မန်ယူ ဘာကြောင့် နောဝှစ်ချ်ကို ဂိုးပြတ်အနိုင်ရခဲ့တာလဲ(သို့) သရဲနီတွေအောင်ပွဲခံနိုင်ခြင်း နောက်ကွယ်က အချက်(၃)ချက်

PC ; Internet

ကာရိုးရုဒ်မှာ တွန်မီနေး၊ရက်ရှ်ဖို့ဒ်၊မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နောဝှစ်ချ်ကို မန်ယူ ခြေစွမ်းပြအနိုင်ရခဲ့ပါတယ်။ဒါဟာ ဆိုးလ်ရှားရဲ့အသင်းအတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲဖြစ်ခဲ့တာပါ။ကြားရက်ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ပါတီဇန်ကိုအဝေးကွင်းမှာ ဝ-၁ ဂိုးနဲ့အနိုင်ရထားတဲ့မန်ယူဟာ တွန်မီနေးရဲ့ ၂၅မိနစ်သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ဒီဂိုးဟာ မန်ယူရဲ့ပရီးမီးယားလိဂ် ဂိုး ၂၀၀၀ မြောက်ဖြစ်ခဲ့ပြီး ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

PC ; Internet

ရက်ရှ်ဖို့ဒ်နဲ့မာရှယ်တို့ ပင်နယ်တီတွေလွဲခဲ့ကြပြီး ဒီရာသီ ပင်နယ်တီ ၄လုံးအထိလွဲတဲ့မှတ်တမ်းဝင်ခဲ့ပေမယ့် ဒီနိုင်ပွဲကြောင့် မန်ယူဟာ အမှတ်ပေးဇယား အဆင့်-၇နေရာကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။ သရဲနီတွေ နောဝှစ်ချ်ကိုအနိုင်ရတဲ့ပွဲမှာ အဓိကကျတဲ့ အချက် ၃ချက်ကို 90 Minutes ပရိသတ်တွေအတွက် ဖေါ်ပြပေးလိုက်ပါတယ်။

PC ; Internet

၁။နက်ရှိုင်းစွာ ကွာဟလွန်းတဲ့အဆင့်အတန်း
ရာသီအဖွင့်ပွဲစဉ်မှာ လီဗာပူးကို ၄-၁ဂိုးနဲ့ရှုံးပေမယ့် နောဝှစ်ချ်ရဲ့စွမ်းဆောင်မှုဟာ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ်။ဒန်နီရယ်ဖာကီရဲ့အသင်းဟာ နောက်ပွဲစဉ်မှာ နယူးကာဆယ်ကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့တယ်။ပြီးတော့ ကံမကောင်းစွာနဲ့ ချဲလ်ဆီးကို ၃-၂ဂိုးနဲ့ရှုံးခဲ့တယ်။ဒါပေမဲ့ အဲဒီအချိန်ကစပြီး သူတို့ဟာ လက်ရှိချန်ပီယံမန်စီးတီးကိုအနိုင်ရတဲ့ပွဲအပါအဝင် ရနိုင်တဲ့ ၂၁မှတ်ထဲက ၄မှတ်သာ စုဆောင်းနိုင်ခဲ့တာပါ။လိဂ်ဖလားမှာ လိဂ်-၂ကလပ်လေး ခရောလေးတောင်းကိုရှုံးတဲ့ပွဲအပါအဝင် ခြေစွမ်းတွေကျဆင်းခဲ့ပြီး အမှတ်ပေးဇယား အဆင့်-၁၉နေရာကအသင်းဆိုတဲ့အနေအထားနဲ့ မန်ယူကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။သရဲနီတွေဟာ ဒီရာသီမှာပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာမှန်ပေမယ့် နောဝှစ်ချ်လိုအသင်းမျိုးနဲ့ယှဉ်ရင် အဆင့်အတန်းနဲ့ဂုဏ်ပုဒ်ချင်းကွာဟနေသလို အနိုင်ရဖို့အခွင့်အရေးများခဲ့တာပါ။မန်ယူဟာ ဒီပွဲမှာ အနိုင်ရဖို့အတွက် ကောင်းမွန်တဲ့တန်ဖိုးရှိခဲ့ပါတယ်။

