ဘောလုံးသမားဘဝကနေ အသက် ၃၅ နှစ်အရွယ်မှာ ရှဝိန်းစတိုင်ဂါ အနားယူ

Photo- Internet
Photo- Internet

ဂျာမနီလက်ရွေးစင်ဟောင်း တစ်ဦးဖြစ်တဲ့ ဘတ်စတီယန်ရှဝိန်းစတိုင်ဂါ ဟာအသက် ၃၅ နှစ်အရွယ်မှာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီလို့ သိရပါတယ်။ သူဟာ ၂၀၁၄ က ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ဂျာမနီအသင်း ရဲ့အဓိကကျတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ ကစားသမားဘဝအချိန်အများစုကို ဘိုင်ယန်မြူ းနစ်အသင်းနဲ့ ကုန်ဆုံးခဲ့ပြီး ၂၀၀၂ ကနေ ၂၀၁၅ အထိကစားခဲ့ပါတယ်။ သူဟာ ဘိုင်ယန်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဘွဲ့ ၈ ကြိမ်၊ ဂျာမန်ဖလား ၇ ကြိမ်နဲ့ ၂၀၁၃ မှာချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပြီး ပွဲပေါင်း ၅၀၀ ကစားကာ ၆၈ ဂိုးသွင်းပေးခဲ့ပါတယ်။ဂျာမနီအသင်းအတွက် ၁၂၁ ပွဲကစားပြီး ၂၄ ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

Photo- Internet

၂၀၁၅ မှာ မန်ယူကိုပြောင်းရွှေ့လာပြီး ၃၅ ပွဲကစားခဲ့တဲ့ရှဝိန်းစတိုင်ဂါဟာ မန်ယူနဲ့ ပထမဆုံးရာသီမှာဘဲ အက်ဖ်အေဖလားကိုရရှိခဲ့ပါသေးတယ်။ ၂၀၁၇ မှာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယား အသင်းကိုပြောင်းသွားတဲ့ ရှဝိန်းဟာ သူ့လက်ရှိအသင်းနဲ့ MLS play-offs အဆင့်ကိုလွဲချော်ခဲ့ပြီးနောက် ချက်ခြင်းဆိုသလိုဘဲ ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း သူ့ရဲ့လူမှုစာမျက်နှာ်ထက်ကနေ အတည်ပြုသွားတာဖြစ်ပါတယ်။

Photo- Internet

ရှဝိန်းစတိုင်ဂါက ကစားသမားဘဝနေအနား ယူလိုက်မှုဟာ အတိတ်ကိုပြန်လည်တမ်းတမှုကနေရှောင်လွှဲနိုင်မှာ မဟုတ်ပေမယ့် သူ့ကိုစောင့်ကြိုနေတဲ့ စိန်ခေါ်မှုအသစ်ကိုရင်ဆိုင်ဖို့တော့ အဆင်သင့်ရှိနေမှာပါလို့ ဖော်ပြသွားပါတယ်။ ဘိုင်ယန်မြူ းနစ်အသင်းကလည်း ရှဝိန်းစတိုင်ဂါကို နှုတ်ဆက်ခဲ့ပြီး သူ့ရဲ့ငယ်ရွယ်စဉ်ပွဲထွက်ကစားတဲ့အချိန်၊ အံအားသင့်ဖွယ်ရာဂိုးတွေနဲ့ မရေမတွက်နိုင်တဲ့ အောင်ပွဲခံမှု တွေကိုအမြဲတမ်း သတိရနေမှာပါ လို့ ထုတ်ပြန်သွားပါတယ်။

Photo- Internet

သူဟာ ချီကာဂိုဖိုင်းယားအသင်းအတွက် ၉၂ ပွဲကစားပြီး ၈ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဆုဖလားတွေရရှိအောင်တော့စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူ။ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘဝနောက်ဆုံး ပွဲစဉ်ဟာ တနင်္ဂနွေနေ့ တုန်းက ချီကာဂိုဖိုင်းယားနဲ့အတူ အော်လန်ဒိုစီးတီးကို ၅-၂ နဲ့ အဝေးကွင်းအနိုင်ရခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

Photo- Internet

Zawgyi

ေဘာလုံးသမားဘ၀ကေန အသက္ ၃၅ ႏွစ္အရြယ္မွာ ရွ၀ိန္းစတိုင္ဂါ အနားယူ

ဂ်ာမနီလက္ေရြးစင္ေဟာင္း တစ္ဦးျဖစ္တဲ႔ ဘတ္စတီယန္ရွ၀ိန္းစတိုင္ဂါ ဟာအသက္ ၃၅ ႏွစ္အရြယ္မွာ ေဘာလုံးသမားဘ၀ကေန အနားယူလိုက္ၿပီလို႔ သိရပါတယ္။ သူဟာ ၂၀၁၄ က ကမၻာ႔ဖလားဆြတ္ခူးခဲ့တဲ႔ ဂ်ာမနီအသင္း ရဲ႕အဓိကက်တဲ႔ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

