျဖစ္ပါတယ္။
အဲဒီေနာက္ ဒီဇင္ဘာလမွာ ေမာ္ရင္ညိဳလည္း နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီး ဆုိးလ္ရွားက ယာယီနည္းျပအျဖစ္ ကုိင္တြယ္ခဲ့တ့ဲအဖြင့္ ၁၅ပြဲမွာ ၁၂ပြဲအထိအႏိုင္ရခဲ့ၿပီးေနာက္ မတ္လအတြင္းမွာပဲ အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရပါတယ္။
ဒါေပမဲ့ အသက္ ၄၆ႏွစ္အရြယ္ရွိ ဆိုးလ္ရွားဟာ အၿမဲတမ္းနည္းျပျဖစ္ၿပီးကာမွ ရလဒ္ဆုိးေတြနဲ႔ ေတာက္ေလွ်ာက္ရင္ဆိုင္ေနရၿပီး ၅ပြဲႏိုင္၊ ၆ပဲြသေရနဲ႔ ၉ပဲြအထိ အေရးနိမ့္ထားသလို လိဂ္ ၁၇ပြဲကေန ၁၇မွတ္ပဲရယူႏိုင္ခဲ့တာကိုၾကည့္ရင္ လက္ရွိယူႏုိက္တက္ရဲ႕အေျခအေနကို ထင္ရွားစြာေပၚလြင္ေစပါတယ္။