PC ; Internet

၂။ရင်သပ်ရှုမောစရာ မာရှယ်ရဲ့ခြေစွမ်း
မငြင်းနိုင်တဲ့အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် မန်ယူကို စတင်ရောက်ရှိလာချိန်ကတည်းက မာရှယ်ဟာ ကွဲပြားတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။နိုင်ပွဲဆာလောင်စိတ်မရှိဘူး၊ပရိုမပီသဘူးဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။ဒါ့အပြင် ဒဏ်ရာပြသနာတွေရဲ့နှိပ်စက်မှုကိုပါခံခဲ့ရပြီး ရာသီအစမှာ ၂လကျော်လောက် နားခဲ့ရပါသေးတယ်။သူမကစားနိုင်တဲ့ကာလမှာ မန်ယူဟာ ရက်ရှ်ဖို့ဒ်၊ဂရင်းဝုဒ်၊ဒန်နီရယ်ဂျိမ်းစ်တို့နဲ့ တိုက်စစ်မှာ ပင်ပန်းစွာရုန်းကန်ခဲ့ရပါတယ်။မာရှယ် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာချိန်မှာတော့ ဆိုးလ်ရှားက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့သလို ဒီအချိန်မှာမန်ယူလိုအပ်နေတဲ့တိုက်စစ်မှူးလို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

PC ; Internet

မိုနာကိုတိုက်စစ်မှူးဟောင်းကလည်း သရဲနီတွေရဲ့လိုအပ်ချက်ကို နောဝှစ်ချ်နဲ့ပွဲမှာဖြည့်ဆီးပေးရင်း သူ့ရဲ့အရည်အသွေးကို သက်သေပြနိုင်ခဲ့ပါတယ်။အသက် ၂၃နှစ်အရွယ်ပြင်သစ်သားဟာ ဘောလုံးလက်ခံရယူမှု၊ဖြန့်ဝေမှုကနေ ပိုဆိုင်မှုကောင်းဖို့အထိ နက်နက်ရှိုင်းရှိုင်းပါဝင်ခဲ့သလို တိုက်စစ်မှာလည်းပါဝင်စီးမျောဖို့ ကြိုးစားခဲ့ပါတယ်။ပွဲချိန်အစောပိုင်းမိနစ်တွေမှာ ရက်ရှ်ဖို့ဒ်နဲ့အတူ အတွဲညီခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးအတွက် ကောင်းမွန်တဲ့ပေးပို့မှုတွေလုပ်နိုင်ခဲ့တယ်။သူကိုယ်တိုင်လည်း ဂိုးပေါက်ခြိမ်းခြောက်မှုတွေလုပ်နိုင်ခဲ့ပြီး နောဝှစ်ချ်ဂိုးသမားတင်ခရူ လက်စွမ်းပြကာကွယ်ခဲ့ရတာပါ။

PC ; Internet

မန်ယူ ၁-ဝဂိုးနဲ့ဦးဆောင်နေချိန်မှာလည်း မာရှယ်ဟာ သူ့ရဲ့နည်းစနစ်ပိုင်းထူးချွန်မှုကိုပြသနိုင်ခဲ့ပြီး နောဝှစ်ချ်ကစားသမားတွေကိုကျော်ဖြတ် ဒန်နီရယ်ဂျိမ်းစ်ကိုအပေးမှာ ပွဲရဲ့ ပထမဆုံးပင်နယ်တီကို ဖြစ်ပေါ်စေခဲ့ပါတယ်။ရက်ရှ်ဖို့ဒ် ပင်နယ်တီလွဲပေမယ့် သိပ်မကြာခင်မှာ မာရှယ်ပဲ ဂျိမ်းစ်ဆီပြန်လည်ပေးပို့နိုင်ခဲ့တာကြောင့် ဒုတိယဂိုးရခဲ့တာပါ။မာရှယ်ရဲ့ ကောင်းကွက်တွေပြောဖို့ကျန်နေပါသေးတယ်။သူ့ရဲ့ပင်နယ်တီကို တင်ခရူကာကွယ်နိုင်ခဲ့ပေမယ့် မန်ယူအတွက် တတိယဂိုးကို ထောင့်ကျဉ်းထဲကနေ နယ်သာလန်ဂိုးသမားအပေါ် တည်တည်ငြိမ်ငြိမ်ကန်သွင်းပေးနိုင်ခဲ့တယ်။ဆိုရရင် ပရမ်းပတာအခြေအနေတစ်ရပ်နဲ့ရင်ဆိုင်နေရတဲ့ မန်ယူအတွက် မာရှယ်ဟာ အချိန်ကိုက်ပြန်လာခဲ့တာပါပဲ။

