ဖာဂူဆန်လက်အောက်မှာဆို ဘယ်သူမဆိုဖလားတွေရမှာလို့ နဗီးလ်ကိုထိုးနှက်လိုက်တဲ့ကာရေဂါ

photo-daily mail

photo-gettyimages

ဂန္ထဝင်မန်ယူနည်းပြဆာအဲလက်စ်လက်အောက်မှာဆိုရင် ဘယ်သူမဆိုအောင်မြင်နိုင်တယ်လို့ ဆိုလိုက်ခြင်းအားဖြင့် လီဗာပူးနောက်ခံလူဟောင်းကာရေဂါဟာ မန်ယူနောက်ခံလူဟောင်းဂယ်ရီနဗီးလ်ကို ထိုးနှက်မှုပြုလုပ်လိုက်ပါတယ်။ နဗီးလ်ဟာ ဖာဂူဆန်လက်အောက်မှာ ဆုဖလားအောင်မြင်မှုတွေအဖြစ် ပရီးမီးယားလိဂ် ၈ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်နဲ့ အက်ဖ်အေဖလား ၃ ကြိမ်တို့ရရှိခဲ့တာပါ။ ဖာဂူဆန်ဟာ မန်ယူနည်းပြဘ၀ ၂၆ နှစ်ကျော်ကာလအတွင်းမှာ ဆုဖလားပေါင်း ၃၈ ခုရရှိခဲ့တာဖြစ်လို့ နဗီးလ်ရခဲ့တဲ့ဆုဖလားအောင်မြင်မှုတွေဟာ ဖာဂူဆန်ကြောင့်လို့ ကာရေဂါက ယုံကြည်နေတာပါ။

photo-the sun

”ကျွန်တော် သူ့ကို မကြိုက်ပါဘူး။ ဒါပေမဲ့ သူဟာ အနိုင်ရသူတစ်ယောက်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ နဗီးလ်ဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဖာဂူဆန်လက်အောက်မှာ ကစားရတာ အရမ်းကံကောင်းပါတယ်။ ဒါပေမဲ့ မန်ယူမှာရှိတဲ့သူတွေအားလုံးမေ့နေကြတာက သူတို့ဟာ ဖာဂူဆန်မရှိရင် ဘာမှရမှာ မဟုတ်ဘူးဆိုတာပါပဲ။ ဖာဂူဆန်ထွက်ခွာသွားချိန်က မန်ယူလဲပြိုသွားတာကို မှတ်မိကြသေးတယ် မဟုတ်လား။ ဖာဂူဆန်နဲ့အတူရှိခဲ့တာ သူတို့ဘယ်လောက်ကံကောင်းလိုက်သလဲ။ ဒါကြောင့် သူတို့ဘာတွေအောင်မြင်ခဲ့တယ်၊ သူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြောတော့ ဘယ်သူမဆိုလုပ်နိုင်တာပဲလေ”လို့ ကာရေဂါက Sky Sports ရုပ်သံအစီအစဉ်တစ်ခုမှာ နဗီးလ်အကြောင်း ပြောခဲ့တာပါ။

photo-gettyimages

ကာရေဂါရဲ့ဒီလိုထိုးနှက်မှုကို နဗီးလ်က ပြန်လည်တုံ့ပြန်ရာမှာ”ဒီအံ့သြလောက်စရာ နှစ် ၂၀ ကာလကို ကျွန်တော်စားမြုံပြန်လို့ရနိုင်ပါတယ်။ ဒီအဓိပ္ပါယ်မရှိတဲ့စကားအတွက် ကျွန်တော်ဖြေစရာမလိုပါဘူး”လို့ ပြောခဲ့ပါတယ်။ ကာရေဂါဟာလည်း အန်ဖီးလ်ကစားသမားဘဝမှာ ချန်ပီယံလိဂ်၊ယူအီးအဖ်အေဖလား(ယခုယူရိုပါလိဂ်)နဲ့ အက်ဖ်အေဖလားအောင်မြင်မှုတွေ ရခဲ့တာပါ။ ဒါပေမဲ့ ဖာဂူဆန်ခေတ် ခါးသီးပြိုင်ဘက်မန်ယူရဲ့ကြီးစိုးမှုကြောင့် သူ့ခေတ်က လီဗာပူးဟာ မှေးမှိန်ခဲ့ရပါတယ်။ အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး လီဗာပူးက အင်အားကြီးပြန်ဖြစ်လို့ နေပါတယ်။

[Zawgyi]

