ဗန်ဒစ်ဂျ်ကို ကျော်ဖြတ်ဖို့ အရမ်းခက်တာ ဘာကြောင့်ဆိုတာ ရှင်းပြလိုက်တဲ့မက်ဆီ
photo-gettyimages
photo-gettyimages
လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ကို ကျော်ဖြတ်ရ အရမ်းခက်ခဲတာ ဘာကြောင့်ဆိုတာကို ဘာစီလိုနာကြယ်ပွင့်မက်ဆီက အင်တာဗျူးတစ်ခုမှာ ဖွင့်ဟလိုက်ပါတယ်။ ဗန်ဒစ်ဂျ်နဲ့မက်ဆီတို့ဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးမှာ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ မက်ဆီဟာ နူးကမ့်က ပထမအကျော့တွေ့ဆုံမှုမှာ ဗန်ဒစ်ဂျ်ကို အသာရခဲ့ပြီး ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ သူကိုယ်တိုင်လည်း ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
photo-AP
ဒါပေမဲ့ လီဗာပူးမှာသွားကစားခဲ့တဲ့ ဒုတိယအကျော့မှာတော့ ဗန်ဒစ်ဂျ်ဟာ မက်ဆီအပြင် သူ့အသင်းဖော်တွေအားလုံးကို တိတ်ဆိတ်နိုင်စေခဲ့ပြီး ၄ ဂိုးပြတ်အနိုင်နဲ့ မယုံနိုင်ဖွယ်ပြန်လည်ရုန်းထနိုင်ခဲ့ကာ နှစ်ကျော့ပေါင်း ၄-၃ ရလဒ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့ပါတယ်။ မက်ဆီနဲ့ဗန်ဒစ်ဂျ်တို့ဟာ ယူအီးအက်ဖ်အေအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးစာရင်းဝင်ခဲ့ကြပြီး အဲဒီတုန်းက ဗန်ဒစ်ဂျ်က မက်ဆီကိုကျော်ပြီး ဆုရသွားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံး The Best ဆုမှာတော့ မက်ဆီက ဗန်ဒစ်ဂျ်ကိုကျော်ဖြတ်ပြီး ဆုရခဲ့ပါတယ်။
photo-gettyimages
”ဗန်ဒစ်ဂျ်ဟာ ဖျက်ထုတ်မှုလုပ်ဖို့ အချိန်ကောင်း ဘယ်လိုစောင့်ရမယ်၊ဘယ်လိုချိန်ဆရမယ်ဆိုတာကိုသိတဲ့ နောက်ခံလူတစ်ယောက်ပါ။ သူဟာ လူကောင်ကြီးသလို အရမ်းလျင်မြန်ပါတယ်။ သူ့မှာ အရပ်အမောင်းနဲ့လိုက်တဲ့ ပေါ့ပါးဖျတ်လတ်မှုလည်း အများကြီးရှိပါတယ်။ ခြေလှမ်းကျဲကြီးနဲ့ဆိုတော့ သူက လျင်မြန်ပါတယ်။ သူက ဂိုးတွေအများကြီးသွင်းခဲ့လို့လည်း ခံစစ်မှာရော တိုက်စစ်မှာပါ အထင်ကြီးစရာပါ”လို့ မက်ဆီက မာကာသတင်းစာနဲ့အင်တာဗျူးမှာ ဗန်ဒစ်ဂျ်နဲ့ပတ်သက်ပြီး ပြောခဲ့တာပါ။
[Zawgyi]
ဗန်ဒစ်ဂ်ျကို ကျော်ဖြတ်ဖို့ အရမ်းခက်တာ ဘာကြောင့်ဆိုတာ ရှင်းပြလိုက်တဲ့မက်ဆီ
လီဗာပူးနောက်ခံလူဗန်ဒစ်ဂ်ျကို ကျော်ဖြတ်ရ အရမ်းခက်ခဲတာ ဘာကြောင့်ဆိုတာကို ဘာစီလိုနာကြယ်ပွင့်မက်ဆီက အင်တာဗျူးတစ်ခုမှာ ဖွင့်ဟလိုက်ပါတယ်။ ဗန်ဒစ်ဂ်ျနဲ့မက်ဆီတို့ဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးမှာ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ မက်ဆီဟာ နူးကမ့်က ပထမအကျော့တွေ့ဆုံမှုမှာ ဗန်ဒစ်ဂ်ျကို အသာရခဲ့ပြီး ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ သူကိုယ်တိုင်လည်း ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးမှာသွားကစားခဲ့တဲ့ ဒုတိယအကျော့မှာတော့ ဗန်ဒစ်ဂ်ျဟာ မက်ဆီအပြင် သူ့အသင်းဖော်တွေအားလုံးကို တိတ်ဆိတ်နိုင်စေခဲ့ပြီး ၄ ဂိုးပြတ်အနိုင်နဲ့ မယုံနိုင်ဖွယ်ပြန်လည်ရုန်းထနိုင်ခဲ့ကာ နှစ်ကျော့ပေါင်း ၄-၃ ရလဒ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့ပါတယ်။ မက်ဆီနဲ့ဗန်ဒစ်ဂ်ျတို့ဟာ ယူအီးအက်ဖ်အေအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးစာရင်းဝင်ခဲ့ကြပြီး အဲဒီတုန်းက ဗန်ဒစ်ဂ်ျက မက်ဆီကိုကျော်ပြီး ဆုရသွားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံး The Best ဆုမှာတော့ မက်ဆီက ဗန်ဒစ်ဂ်ျကိုကျော်ဖြတ်ပြီး ဆုရခဲ့ပါတယ်။