PC ; Internet

၃။မန်ယူကိုခွန်အားဖြစ်စေခဲ့တဲ့ နောဝှစ်ချ်ရဲ့ကစားဟန်
ဒန်နီရယ်ဖာကီရဲ့လက်ထက်မှာ နောဝှစ်ချ်ဟာ တိုက်စစ်ကစားပုံကောင်းတဲ့အသင်းတစ်သင်းလို့ ဂုဏ်သတင်းကြီးခဲ့ပါတယ်။အဲဒီတိုက်စစ်ကစားဟန်နဲ့ပဲ မနှစ်က ချန်ပီယံရှစ်မှာ သူတို့ချန်ပီယံဖြစ်ခဲ့တယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။သူတို့ဟာ ချန်ပီယံရှစ်ဖလားကို သိမ်းပိုက်နိုင်ရုံသာမက ၉၃ဂိုးနဲ့ ဂိုးအများဆုံးသွင်းတဲ့အသင်းဖြစ်ခဲ့သလို တိုက်စစ်မှူးပက်ကီဟာလည်း ၂၉ဂိုးနဲ့ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့တာပါ။ဒါပေမဲ့ တိုက်စစ်ဖွင့်ကစားတာကြောင့် သူတို့ရဲ့ပေးဂိုးကလည်း ၅၇ဂိုးအထိရှိခဲ့ပါတယ်။တန်းတက်ခွင့်ရပြီးတဲ့နောက် ဖာကီဟာသူ့ရဲ့ကစားဟန်ကို စွန့်လွှတ်ပြီး ကွင်းလယ်နဲ့ခံစစ်ကိုပိုမိုကျစ်လျစ်အောင်ကြိုးစားလိမ့်မယ်လို့ယူဆခဲ့ကြပေမယ့် လီဗာပူးကိုဂိုးပြတ်ရှုံးတဲ့အဖွင့်ပွဲမှာတင် ပြောင်းလဲမှုမရှိဘူးဆိုတာတွေ့ခဲ့ကြရပါတယ်။

PC ; Internet

မန်စီးတီးကိုအနိုင်ရတာဟာ အဲဒီကစားဟန်ရဲ့အဆိုးထဲကအကောင်းတစ်ရပ်ဖြစ်ခဲ့ပေမယ့် သူတို့ဟာ ခံစစ်ပိုင်းပေါက်ထွက်မှုတွေနဲ့အတူ တန်းဆင်းဇုန်ထဲရောက်တဲ့အထိဖြစ်ခဲ့ပါတယ်။ဒီနေ့ပွဲမှာလည်း ပက်ကီ၊မက်လီယန်နဲ့လီရင့်နာတို့နောက်က နေရာလွတ်တွေဟာ ရက်ရှ်ဖို့ဒ်၊ဂျိမ်းစ်၊မာရှယ်တို့အတွက် တန်ပြန်တိုက်စစ်ဆင်ဖို့ အကောင်းဆုံးအခွင့်အရေးတွေ ဖြစ်ခဲ့ပါတယ်။အသင်းငယ်လေးတစ်သင်းသာဖြစ်ပေမယ့် မန်ယူနဲ့ပွဲမှာ သူတို့ဟာ ဘဝမှန်အတိုင်းမရင်ဆိုင်ခဲ့ဘူး။ဒါဟာ မန်ယူအတွက် ၂လကျော်အတွင်းမှာ ပထမဆုံးအကြိမ် တစ်ပွဲတည်း ၃ဂိုးသွင်းနိုင်ဖို့ အဓိကအကြောင်းအရာတစ်ရပ်ဖြစ်ခဲ့ပါတယ်။

(zawgyi)