ဖာဂူဆန္လက္ေအာက္မွာဆို ဘယ္သူမဆုိဖလားေတြရမွာလို႔ နဗီးလ္ကိုထိုးႏွက္လုိက္တဲ့ကာေရဂါ

ဂႏၳ၀င္မန္ယူနည္းျပဆာအဲလက္စ္လက္ေအာက္မွာဆိုရင္ ဘယ္သူမဆိုေအာင္ျမင္ႏိုင္တယ္လို႔ ဆိုလိုက္ျခင္းအားျဖင့္ လီဗာပူးေနာက္ခံလူေဟာင္းကာေရဂါဟာ မန္ယူေနာက္ခံလူေဟာင္းဂယ္ရီနဗီးလ္ကို ထိုးႏွက္မႈျပဳလုပ္လိုက္ပါတယ္။ နဗီးလ္ဟာ ဖာဂူဆန္လက္ေအာက္မွာ ဆုဖလားေအာင္ျမင္မႈေတြအျဖစ္ ပရီးမီးယားလိဂ္ ၈ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၂ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၃ ႀကိမ္တို႔ရရွိခဲ့တာပါ။ ဖာဂူဆန္ဟာ မန္ယူနည္းျပဘ၀ ၂၆ ႏွစ္ေက်ာ္ကာလအတြင္းမွာ ဆုဖလားေပါင္း ၃၈ ခုရရွိခဲ့တာျဖစ္လုိ႔ နဗီးလ္ရခဲ့တဲ့ဆုဖလားေအာင္ျမင္မႈေတြဟာ ဖာဂူဆန္ေၾကာင့္လုိ႔ ကာေရဂါက ယုံၾကည္ေနတာပါ။

”ကၽြန္ေတာ္ သူ႔ကို မႀကိဳက္ပါဘူး။ ဒါေပမဲ့ သူဟာ အႏိုင္ရသူတစ္ေယာက္ျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။ နဗီးလ္ဟာ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ ဖာဂူဆန္လက္ေအာက္မွာ ကစားရတာ အရမ္းကံေကာင္းပါတယ္။ ဒါေပမဲ့ မန္ယူမွာရွိတဲ့သူေတြအားလုံးေမ့ေနၾကတာက သူတုိ႔ဟာ ဖာဂူဆန္မရွိရင္ ဘာမွရမွာ မဟုတ္ဘူးဆုိတာပါပဲ။ ဖာဂူဆန္ထြက္ခြာသြားခ်ိန္က မန္ယူလဲၿပိဳသြားတာကို မွတ္မိၾကေသးတယ္ မဟုတ္လား။ ဖာဂူဆန္နဲ႔အတူရွိခဲ့တာ သူတို႔ဘယ္ေလာက္ကံေကာင္းလုိက္သလဲ။ ဒါေၾကာင့္ သူတို႔ဘာေတြေအာင္ျမင္ခဲ့တယ္၊ သူတုိ႔ဘာေတြလုပ္ခဲ့တယ္ဆိုတဲ့အေၾကာင္းေျပာေတာ့ ဘယ္သူမဆုိလုပ္ႏိုင္တာပဲေလ”လို႔ ကာေရဂါက Sky Sports ရုပ္သံအစီအစဥ္တစ္ခုမွာ နဗီးလ္အေၾကာင္း ေျပာခဲ့တာပါ။

ကာေရဂါရဲ႕ဒီလုိထုိးႏွက္မႈကို နဗီးလ္က ျပန္လည္တံု႔ျပန္ရာမွာ”ဒီအံ့ၾသေလာက္စရာ ႏွစ္ ၂၀ ကာလကို ကၽြန္ေတာ္စားၿမဳံျပန္လုိ႔ရႏိုင္ပါတယ္။ ဒီအဓိပၸါယ္မရွိတဲ့စကားအတြက္ ကၽြန္ေတာ္ေျဖစရာမလုိပါဘူး”လို႔ ေျပာခဲ့ပါတယ္။ ကာေရဂါဟာလည္း အန္ဖီးလ္ကစားသမားဘ၀မွာ ခ်န္ပီယံလိဂ္၊ယူအီးအဖ္ေအဖလား(ယခုယူရိုပါလိဂ္)နဲ႔ အက္ဖ္ေအဖလားေအာင္ျမင္မႈေတြ ရခဲ့တာပါ။ ဒါေပမဲ့ ဖာဂူဆန္ေခတ္ ခါးသီးၿပိဳင္ဘက္မန္ယူရဲ႕ႀကီးစုိးမႈေၾကာင့္ သူ႔ေခတ္က လီဗာပူးဟာ ေမွးမွိန္ခဲ့ရပါတယ္။ အခုေတာ့ အေျခအေနက ေျပာင္းျပန္ျဖစ္သြားၿပီး လီဗာပူးက အင္အားႀကီးျပန္ျဖစ္လို႔ ေနပါတယ္။