မန်ယူလူငယ်တွေလည်း အရည်အသွေးပြည့်ပါတယ်လို့ လမ်းပတ်တုံ့ပြန်

Photo- Internet
Photo- Internet

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က မကြာသေးခင်က မန်ယူနည်းပြ ဆိုးလ်ရှားရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်လိုက်ပြီး မန်ယူအသင်းရဲ့လူငယ်တွေဟာလည်း အရည်အသွေးပြည့်၀ ကြပါတယ်လို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနဲ့ မန်ယူတို့ဟာဒီကနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ လိဂ်ဖလား ၁၆ သင်းအဆင့်အဖြစ် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

မနေ့တုန်းက မန်ယူနည်းပြဆိုးလ်ရှားက ချဲလ်ဆီးလူငယ်တွေခြေစွမ်းပြနေတာကို ချီးကျူ းခဲ့ပြီး ချဲလ်ဆီးဟာအရင်ကအငှားချတဲ့စနစ်ကြောင့် သူတို့လူငယ်တွေဟာခြေစွမ်းပိုကောင်းလာသလို အတွေ့အကြုံလည်း ရင့်ကျက်လာကြတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo- Internet

ချဲလ်ဆီးဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့အတွက် ဗီလာမှာခြေစွမ်းပြခဲ့တဲ့ အေဘရာဟမ်၊ ဒါဘီမှာခြေစွမ်းပြခဲ့ကြတဲ့ မေဆန်မောင့်နဲ့ တိုမိုရီအစရှိတဲ့သူတွေကို ပြန်လည်ခေါ်ယူခဲ့ရပါတယ်။ သူတို့ဟာ အောင်မြင်တဲ့အငှားကစားသမားဘဝကိုပိုင်ဆိုင်ခဲ့ကြသလို ဒီရာသီချဲလ်ဆီးအတွက်လည်း အဓိကကျသူတွေဖြစ်နေတာပါ။

Photo- Internet

ဒါကြောင့်လည်း ဆိုးလ်ရှားက အတွေ့အကြုံပိုရှိတဲ့ ချဲလ်ဆီးလူငယ်တွေက မန်ယူလူငယ်တွေထက်သာနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လမ်းပတ်က”ရက်ရှ်ဖို့ဒ်ဟာ လူငယ်ကစားသမားဖြစ်ပေမယ့် အင်္ဂလန်အသင်းမှာ ဘယ်နှစ်ပွဲကစားခဲ့ရလဲဆိုတာကို သိကြမှာပါ။

Photo- Internet

တူအန်ဇီဘီ ဆိုရင်လည်း ဗီလာနဲ့အတူပြီးခဲ့တဲ့ ရာသီချန်ပီယံရှစ်မှာခြေစွမ်းပြခဲ့တာပါ။ ဒန်နီရယ်ဂျိမ်းစ်ဆိုရင်လည်း အံအားသင့်စရာကောင်းတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အတွေ့အကြုံရှိတာ မရှိတာကတစ်ပိုင်းဖြစ်ပြီး မန်ယူမှာလည်းအရည်အသွေးမြင့်တဲ့ လူငယ်တွေရှိနေပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

မန္ယူလူငယ္ေတြလည္း အရည္အေသြးျပည့္ပါတယ္လို႔ လမ္းပတ္တုံ႔ျပန္

ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က မၾကာေသးခင္က မန္ယူနည္းျပ ဆိုးလ္ရွားရဲ႕မွတ္ခ်က္ကို ျပန္လည္တုံ႔ျပန္လိုက္ၿပီး မန္ယူအသင္းရဲ႕လူငယ္ေတြဟာလည္း အရည္အေသြးျပည့္၀ ၾကပါတယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ မန္ယူတို႔ဟာဒီကေန႔ည စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ လိဂ္ဖလား ၁၆ သင္းအဆင့္အျဖစ္ ယွဥ္ၿပိဳင္ၾကရမွာျဖစ္ပါတယ္။

မေန႔တုန္းက မန္ယူနည္းျပဆိုးလ္ရွားက ခ်ဲလ္ဆီးလူငယ္ေတြေျခစြမ္းျပေနတာကို ခ်ီးက်ဴ းခဲ့ၿပီး ခ်ဲလ္ဆီးဟာအရင္ကအငွားခ်တဲ႔စနစ္ေၾကာင့္ သူတို႔လူငယ္ေတြဟာေျခစြမ္းပိုေကာင္းလာသလို အေတြ႔အႀကံဳလည္း ရင့္က်က္လာၾကတယ္လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ကစားသမားသစ္ေခၚယူခြင့္ပိတ္ပင္ခံထားရတဲ႔အတြက္ ဗီလာမွာေျခစြမ္းျပခဲ့တဲ႔ ေအဘရာဟမ္၊ ဒါဘီမွာေျခစြမ္းျပခဲ့ၾကတဲ႔ ေမဆန္ေမာင့္နဲ႔ တိုမိုရီအစရွိတဲ႔သူေတြကို ျပန္လည္ေခၚယူခဲ့ရပါတယ္။ သူတို႔ဟာ ေအာင္ျမင္တဲ႔အငွားကစားသမားဘ၀ကိုပိုင္ဆိုင္ခဲ့ၾကသလို ဒီရာသီခ်ဲလ္ဆီးအတြက္လည္း အဓိကက်သူေတြျဖစ္ေနတာပါ။

ဒါေၾကာင့္လည္း ဆိုးလ္ရွားက အေတြ႔အႀကံဳပိုရွိတဲ႔ ခ်ဲလ္ဆီးလူငယ္ေတြက မန္ယူလူငယ္ေတြထက္သာေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္႔လည္း လမ္းပတ္က”ရက္ရွ္ဖို႔ဒ္ဟာ လူငယ္ကစားသမားျဖစ္ေပမယ္႔ အဂၤလန္အသင္းမွာ ဘယ္ႏွစ္ပြဲကစားခဲ့ရလဲဆိုတာကို သိၾကမွာပါ။

တူအန္ဇီဘီ ဆိုရင္လည္း ဗီလာနဲ႔အတူၿပီးခဲ့တဲ႔ ရာသီခ်န္ပီယံရွစ္မွာေျခစြမ္းျပခဲ့တာပါ။ ဒန္နီရယ္ဂ်ိမ္းစ္ဆိုရင္လည္း အံအားသင့္စရာေကာင္းတဲ႔သူျဖစ္ပါတယ္။ ဒါေၾကာင့္ အေတြ႔အႀကံဳရွိတာ မရွိတာကတစ္ပိုင္းျဖစ္ၿပီး မန္ယူမွာလည္းအရည္အေသြးျမင့္တဲ႔ လူငယ္ေတြရွိေနပါတယ္” လို႔ေျပာသြားပါတယ္။