ဘာစီလိုနာမှာ နေမာပြန်လာမှာကို အလိုမရှိသူတွေ ရှိနေတယ်လို့ မက်ဆီ ထုတ်ဖော်

Photo Credit

Photo Credit ; AFP / Getty Images

ဘာစီလိုနာကြယ်ပွင့် လီယိုနယ်မက်ဆီက ပီအက်စ်ဂျီတိုက်စစ်မှုူးနေမာ အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ကိစ္စကရှုပ်ထွေးပြီး ဘာစီလိုနာမှာရှိတဲ့ တချို့တချို့တွေက သူပြန်လာမှာကို မလိုလားကြဘူးလို့ ဆိုပါတယ်။

Photo Credit

နေမာဟာ ဘာစီလိုနာအသင်းကနေ လီဂူးဝမ်းချန်ပီယံအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ၂ နှစ်အကြာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတုန်းကတော့ နူးကမ့်မြေကို ပြန်လာနိုင်ဖို့ အစွမ်းကုန် အားထုတ်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit ; Getty Images

ပီအက်စ်ဂျီအသင်းနဲ့ ဘာစီလိုနာတို့ရဲ့ ၂ သင်းကြားဆက်ဆံရေးကတော့ တင်းမာလျက်ရှိပြီး နေမာရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းရာမှာ မကျေလည်မှုတွေရှိခဲ့တာကြောင့် အဆိုပါဘရာဇီးကြယ်ပွင့်ကတော့ ပြင်သစ်မြေမှာပဲ ဆက်လက်သောင်တင်နေခဲ့တာပါ။

Photo Credit

ယခင်က နေမာ၊ မက်ဆီနဲ့ဆွာရက်ဇ်တို့ရဲ့ တိုက်စစ် ၃ ယောက်အတွဲက အကောင်းဆုံးဖြစ်ခဲ့ပြီး မက်ဆီနဲ့ဆွာရက်ဇ်တို့ကတော့ အသင်းမှာဆက်ရှိနေခဲ့ကာ လက်ရှိမှာတော့ နေမာက ဘာကာနဲ့ ပြန်လည်ပူးပေါင်းဖြစ်မဖြစ်က မသေချာဘူးလို့ မက်ဆီကပြောပါတယ်။

Photo Credit

မက်ဆီက “ဆွာရက်ဇ်အပါအဝင် ကျွန်တော်တို့ ၃ ယောက်သား Group Chat မှာမကြာခဏစကားပြောဖြစ်ပါတယ်၊ နေမာပြန်လာဖို့ကိစ္စက ရှုပ်ထွေးပါတယ်၊ ပထမဆုံးပီအက်စ်ဂျီကနေ သူထွက်ခွာလာဖို့ကခက်ခဲပါတယ်၊ ဒုတိယအချက်က သူဘာလို့ အသင်းကထွက်ခွာသွားခဲ့ရတာလဲပေါ့”

Photo Credit ; Getty Images

”အသင်းကလူတွေနဲ့ ပရိသတ်တွေက သူပြန်လာမှာကိုမလိုလားကြပါဘူး၊ ဒါကအားကစားကဏ္ဍကအကြောင်းပြချက်တစ်ခုပေါ့၊ နေမာက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပေမယ့် ကျွန်တော်တို့ အခြားသောအချက်အလက်တွေကိုလည်း နားလည်ပေးရဦးမှာပါ“လို့ ပြောပါတယ်။

Photo Credit

မက်ဆီဟာ ဒီအပတ်ထဲမှာဥရောပရွှေဖိနပ်ဆုကို ၆ ကြိမ်မြောက် ဆွတ်ခူးရယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်က အသင်းကနေထွက်ခွာလိုတယ်လို့လည်း အသင်းကိုသတိပေးပြောဆိုထားတာပါ။

Photo Credit

မက်ဆီက “ကျွန်တော့်ကိုစာချုပ်နဲ့ ချုပ်နှောင်ထားတာမျိုးမလိုချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဘယ်ဟာက ကျွန်တော့်ကိုပျော်ရွှင်စေနိုင်မလဲဆိုတာမသိသေးလို့ပါ၊ ကျွန်တော် မပျော်ရွှင်ဘူးဆိုရင် စာချုပ်သက်တမ်းဆက်ရှိနေလို့ ဆိုပြီးမနေချင်လို့ပါ”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ဘာစီလုိနာမွာ ေနမာျပန္လာမွာကို အလုိမရိွသူေတြ ရွိေနတယ္လုိ႔ မက္ဆီ ထုတ္ေဖာ္

