မန်ယူကိုသွင်းခဲ့တဲ့ချန်ပီယံလိဂ်ခေါင်းတိုက်ဂိုးကို အနှစ်သက်ဆုံးလို့ဖွင့်ဟလိုက်တဲ့ မက်ဆီ

PC ;Internet

ဘာစီလိုနာအတွက်သွင်းယူပေးခဲ့တဲ့ ဂိုးပေါင်း ၆၀၀ကျော်ထဲမှာ ၂၀၀၉ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက မန်ယူဘက်ကိုသွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးကိုအနှစ်သက်ဆုံးပဲလို့ တိုက်စစ်မှူးမက်ဆီက ရွေးချယ် ဖွင့်ဟလိုက်ပါတယ်။ရောမက အိုလံပီကိုကွင်းကြီးထဲမှာ ဂိုးသမားဗန်ဒါးဆားရဲ့အပေါ်ကနေ ဘောလုံးဂိုးထဲရောက်သွားဖို့ သူဘယ်လောက်အားထုတ်ခဲ့ရသလဲဆိုတာ TyC Sports နဲ့အင်တာဗျူးမှာ ရွှေဘောလုံး ၅ထပ်ကွမ်းရှင်က ပြောဆိုသွားပါတယ်။

PC ; Internet

ဒါ့အပြင် နည်းပြဂွါဒီယိုလာနဲ့အတူ ဘာစီလိုနာကို တစ်ရာသီအတွင်း အဓိကဆုဖလား ၃လုံး(လာလီဂါ၊ချန်ပီယံလိဂ်နဲ့ဘုရင့်ဖလား) ပထမဆုံးအကြိမ်ရရှိစေခဲ့တဲ့ အဲဒီပွဲကို ခမ်းနားကြီးကျယ်လွန်းတဲ့ပွဲလို့လည်း မက်ဆီကညွှန်းဆိုသွားခဲ့ပါတယ်။

PC ;Internet

“ ကျွန်တော်အနှစ်သက်ဆုံးဂိုးက ဆွဲဆောင်မှုရှိတာထက်ပိုပါတယ်။အရေးကြီးတဲ့ဂိုး ဖြစ်ပါတယ်။၂၀၀၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ဂိုးပါပဲ။ကျွန်တော်တို့ ဘယ်တုန်းကမှမလုပ်နိုင်ခဲ့ဖူးတဲ့ ဖလား ၃လုံးချန်ပီယံဂုဏ်ပုဒ်အတွက် အထောက်အကူဖြစ်စေခဲ့တဲ့ဂိုးပါ။ခမ်းနားကြီးကျယ်လွန်းတဲ့ပွဲမှာ ဒီဂိုးကပါဝင်ပတ်သက်နိုင်ခဲ့လို့ပါပဲ ” လို့ အာဂျင်တီးနားကြယ်ပွင့်က ဖွင့်ဟသွားပါတယ်။

PC ; Internet

ခြေသလုံးနဲ့တံကောက်ကြောဒဏ်ရာတွေဟာ မက်ဆီကို ဒီရာသီမှာအနှောင့်အယှက်ပေးခဲ့ပြီး ဘာစီလိုနာရဲ့လာလီဂါ ၉ပွဲမှာ ၃ပွဲသာ ပွဲထွက်ကစားပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်တဲ့ ဘာစီလိုနာဂန္ထဝင်တိုက်စစ်မှူးဟာ ဆီဗီလာနဲ့အီဘာကိုအနိုင်ရတဲ့ပွဲတွေမှာ ဂိုးတွေဆက်တိုက်သွင်းပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆလားဗီးယားပရပ်ကိုအနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် နောက်ဆုံး ၃ပွဲမှာ ၃ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

(zawgyi)

ဘာစီလိုနာအတြက္သြင္းယူေပးခဲ့တဲ့ ဂိုးေပါင္း ၆၀၀ေက်ာ္ထဲမွာ ၂၀၀၉ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက မန္ယူဘက္ကိုသြင္းယူခဲ့တဲ့ ေခါင္းတိုက္ဂိုးကိုအႏွစ္သက္ဆံုးပဲလို႔ တိုက္စစ္မွဴးမက္ဆီက ေရြးခ်ယ္ ဖြင့္ဟလိုက္ပါတယ္။ေရာမက အိုလံပီကိုကြင္းႀကီးထဲမွာ ဂိုးသမားဗန္ဒါးဆားရဲ႕အေပၚကေန ေဘာလံုးဂိုးထဲေရာက္သြားဖို႔ သူဘယ္ေလာက္အားထုတ္ခဲ့ရသလဲဆိုတာ TyC Sports နဲ႔အင္တာဗ်ဴးမွာ ေရႊေဘာလံုး ၅ထပ္ကြမ္းရွင္က ေျပာဆိုသြားပါတယ္။ဒါ့အျပင္ နည္းျပဂြါဒီယိုလာနဲ႔အတူ ဘာစီလိုနာကို တစ္ရာသီအတြင္း အဓိကဆုဖလား ၃လံုး(လာလီဂါ၊ခ်န္ပီယံလိဂ္နဲ႔ဘုရင့္ဖလား) ပထမဆံုးအႀကိမ္ရရွိေစခဲ့တဲ့ အဲဒီပြဲကို ခမ္းနားႀကီးက်ယ္လြန္းတဲ့ပြဲလို႔လည္း မက္ဆီကညႊန္းဆိုသြားခဲ့ပါတယ္။“ ကၽြန္ေတာ္အႏွစ္သက္ဆံုးဂိုးက ဆြဲေဆာင္မႈရွိတာထက္ပိုပါတယ္။အေရးႀကီးတဲ့ဂိုး ျဖစ္ပါတယ္။၂၀၀၉ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက ဂိုးပါပဲ။ကၽြန္ေတာ္တို႔ ဘယ္တုန္းကမွမလုပ္ႏိုင္ခဲ့ဖူးတဲ့ ဖလား ၃လံုးခ်န္ပီယံဂုဏ္ပုဒ္အတြက္ အေထာက္အကူျဖစ္ေစခဲ့တဲ့ဂိုးပါ။ခမ္းနားႀကီးက်ယ္လြန္းတဲ့ပြဲမွာ ဒီဂိုးကပါ၀င္ပတ္သက္ႏိုင္ခဲ့လို႔ပါပဲ ” လို႔ အာဂ်င္တီးနားၾကယ္ပြင့္က ဖြင့္ဟသြားပါတယ္။ ေျခသလံုးနဲ႔တံေကာက္ေၾကာဒဏ္ရာေတြဟာ မက္ဆီကို ဒီရာသီမွာအေႏွာင့္အယွက္ေပးခဲ့ၿပီး ဘာစီလိုနာရဲ႕လာလီဂါ ၉ပြဲမွာ ၃ပြဲသာ ပြဲထြက္ကစားေပးႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ႀကံ့ခိုင္မႈျပန္လည္ျပည့္၀ေနၿပီျဖစ္တဲ့ ဘာစီလိုနာဂႏၳ၀င္တိုက္စစ္မွဴးဟာ ဆီဗီလာနဲ႔အီဘာကိုအႏိုင္ရတဲ့ပြဲေတြမွာ ဂိုးေတြဆက္တိုက္သြင္းေပးႏိုင္ခဲ့ပါတယ္။ဒါ့အျပင္ ဆလားဗီးယားပရပ္ကိုအႏိုင္ရတဲ့ခ်န္ပီယံလိဂ္ပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ေနာက္ဆံုး ၃ပြဲမွာ ၃ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။