မိန်းမဘက်က ဆွေမျိုးတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ ပီကေး

Photo Credit

Photo Credit

ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ ဘာစီလိုနာကြယ်ပွင့် ဂျရတ်ပီကေးပိုင်ဆိုင်တဲ့ အန်ဒိုရာအက်ဖ်စီမှာ ကိုလံဘီယာပေါ့ပ်ဂီတကြယ်ပွင့်လည်းဖြစ် ပီကေးရဲ့ ရှုမငြီးတဲ့လက်တွဲဖော်လည်းဖြစ်တဲ့ ရှာကီရာရဲ့ တူတော်မောင်က ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အန်ဒိုရာအက်ဖ်စီဟာ စပိန်တတိယတန်းကလပ်အသင်းဖြစ်ပြီး ပီကေးရင်းနှီးမြှပ်နှံမှု ပြုလုပ်ခဲ့တဲ့ Kosmos Group က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင်ပိုင်ဆိုင်တာဖြစ်ပါတယ်။

Photo Credit

ပီကေးဟာ ရှာကီရာရဲ့လက်တွဲဖော်ဖြစ်ပြီး သူမနဲ့အတူ မီလန်နဲ့ ဆာရှာဆိုတဲ့ သား ၂ ယောက်မွေးဖွားထားခဲ့ကာ သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းက ၂၀၁၁ ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပါတယ်။ ရှာကီရာရဲ့တူတော်မောင် တာရစ်ခ်အန်တိုနီယိုမီဘာရက်ခ်ဟာ အသက် ၁၉ နှစ်အရွယ် နောက်ခံလူတစ်ဦးဖြစ်ပြီး တနင်္ဂနွေနေ့က ရီယပ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အရန်အသင်းပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပါတယ်။

Photo Credit

မီဘာရက်ခ်ကလည်း နံပါတ် ၃ ဂျာစီကိုဝတ်ဆင်ခဲ့ပြီး ဘာစီလိုနာအသင်းမှာ ပီကေးရဲ့ ကျောနံပါတ်ကလည်း နံပါတ် ၃ ပဲ ဖြစ်ပါတယ်။ မီဘာရက်ခ်ဟာ ရှာကီရာရဲ့အစ်ကိုဖြစ်သူ တိုနီနိုရဲ့ သားဖြစ်ပြီး ကိုလံဘီယာလူငယ်အသင်းတွေဖြစ်တဲ့ အက်သလက်တီကို ဂျူနီယာဘာရန်ကွီလာနဲ့ ဆန်တာဖီဒီဘိုဂိုတာအသင်းတို့မှာလည်း ကစားခဲ့ဘူးပါတယ်။

Photo Credit

အန်ဒိုရာရဲ့ နည်းပြဖြစ်သူကားလို့စ်ဆန်းချက်ဇ်က မီဘာရက်ခ်နဲ့ ပတ်သက်ပြီး “သူကညာနောက်ခံနေရာမှာ ကစားတာပါ။ ဒါပေမဲ့ သူကလျင်မြန်ပြီး မမောမပန်းကစားနိုင်တာကြောင့် ကျွန်တော်သူ့ကိုတောင်ပံကစားသမားအဖြစ် ကစားစေဖို့ စကားပြောဆိုရမှာပါ။ သူကရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အပြည့်ရှိပြီး သူ့ရဲ့ ပြေးအားကြောင့် ဘောလုံးကွင်းက သူ့အတွက် သေးနေသလိုပါပဲ၊

Photo Credit

”သူကျွန်တော့်ကို လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ကျောနံပါတ် ၉ ကိုဝတ်ဆင်ပြီး တောင်ပံနေရာမှာကစားမယ်လို့ ပြောခဲ့ပါတယ်၊ မီဘာရက်ခ်က ကျွန်တော်တို့ကိုအောင်မြင်မှုတွေ အများအပြားယူဆောင်ပေးနိုင်မယ်ဆိုတာသံသယရှိစရာကိုမလိုပါဘူး“လို့ ပြောသွားခဲ့ပါတယ်။

Photo Credit

Zawgyi

