ဘောလုံးနဲ့ ကျော်ဖြတ်နိုင်မှုမှာ တွန်မီနေးက ဆာလာနဲ့ မာနေးတို့ထက်ပိုများ

Photo- Internet
Photo- Internet

မန်ယူကစားသမား တွန်မီနေးဟာ ကွင်းလယ်လူဖြစ်ပေမယ့် ဒီရာသီပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကိုဘောလုံးနဲ့ အတူ လှည့်စားကျော်ဖြတ်နိုင်မှု အများဆုံးကစားသမားအဖြစ် ၁၅ ကြိမ်နဲ့ရပ်တည်နေတယ်လို့ သိရပါတယ်။ စကော့တလန်လက်ရွေးစင်ဖြစ်တဲ့ တွန်မီနေးဟာ မန်ယူရဲ့အဓိက ကစားသမားအဖြစ်လည်း ရပ်တည်နေသူပါ။

အသက် ၂၂ နှစ်သာရှိသေးတဲ့ တွန်မီနေးဟာ ဒီရာသီမန်ယူရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းပါဝင်ကစားရသူလည်းဖြစ်ပါတယ်။ သူဟာ ကွင်းလယ်မှာ မလိုအပ်တဲ့ ကစားဟန်အချို့ကြောင့် ဝေဖန်မှုတွေခံခဲ့ရပေမယ့် မန်ယူနည်းပြ ဆိုးလ်ရှားက သူ့ကိုဆက်လက်ယုံကြည်မှုနဲ့အတူ အရေးပါတဲ့သူအဖြစ် ရပ်တည်လာတာဖြစ်ပါတယ်။

Photo- Internet

မကြာသေးခင် နော်ဝစ်ချ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း တွန်မီနေးဟာ အဖွင့်ဂိုးသွင်းယူခဲ့သေးတာပါ။ ဒီဂိုးဟာ ဒီရာသီမှာသူ့အတွက် ဒုတိယမြောက်ဂိုးလည်းဖြစ်ပါတယ်။ Statman Dave ဆိုတဲ့ ဘောလုံးနဲ့ပတ်သက်တဲ့မှတ်တမ်း မှတ်ရာတွေကိုဖော်ပြနေတဲ့ အဖွဲ့က သူတို့ရဲ့တွစ်တာနေ တစ်ဦးချင်းကျော်ဖြတ်မှုမှတ်တမ်းကို အခြားလိဂ်တွေနဲ့နှိုင်းယှဉ်ဖော်ပြခဲ့ရာမှာ တွန်မီနေးက ၁၅ ကြိမ်နဲ့အများဆုံးဖြစ်ခဲ့ပါတယ်။

Photo- Internet

အခုဖော်ပြမှုမှာ လီဗာပူးကအီဂျစ်တိုက်စစ်မှူ း ဆာလာက ၁၄ ကြိမ်၊ ဘိုင်ယန်မြူ းနစ်က ဂျာမနီတိုက်စစ်မှူ း ဆာဂျီဂနာဘရီက ၁၄ ကြိမ်၊ လီဗာပူးက ဆီနီဂေါတိုက်စစ်မှူ း မာနေးက ၁၃ ကြိမ်၊ လေဗာကူဆင်က ဂျမေကာတောင်ပံကစားသမား လီယွန်ဘိုင်လေက ၁၂ ကြိမ်၊ လာဇီယိုက ဆားဘီယားကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်က ၁၁ ကြိမ်၊ မန်စီးတီးက အယ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်က ၁၀ ကြိမ်နဲ့ထိပ်ဆုံး ၆ ဦးအဖြစ် ရပ်တည်နေပါတယ်။

Photo- Internet

လက်ရှိသူ့ခြေစွမ်းကို နည်းပြဆိုးလ်ရှားကရော မန်ယူပရိသတ်တွေကပါ ကျေနပ်နေကြပြီး သူ့ရဲ့ပေါက်ကွဲတဲ့ ကစားဟန်နဲ့ ပြိုင်ဘက်ကိုရင်ဆိုင်နိုင်တဲ့ စွမ်းရည်တွေကြောင့် မန်ယူရဲ့အနာဂတ်အသင်းခေါင်းဆောင်လို့ သတ်မှတ်ခံနေရကြောင်း သိရှိရပါတယ်။