ကာရိုးရုဒ္မွာ တြန္မီေနး၊ရက္ရွ္ဖို႔ဒ္၊မာရွယ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ေနာ၀ွစ္ခ်္္ကို မန္ယူ ေျခစြမ္းျပအႏိုင္ရခဲ့ပါတယ္။ဒါဟာ ဆိုးလ္ရွားရဲ႕အသင္းအတြက္ ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္အေ၀းကြင္းႏိုင္ပြဲျဖစ္ခဲ့တာပါ။ၾကားရက္ယူရိုပါလိဂ္ပြဲစဥ္အျဖစ္ ပါတီဇန္ကိုအေ၀းကြင္းမွာ ၀-၁ ဂိုးနဲ႔အႏိုင္ရထားတဲ့မန္ယူဟာ တြန္မီေနးရဲ႕ ၂၅မိနစ္သြင္းဂိုးနဲ႔ ပြဲကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒီဂိုးဟာ မန္ယူရဲ႕ပရီးမီးယားလိဂ္ ဂိုး ၂၀၀၀ ေျမာက္ျဖစ္ခဲ့ၿပီး ဒီလိုစြမ္းေဆာင္ႏိုင္တဲ့ ပထမဆံုးအသင္းအျဖစ္လည္း မွတ္တမ္း၀င္သြားခဲ့ပါတယ္။ရက္ရွ္ဖို႔ဒ္နဲ႔မာရွယ္တို႔ ပင္နယ္တီေတြလြဲခဲ့ၾကၿပီး ဒီရာသီ ပင္နယ္တီ ၄လံုးအထိလြဲတဲ့မွတ္တမ္း၀င္ခဲ့ေပမယ့္ ဒီႏိုင္ပြဲေၾကာင့္ မန္ယူဟာ အမွတ္ေပးဇယား အဆင့္-၇ေနရာကိုတက္ေရာက္သြားႏိုင္ခဲ့ပါတယ္။ သရဲနီေတြ ေနာ၀ွစ္ခ်္ကိုအႏိုင္ရတဲ့ပြဲမွာ အဓိကက်တဲ့ အခ်က္ ၃ခ်က္ကို 90 Minutes ပရိသတ္ေတြအတြက္ ေဖၚျပေပးလိုက္ပါတယ္။
၁။နက္ရိႈင္းစြာ ကြာဟလြန္းတဲ့အဆင့္အတန္း
ရာသီအဖြင့္ပြဲစဥ္မွာ လီဗာပူးကို ၄-၁ဂိုးနဲ႔ရံႈးေပမယ့္ ေနာ၀ွစ္ခ်္ရဲ႕စြမ္းေဆာင္မႈဟာ ပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ့ပါတယ္။ဒန္နီရယ္ဖာကီရဲ႕အသင္းဟာ ေနာက္ပြဲစဥ္မွာ နယူးကာဆယ္ကို ၃-၁ဂိုးနဲ႔အႏိုင္ရခဲ့တယ္။ၿပီးေတာ့ ကံမေကာင္းစြာနဲ႔ ခ်ဲလ္ဆီးကို ၃-၂ဂိုးနဲ႔ရံႈးခဲ့တယ္။ဒါေပမဲ့ အဲဒီအခ်ိန္ကစၿပီး သူတို႔ဟာ လက္ရွိခ်န္ပီယံမန္စီးတီးကိုအႏိုင္ရတဲ့ပြဲအပါအ၀င္ ရႏိုင္တဲ့ ၂၁မွတ္ထဲက ၄မွတ္သာ စုေဆာင္းႏိုင္ခဲ့တာပါ။လိဂ္ဖလားမွာ လိဂ္-၂ကလပ္ေလး ခေရာေလးေတာင္းကိုရံႈးတဲ့ပြဲအပါအ၀င္ ေျခစြမ္းေတြက်ဆင္းခဲ့ၿပီး အမွတ္ေပးဇယား အဆင့္-၁၉ေနရာကအသင္းဆိုတဲ့အေနအထားနဲ႔ မန္ယူကိုရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။သရဲနီေတြဟာ ဒီရာသီမွာပံုမွန္ေျခစြမ္းရဖို႔ ရုန္းကန္ေနရတာမွန္ေပမယ့္ ေနာ၀ွစ္ခ်္လိုအသင္းမ်ိဳးနဲ႔ယွဥ္ရင္ အဆင့္အတန္းနဲ႔ဂုဏ္ပုဒ္ခ်င္းကြာဟေနသလို အႏိုင္ရဖို႔အခြင့္အေရးမ်ားခဲ့တာပါ။မန္ယူဟာ ဒီပြဲမွာ အႏိုင္ရဖို႔အတြက္ ေကာင္းမြန္တဲ့တန္ဖိုးရွိခဲ့ပါတယ္။