ဘာစီလိုနာၾကယ္ပြင့္ လီယိုနယ္မက္ဆီက ပီအက္စ္ဂ်ီတိုက္စစ္မွဳဴးေနမာ အသင္းေဟာင္းနဲ႔ ျပန္လည္ပူးေပါင္းဖို႔ ကိစၥကရႈပ္ေထြးၿပီး ဘာစီလုိနာမွာရွိတဲ့ တခ်ဳိ႕တခ်ိဳ႕ေတြက သူျပန္လာမွာကို မလုိလားၾကဘူးလို႔ ဆိုပါတယ္။
ေနမာဟာ ဘာစီလိုနာအသင္းကေန လီဂူးဝမ္းခ်န္ပီယံအသင္းကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂ သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့ၿပီး ၂ ႏွစ္အၾကာ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ကာလတုန္းကေတာ့ ႏူးကမ့္ေျမကို ျပန္လာႏိုင္ဖုိ႔ အစြမ္းကုန္ အားထုတ္ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းနဲ႔ ဘာစီလိုနာတို႔ရဲ႕ ၂ သင္းၾကားဆက္ဆံေရးကေတာ့ တင္းမာလ်က္ရွိၿပီး ေနမာရဲ႕အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးညွိႏိႈင္းရာမွာ မေက်လည္မႈေတြရွိခဲ့တာေၾကာင့္ အဆိုပါဘရာဇီးၾကယ္ပြင့္ကေတာ့ ျပင္သစ္ေျမမွာပဲ ဆက္လက္ေသာင္တင္ေနခဲ့တာပါ။
ယခင္က ေနမာ၊ မက္ဆီနဲ႔ဆြာရက္ဇ္တို႔ရဲ႕ တိုက္စစ္ ၃ ေယာက္အတြဲက အေကာင္းဆံုးျဖစ္ခ့ဲၿပီး မက္ဆီနဲ႔ဆြာရက္ဇ္တို႔ကေတာ့ အသင္းမွာဆက္ရွိေနခဲ့ကာ လက္ရွိမွာေတာ့ ေနမာက ဘာကာနဲ႔ ျပန္လည္ပူးေပါင္းျဖစ္မျဖစ္က မေသခ်ာဘူးလို႔ မက္ဆီကေျပာပါတယ္။
မက္ဆီက “ဆြာရက္ဇ္အပါအဝင္ ကၽြန္ေတာ္တို႔ ၃ ေယာက္သား Group Chat မွာမၾကာခဏစကားေျပာျဖစ္ပါတယ္၊ ေနမာျပန္လာဖို႔ကိစၥက ရႈပ္ေထြးပါတယ္၊ ပထမဆံုးပီအက္စ္ဂ်ီကေန သူထြက္ခြာလာဖုိ႔ကခက္ခဲပါတယ္၊ ဒုတိယအခ်က္က သူဘာလို႔ အသင္းကထြက္ခြာသြားခဲ့ရတာလဲေပါ့”
”အသင္းကလူေတြနဲ႔ ပရိသတ္ေတြက သူျပန္လာမွာကိုမလိုလားၾကပါဘူး၊ ဒါကအားကစားက႑ကအေၾကာင္းျပခ်က္တစ္ခုေပါ့၊ ေနမာက ကမၻာ့အေကာင္းဆံုးကစားသမားတစ္ဦးျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔ အျခားေသာအခ်က္အလက္ေတြကိုလည္း နားလည္ေပးရဦးမွာပါ“လို႔ ေျပာပါတယ္။
မက္ဆီဟာ ဒီအပတ္ထဲမွာဥေရာပေရႊဖိနပ္ဆုကို ၆ ႀကိမ္ေျမာက္ ဆြတ္ခူးရယူထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ မၾကာေသးခင္က အသင္းကေနထြက္ခြာလိုတယ္လို႔လည္း အသင္းကိုသတိေပးေျပာဆိုထားတာပါ။
မက္ဆီက “ကၽြန္ေတာ့္ကိုစာခ်ဳပ္နဲ႔ ခ်ဳပ္ေႏွာင္ထားတာမ်ိဳးမလိုခ်င္ပါဘူး၊ ဘာလို႔လဲဆိုေတာ့ ဘယ္ဟာက ကၽြန္ေတာ့္ကိုေပ်ာ္ရႊင္ေစႏိုင္မလဲဆိုတာမသိေသးလို႔ပါ၊ ကၽြန္ေတာ္ မေပ်ာ္ရႊင္ဘူးဆိုရင္ စာခ်ဳပ္သက္တမ္းဆက္ရွိေနလို႔ ဆိုၿပီးမေနခ်င္လို႔ပါ”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။