သူဟာ ကစားသမားဘ၀အခ်ိန္အမ်ားစုကို ဘိုင္ယန္ျမဴ းနစ္အသင္းနဲ႔ ကုန္ဆုံးခဲ့ၿပီး ၂၀၀၂ ကေန ၂၀၁၅ အထိကစားခဲ့ပါတယ္။ သူဟာ ဘိုင္ယန္နဲ႔အတူ ဘြန္ဒက္စ္လီဂါခ်န္ပီယံဘြဲ႔ ၈ ႀကိမ္၊ ဂ်ာမန္ဖလား ၇ ႀကိမ္နဲ႔ ၂၀၁၃ မွာခ်န္ပီယံလိဂ္ဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့သူလည္း ျဖစ္ၿပီး ပြဲေပါင္း ၅၀၀ ကစားကာ ၆၈ ဂိုးသြင္းေပးခဲ့ပါတယ္။ဂ်ာမနီအသင္းအတြက္ ၁၂၁ ပြဲကစားၿပီး ၂၄ ဂိုးသြင္းယူေပးခဲ့သူလည္း ျဖစ္ပါတယ္။

၂၀၁၅ မွာ မန္ယူကိုေျပာင္းေရႊ႕လာၿပီး ၃၅ ပြဲကစားခဲ့တဲ႔ရွ၀ိန္းစတုိင္ဂါဟာ မန္ယူနဲ႔ ပထမဆုံးရာသီမွာဘဲ အက္ဖ္ေအဖလားကိုရရွိခဲ့ပါေသးတယ္။ ၂၀၁၇ မွာ ေမဂ်ာလိဂ္ကလပ္ ခ်ီကာဂိုဖိုင္းယား အသင္းကိုေျပာင္းသြားတဲ႔ ရွ၀ိန္းဟာ သူ႔လက္ရွိအသင္းနဲ႔ MLS play-offs အဆင့္ကိုလြဲေခ်ာ္ခဲ့ၿပီးေနာက္ ခ်က္ျခင္းဆိုသလိုဘဲ ကစားသမားဘ၀ကေန အနားယူလိုက္ၿပီျဖစ္ေၾကာင္း သူ႔ရဲ႕လူမႈစာမ်က္ႏွာ္ထက္ကေန အတည္ျပဳသြားတာျဖစ္ပါတယ္။

ရွ၀ိန္းစတိုင္ဂါက ကစားသမားဘ၀ေနအနား ယူလိုက္မႈဟာ အတိတ္ကိုျပန္လည္တမ္းတမႈကေနေရွာင္လႊဲႏိုင္မွာ မဟုတ္ေပမယ္႔ သူ႔ကိုေစာင့္ႀကိဳေနတဲ႔ စိန္ေခၚမႈအသစ္ကိုရင္ဆိုင္ဖို႔ေတာ႔ အဆင္သင့္ရွိေနမွာပါလို႔ ေဖာ္ျပသြားပါတယ္။ ဘိုင္ယန္ျမဴ းနစ္အသင္းကလည္း ရွ၀ိန္းစတိုင္ဂါကို ႏႈတ္ဆက္ခဲ့ၿပီး သူ႔ရဲ႕ငယ္ရြယ္စဥ္ပြဲထြက္ကစားတဲ႔အခ်ိန္၊ အံအားသင့္ဖြယ္ရာဂိုးေတြနဲ႔ မေရမတြက္ႏိုင္တဲ႔ ေအာင္ပြဲခံမႈ ေတြကိုအၿမဲတမ္း သတိရေနမွာပါ လို႔ ထုတ္ျပန္သြားပါတယ္။

သူဟာ ခ်ီကာဂိုဖိုင္းယားအသင္းအတြက္ ၉၂ ပြဲကစားၿပီး ၈ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ္႔ ဆုဖလားေတြရရွိေအာင္ေတာ႔စြမ္းေဆာင္ေပးႏိုင္ခဲ့ျခင္း မရွိပါဘူ။ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ဘ၀ေနာက္ဆုံး ပြဲစဥ္ဟာ တနဂၤေႏြေန႔ တုန္းက ခ်ီကာဂိုဖိုင္းယားနဲ႔အတူ ေအာ္လန္ဒိုစီးတီးကို ၅-၂ နဲ႔ အေ၀းကြင္းအႏိုင္ရခဲ့တဲ႔ ပြဲစဥ္ျဖစ္ပါတယ္။