၂။ရင္သပ္ရႈေမာစရာ မာရွယ္ရဲ႕ေျခစြမ္း
မျငင္းႏိုင္တဲ့အရည္အေသြးေကာင္းေတြ ပိုင္ဆိုင္ထားေပမယ့္ မန္ယူကို စတင္ေရာက္ရွိလာခ်ိန္ကတည္းက မာရွယ္ဟာ ကြဲျပားတဲ့အေျခအေနေတြနဲ႔ရင္ဆိုင္ခဲ့ရတာပါ။ႏိုင္ပြဲဆာေလာင္စိတ္မရွိဘူး၊ပရိုမပီသဘူးဆိုတဲ့ ေ၀ဖန္မႈေတြကိုလည္း ခံခဲ့ရပါတယ္။ဒါ့အျပင္ ဒဏ္ရာျပသနာေတြရဲ႕ႏွိပ္စက္မႈကိုပါခံခဲ့ရၿပီး ရာသီအစမွာ ၂လေက်ာ္ေလာက္ နားခဲ့ရပါေသးတယ္။သူမကစားႏိုင္တဲ့ကာလမွာ မန္ယူဟာ ရက္ရွ္ဖို႔ဒ္၊ဂရင္း၀ုဒ္၊ဒန္နီရယ္ဂ်ိမ္းစ္တို႔နဲ႔ တိုက္စစ္မွာ ပင္ပန္းစြာရုန္းကန္ခဲ့ရပါတယ္။မာရွယ္ ႀကံ့ခိုင္မႈျပန္လည္ျပည့္၀လာခ်ိန္မွာေတာ့ ဆိုးလ္ရွားက လိႈက္လိႈက္လွဲလွဲႀကိဳဆိုခဲ့သလို ဒီအခ်ိန္မွာမန္ယူလိုအပ္ေနတဲ့တိုက္စစ္မွဴးလို႔ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။မိုနာကိုတိုက္စစ္မွဴးေဟာင္းကလည္း သရဲနီေတြရဲ႕လိုအပ္ခ်က္ကို ေနာ၀ွစ္ခ်္နဲ႔ပြဲမွာျဖည့္ဆီးေပးရင္း သူ႔ရဲ႕အရည္အေသြးကို သက္ေသျပႏိုင္ခဲ့ပါတယ္။အသက္ ၂၃ႏွစ္အရြယ္ျပင္သစ္သားဟာ ေဘာလံုးလက္ခံရယူမႈ၊ျဖန္႔ေ၀မႈကေန ပိုဆိုင္မႈေကာင္းဖို႔အထိ နက္နက္ရိႈင္းရိႈင္းပါ၀င္ခဲ့သလို တိုက္စစ္မွာလည္းပါ၀င္စီးေမ်ာဖို႔ ႀကိဳးစားခဲ့ပါတယ္။ပြဲခ်ိန္အေစာပိုင္းမိနစ္ေတြမွာ ရက္ရွ္ဖို႔ဒ္နဲ႔အတူ အတြဲညီခဲ့ၿပီး အဂၤလန္တိုက္စစ္မွဴးအတြက္ ေကာင္းမြန္တဲ့ေပးပို႔မႈေတြလုပ္ႏိုင္ခဲ့တယ္။သူကိုယ္တိုင္လည္း ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြလုပ္ႏိုင္ခဲ့ၿပီး ေနာ၀ွစ္ခ်္ဂိုးသမားတင္ခရူ လက္စြမ္းျပကာကြယ္ခဲ့ရတာပါ။မန္ယူ ၁-၀ဂိုးနဲ႔ဦးေဆာင္ေနခ်ိန္မွာလည္း မာရွယ္ဟာ သူ႔ရဲ႕နည္းစနစ္ပိုင္းထူးခၽြန္မႈကိုျပသႏိုင္ခဲ့ၿပီး ေနာ၀ွစ္ခ်္ကစားသမားေတြကိုေက်ာ္ျဖတ္ ဒန္နီရယ္ဂ်ိမ္းစ္ကိုအေပးမွာ ပြဲရဲ႕ ပထမဆံုးပင္နယ္တီကို ျဖစ္ေပၚေစခဲ့ပါတယ္။ရက္ရွ္ဖို႔ဒ္ ပင္နယ္တီလြဲေပမယ့္ သိပ္မၾကာခင္မွာ မာရွယ္ပဲ ဂ်ိမ္းစ္ဆီျပန္လည္ေပးပို႔ႏိုင္ခဲ့တာေၾကာင့္ ဒုတိယဂိုးရခဲ့တာပါ။မာရွယ္ရဲ႕ ေကာင္းကြက္ေတြေျပာဖို႔က်န္ေနပါေသးတယ္။သူ႔ရဲ႕ပင္နယ္တီကို တင္ခရူကာကြယ္ႏိုင္ခဲ့ေပမယ့္ မန္ယူအတြက္ တတိယဂိုးကို ေထာင့္က်ဥ္းထဲကေန နယ္သာလန္ဂိုးသမားအေပၚ တည္တည္ၿငိမ္ၿငိမ္ကန္သြင္းေပးႏိုင္ခဲ့တယ္။ဆိုရရင္ ပရမ္းပတာအေျခအေနတစ္ရပ္နဲ႔ရင္ဆိုင္ေနရတဲ့ မန္ယူအတြက္ မာရွယ္ဟာ အခ်ိန္ကိုက္ျပန္လာခဲ့တာပါပဲ။
၃။မန္ယူကိုခြန္အားျဖစ္ေစခဲ့တဲ့ ေနာ၀ွစ္ခ်္ရဲ႕ကစားဟန္
ဒန္နီရယ္ဖာကီရဲ႕လက္ထက္မွာ ေနာ၀ွစ္ခ်္ဟာ တိုက္စစ္ကစားပံုေကာင္းတဲ့အသင္းတစ္သင္းလို႔ ဂုဏ္သတင္းႀကီးခဲ့ပါတယ္။အဲဒီတိုက္စစ္ကစားဟန္နဲ႔ပဲ မႏွစ္က ခ်န္ပီယံရွစ္မွာ သူတို႔ခ်န္ပီယံျဖစ္ခဲ့တယ္ဆိုတာလည္း မျငင္းႏိုင္ပါဘူး။သူတို႔ဟာ ခ်န္ပီယံရွစ္ဖလားကို သိမ္းပိုက္ႏိုင္ရံုသာမက ၉၃ဂိုးနဲ႔ ဂိုးအမ်ားဆံုးသြင္းတဲ့အသင္းျဖစ္ခဲ့သလို တိုက္စစ္မွဴးပက္ကီဟာလည္း ၂၉ဂိုးနဲ႔ေရႊဖိနပ္ဆုရွင္ျဖစ္ခဲ့တာပါ။ဒါေပမဲ့ တိုက္စစ္ဖြင့္ကစားတာေၾကာင့္ သူတို႔ရဲ႕ေပးဂိုးကလည္း ၅၇ဂိုးအထိရွိခဲ့ပါတယ္။တန္းတက္ခြင့္ရၿပီးတဲ့ေနာက္ ဖာကီဟာသူ႔ရဲ႕ကစားဟန္ကို စြန္႔လႊတ္ၿပီး ကြင္းလယ္နဲ႔ခံစစ္ကိုပိုမိုက်စ္လ်စ္ေအာင္ႀကိဳးစားလိမ့္မယ္လို႔ယူဆခဲ့ၾကေပမယ့္ လီဗာပူးကိုဂိုးျပတ္ရံႈးတဲ့အဖြင့္ပြဲမွာတင္ ေျပာင္းလဲမႈမရွိဘူးဆိုတာေတြ႔ခဲ့ၾကရပါတယ္။မန္စီးတီးကိုအႏိုင္ရတာဟာ အဲဒီကစားဟန္ရဲ႕အဆိုးထဲကအေကာင္းတစ္ရပ္ျဖစ္ခဲ့ေပမယ့္ သူတို႔ဟာ ခံစစ္ပိုင္းေပါက္ထြက္မႈေတြနဲ႔အတူ တန္းဆင္းဇုန္ထဲေရာက္တဲ့အထိျဖစ္ခဲ့ပါတယ္။ဒီေန႔ပြဲမွာလည္း ပက္ကီ၊မက္လီယန္နဲ႔လီရင့္နာတို႔ေနာက္က ေနရာလြတ္ေတြဟာ ရက္ရွ္ဖို႔ဒ္၊ဂ်ိမ္းစ္၊မာရွယ္တို႔အတြက္ တန္ျပန္တိုက္စစ္ဆင္ဖို႔ အေကာင္းဆံုးအခြင့္အေရးေတြ ျဖစ္ခဲ့ပါတယ္။အသင္းငယ္ေလးတစ္သင္းသာျဖစ္ေပမယ့္ မန္ယူနဲ႔ပြဲမွာ သူတို႔ဟာ ဘ၀မွန္အတိုင္းမရင္ဆိုင္ခဲ့ဘူး။ဒါဟာ မန္ယူအတြက္ ၂လေက်ာ္အတြင္းမွာ ပထမဆံုးအႀကိမ္ တစ္ပြဲတည္း ၃ဂိုးသြင္းႏိုင္ဖို႔ အဓိကအေၾကာင္းအရာတစ္ရပ္ျဖစ္ခဲ့ပါတယ္။