Photo- Internet

Zawgyi

ေဘာလုံးနဲ႔ ေက်ာ္ျဖတ္ႏိုင္မႈမွာ တြန္မီေနးက ဆာလာနဲ႔ မာေနးတို႔ထက္ပိုမ်ား

မန္ယူကစားသမား တြန္မီေနးဟာ ကြင္းလယ္လူျဖစ္ေပမယ္႔ ဒီရာသီပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္ကိုေဘာလုံးနဲ႔ အတူ လွည့္စားေက်ာ္ျဖတ္ႏိုင္မႈ အမ်ားဆုံးကစားသမားအျဖစ္ ၁၅ ႀကိမ္နဲ႔ရပ္တည္ေနတယ္လို႔ သိရပါတယ္။ စေကာ႔တလန္လက္ေရြးစင္ျဖစ္တဲ႔ တြန္မီေနးဟာ မန္ယူရဲ႕အဓိက ကစားသမားအျဖစ္လည္း ရပ္တည္ေနသူပါ။

အသက္ ၂၂ ႏွစ္သာရွိေသးတဲ႔ တြန္မီေနးဟာ ဒီရာသီမန္ယူရဲ႕ ပရီးမီးယားလိဂ္ပြဲတိုင္းပါ၀င္ကစားရသူလည္းျဖစ္ပါတယ္။ သူဟာ ကြင္းလယ္မွာ မလိုအပ္တဲ႔ ကစားဟန္အခ်ဳိ႕ေၾကာင့္ ေ၀ဖန္မႈေတြခံခဲ့ရေပမယ္႔ မန္ယူနည္းျပ ဆိုးလ္ရွားက သူ႔ကိုဆက္လက္ယုံၾကည္မႈနဲ႔အတူ အေရးပါတဲ႔သူအျဖစ္ ရပ္တည္လာတာျဖစ္ပါတယ္။

မၾကာေသးခင္ ေနာ္၀စ္ခ်္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲစဥ္မွာလည္း တြန္မီေနးဟာ အဖြင့္ဂိုးသြင္းယူခဲ့ေသးတာပါ။ ဒီဂိုးဟာ ဒီရာသီမွာသူ႔အတြက္ ဒုတိယေျမာက္ဂိုးလည္းျဖစ္ပါတယ္။ Statman Dave ဆိုတဲ႔ ေဘာလုံးန႔ဲပတ္သက္တဲ႔မွတ္တမ္း မွတ္ရာေတြကိုေဖာ္ျပေနတဲ႔ အဖြဲ႔က သူတို႔ရဲ႕တြစ္တာေန တစ္ဦးခ်င္းေက်ာ္ျဖတ္မႈမွတ္တမ္းကိုအျခားလိဂ္ေတြနဲ႔ႏႈိင္းယွဥ္ေဖာ္ျပခဲ့ရာမွာ တြန္မီေနးက ၁၅ ႀကိမ္နဲ႔အမ်ားဆုံးျဖစ္ခဲ့ပါတယ္။

အခုေဖာ္ျပမႈမွာ လီဗာပူးကအီဂ်စ္တိုက္စစ္မွဴ း ဆာလာက ၁၄ ႀကိမ္၊ ဘိုင္ယန္ျမဴ းနစ္က ဂ်ာမနီတိုက္စစ္မွဴ း ဆာဂ်ီဂနာဘရီက ၁၄ ႀကိမ္၊ လီဗာပူးက ဆီနီေဂါတိုက္စစ္မွဴ း မာေနးက ၁၃ ႀကိမ္၊ ေလဗာကူဆင္က ဂ်ေမကာေတာင္ပံကစားသမား လီယြန္ဘိုင္ေလက ၁၂ ႀကိမ္၊ လာဇီယိုက ဆားဘီယားကြင္းလယ္လူ မီလင္ကိုဗစ္ဆာဗစ္က ၁၁ ႀကိမ္၊ မန္စီးတီးက အယ္ဂ်ီးရီးယားေတာင္ပံကစားသမား မာရက္ဇ္က ၁၀ ႀကိမ္နဲ႔ထိပ္ဆုံး ၆ ဦးအျဖစ္ ရပ္တည္ေနပါတယ္။

လက္ရွိသူ႔ေျခစြမ္းကို နည္းျပဆိုးလ္ရွားကေရာ မန္ယူပရိသတ္ေတြကပါ ေက်နပ္ေနၾကၿပီး သူ႔ရဲ႕ေပါက္ကြဲတဲ႔ ကစားဟန္နဲ႔ ၿပိဳင္ဘက္ကိုရင္ဆိုင္ႏိုင္တဲ႔ စြမ္းရည္ေတြေၾကာင့္ မန္ယူရဲ႕အနာဂတ္အသင္းေခါင္းေဆာင္လို႔ သတ္မွတ္ခံေနရေၾကာင္း သိရွိရပါတယ္။