မန်ယူအသင်းခေါင်းဆောင်ဆိုတာမေ့နေပြီး ခေါင်းပန်းလှန်ဖို့ ဒိုင်ကလှမ်းခေါ်ရတဲ့မက်ဂွိုင်းယား

photo-bt sports

photo-bt sports

မန်ယူအသင်းခေါင်းဆောင်လက်ပတ်ကို ပထဆုံးအကြိမ်ဝတ်ဆင်ကစားရတာမို့ ပြီးခဲ့တဲ့ကြာသပတေးညဟာ နောက်ခံလူမက်ဂွိုင်းယားအတွက် ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်ခဲ့မှာပါ။ ဒါပေမဲ့ အသက် ၂၆ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ အသင်းခေါင်းဆောင်လက်ပတ်တာဝန်နဲ့အနည်းငယ်အသားမကျသေးပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲမစခင် ဒိုင်နဲ့အတူ နှစ်ဖက်အသင်းခေါင်းဆောင်အကြား ခေါင်းပန်းလှန်ရတဲ့ဘောလုံးအစဉ်အလာကို သူမေ့နေခဲ့ပါတယ်။

photo-bt sports

ဒါကြောင့်လည်း ခေါင်းပန်းလှန်ဖို့အတွက် ကွင်းလယ်ဒိုင်ဇာဗီယာဖာနန်ဒက်ဇ်က ကွင်းလယ်ရောက်နေတဲ့ သူ့ကို ”မက်ဂွိုင်းယား…ဟယ်ရီ”လို့ လှမ်းခေါ်ရတဲ့အထိပါပဲ။ အဲဒီအတွက်လည်း မက်ဂွိုင်းယားဟာ ပွဲပြီးတော့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ အခုလိုဆင်ခြေပေးခဲ့ပါတယ်။ ”ကွင်းလယ်စက်ဝိုင်းနားမှာ ခေါင်းပန်းလှန်တာကို နောက်ဆုံးလုပ်ခဲ့တာက အတော်ကိုကြာနေပါပြီ”လို့ မက်ဂွိုင်းယားက သူ့ရဲ့Twitter အကောင့်မှာ ရေးတင်ခဲ့တာပါ။

photo-bt sports

ကြာသပတေးည ဆားဘီးယားကလပ်ပါတီဇန်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ဟာ မက်ဂွိုင်းယားအတွက် မန်ယူအင်္ကျီနဲ့ ၁၀ ပွဲမြောက်သာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အက်ရှ်လေယန်းနဲ့ ဒုတိယအသင်းခေါင်းဆောင်ဒီဂီယာတို့မပါဝင်နိုင်တာကြောင့် မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကစားခွင့်ရခဲ့တာပါ။ သူအသင်းခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရတဲ့ပွဲမှာ မန်ယူဟာ ပေးဂိုးမရှိနဲ့ အနိုင်ရခဲ့သလို ကာလရှည်အဝေးကွင်းနိုင်ပွဲပျောက်မှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။

[Zawgyi]

မန္ယူအသင္းေခါင္းေဆာင္ဆိုတာေမ့ေနၿပီး ေခါင္းပန္းလွန္ဖုိ႔ ဒိုင္ကလွမ္းေခၚရတဲ့မက္ဂြိဳင္းယား

မန္ယူအသင္းေခါင္းေဆာင္လက္ပတ္ကို ပထဆုံးအႀကိမ္၀တ္ဆင္ကစားရတာမို႔ ၿပီးခ့ဲတဲ့ၾကာသပေတးညဟာ ေနာက္ခံလူမက္ဂြိဳင္းယားအတြက္ ဂုဏ္ယူစရာအခုိက္အတန္႔ျဖစ္ခဲ့မွာပါ။ ဒါေပမဲ့ အသက္ ၂၆ ႏွစ္အရြယ္ အဲဒီအဂၤလန္သားဟာ အသငး္ေခါင္းေဆာင္လက္ပတ္တာ၀န္နဲ႔အနည္းငယ္အသားမက်ေသးပုံရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပြဲမစခင္ ဒိုင္နဲ႔အတူ ႏွစ္ဖက္အသင္းေခါင္းေဆာင္အၾကား ေခါင္းပန္းလွန္ရတဲ့ေဘာလုံးအစဥ္အလာကို သူေမ့ေနခဲ့ပါတယ္။

ဒါေၾကာင့္လည္း ေခါင္းပန္းလွန္ဖို႔အတြက္ ကြင္းလယ္ဒိုင္ဇာဗီယာဖာနန္ဒက္ဇ္က ကြငး္လယ္ေရာက္ေနတဲ့ သူ႔ကို ”မက္ဂြိဳင္းယား…ဟယ္ရီ”လို႔ လွမ္းေခၚရတဲ့အထိပါပဲ။ အဲဒီအတြက္လည္း မက္ဂြိဳင္းယားဟာ ပြဲၿပီးေတာ့ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ အခုလိုဆင္ေျခေပးခဲ့ပါတယ္။ ”ကြငး္လယ္စက္၀ိုင္းနားမွာ ေခါင္းပန္းလွန္တာကို ေနာက္ဆုံးလုပ္ခဲ့တာက အေတာ္ကိုၾကာေနပါၿပီ”လို႔ မက္ဂြိဳင္းယားက သူ႔ရဲ႕Twitter အေကာင့္မွာ ေရးတင္ခဲ့တာပါ။

ၾကာသပေတးည ဆားဘီးယားကလပ္ပါတီဇန္နဲ႔ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္ဟာ မက္ဂြိဳင္းယားအတြက္ မန္ယူအက်ၤီနဲ႔ ၁၀ ပြဲေျမာက္သာ ျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္အက္ရွ္ေလယန္းနဲ႔ ဒုတိယအသင္းေခါင္းေဆာင္ဒီဂီယာတို႔မပါ၀င္ႏိုင္တာေၾကာင့္ မက္ဂြိဳင္းယားဟာ အသငး္ေခါင္းေဆာင္လက္ပတ္ကို ၀တ္ဆင္ကစားခြင့္ရခဲ့တာပါ။ သူအသင္းေခါင္းေဆာင္အျဖစ္ ပါ၀င္ခြင့္ရတဲ့ပြဲမွာ မန္ယူဟာ ေပးဂုိုးမရွိနဲ႔ အႏိုင္ရခဲ့သလို ကာလရွည္အေ၀းကြင္းႏုိင္ပြဲေပ်ာက္မႈကိုလည္း အဆုံးသတ္ႏိုင္ခဲ့ပါတယ္။