ပွဲစဉ် ၇အပြီးမှာပဲ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ယူနိုက်တက်အသင်းမဖြစ်နိုင်တော့ကြောင်း ကွင်းလယ်လူဟောင်း ပေါလ်အင့်စ် ဝေဖန်

Photo Credit

Photo Credit

ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း ပေါလ်အင့်စ်က ယခုရာသီအသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ စိတ်ပျက်မိကြောင်းနဲ့ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ယူရိုပါလိဂ်ချန်ပီယံဖြစ်ရေးက သူတို့အတွက် တစ်ခုတည်းသော စစ်မှန်တဲ့မျှော်လင့်ချက်ဖြစ်လာကြောင်း ဝေဖန်သွားပါတယ်။

Photo Credit

ပေါလ်အင့်စ်ဟာ ယခင်ကတည်းက ယူနိုက်တက်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပွင့်လင်းစွာချပြလေ့ရှိပြီး လက်ရှိအချိန်မှာ အသင်းကလည်း ပုံစံကောင်းပျောက်ဆုံးနေပြီး တနင်္လာညက အာဆင်နယ်နဲ့ပွဲမှာ ၁-၁ ဂိုးသရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ် ၇အပြီးမှာ အမှတ်ပေးဇယားရဲ့အဆင့် ၄နေရာက အာဆင်နယ်နဲ့ ၃ မှတ်အကွာ အဆင့် ၁၀နေရာမှာ ရပ်တည်နေရပါတယ်။

Photo Credit

”ကျွန်တော့်အမြင်ပြောရရင် နည်းပြဆိုးလ်ရှားအနေနဲ့ ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ပဲ အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်။ ဒါကိုလည်း အဓိကပစ်မှတ်အဖြစ် ထားရှိသင့်ပါတယ်။ နည်းပြဟောင်း မော်ရင်ညို လုပ်ခဲ့သလိုမျိုးပေါ့။ မော်ရင်ညိုဆိုရင် အခြေအနေကို အမှန်အတိုင်းလက်ခံခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် ယူရိုပါလိဂ်ချန်ပီယံဖြစ်ရေးက ယူနိုက်တက်အတွက် အကောင်းဆုံးအခွင့်အရေးဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်”

Photo Credit

”အခုချိန်မှာလည်း ယူနိုက်တက်က ရုန်းကန်နေရပြီး ပြည်တွင်းမှာ အဆင့် ၄နေရာရဖို့ မဖြစ်နိုင်တဲ့အနေအထား ရောက်နေပါတယ်။ ယူနိုက်တက်က တစ်ရိပ်ရိပ်ကျဆင်းနေချိန်မှာ လက်စတာလိုအသင်းမျိုးတွေက တိုးတက်လာပါတယ်။ ယူရိုပါလိဂ်က ချန်ပီယံဆုဖလားဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်းဖြစ်ပါတယ်။ ကိုယ့်အသင်းက ပရီးမီးယားလိဂ်မှာ အဆင့် ၄အတွင်းဝင်နိုင်ဖို့ မဖြစ်နိုင်တော့ချိန်မှာ ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို ဘာဖြစ်လို့မကြိုးစားနိုင်ရမှာလဲ”

Photo Credit

”ယူရိုပါလိဂ်က ယူနိုက်တက်ရဲ့အဓိကပစ်မှတ်ဖြစ်သင့်ပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေကို ပေါ့ပေါ့ပါးပါးကစားရမှာမဟုတ်ပေမယ့် အယ်လ်ခမာနဲ့ပွဲမှာ တောင့်တင်းတဲ့လူစာရင်းပဲ သုံးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အယ်လ်ခမာနဲ့ပွဲရော နယူးကာဆယ်နဲ့ပွဲပါ ယူနိုက်တက်အသင်း အနိုင်ရသင့်တဲ့ပွဲတွေမို့လို့ပါ။ ၂ပွဲစလုံးအနိုင်မရခဲ့ရင် ကျွန်တော်အတော်လေးစိတ်ပျက်မိမှာပါ။ လက်ရှိအချိန်မှာ ယူနိုက်တက်အတွက် ပွဲတိုင်းက အရေးကြီးနေပါတယ်”လို့ ပေါလ်အင့်စ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

Photo Credit

Zawgyi

ပြဲစဥ္ ၇အၿပီးမွာပဲ ပရီးမီးယားလိဂ္ကေန ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ယူႏိုက္တက္အသင္းမျဖစ္ႏိုင္ေတာ့ေၾကာင္း ကြင္းလယ္လူေဟာင္း ေပါလ္အင့္စ္ ေ၀ဖန္

ယူႏုိက္တက္အသင္းကြင္းလယ္လူေဟာင္း ေပါလ္အင့္စ္က ယခုရာသီအသင္းရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္လုိ႔ စိတ္ပ်က္မိေၾကာင္းနဲ႔ ရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔အတြက္ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ေရးက သူတုိ႔အတြက္ တစ္ခုတည္းေသာ စစ္မွန္တဲ့ေမွ်ာ္လင့္ခ်က္ျဖစ္လာေၾကာင္း ေ၀ဖန္သြားပါတယ္။
ေပါလ္အင့္စ္ဟာ ယခင္ကတည္းက ယူႏိုက္တက္နဲ႔ပတ္သက္လုိ႔ သူ႕ရဲ႕အျမင္ကို ပြင့္လင္းစြာခ်ျပေလ့ရွိၿပီး လက္ရွိအခ်ိန္မွာ အသင္းကလည္း ပုံစံေကာင္းေပ်ာက္ဆုံးေနၿပီး တနလၤာညက အာဆင္နယ္နဲ႔ပြဲမွာ ၁-၁ ဂိုးသေရက်ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ပြဲစဥ္ ၇အၿပီးမွာ အမွတ္ေပးဇယားရဲ႕အဆင့္ ၄ေနရာက အာဆင္နယ္နဲ႔ ၃ မွတ္အကြာ အဆင့္ ၁၀ေနရာမွာ ရပ္တည္ေနရပါတယ္။
”ကၽြန္ေတာ့္အျမင္ေျပာရရင္ နည္းျပဆုိးလ္ရွားအေနနဲ႔ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ဖို႔ပဲ အာ႐ုံစိုက္သင့္တယ္လုိ႔ ထင္ပါတယ္။ ဒါကိုလည္း အဓိကပစ္မွတ္အျဖစ္ ထားရွိသင့္ပါတယ္။ နည္းျပေဟာင္း ေမာ္ရင္ညိဳ လုပ္ခဲ့သလိုမ်ိဳးေပါ့။ ေမာ္ရင္ညိဳဆုိရင္ အေျခအေနကို အမွန္အတုိင္းလက္ခံခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရေရးအတြက္ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ေရးက ယူႏုိက္တက္အတြက္ အေကာင္းဆုံးအခြင့္အေရးဆုိတာ နားလည္သေဘာေပါက္ခဲ့ပါတယ္”
”အခုခ်ိန္မွာလည္း ယူႏိုက္တက္က​ ႐ုန္းကန္ေနရၿပီး ျပည္တြင္းမွာ အဆင့္ ၄ေနရာရဖို႔ မျဖစ္ႏိုင္တဲ့အေနအထား ေရာက္ေနပါတယ္။ ယူႏိုက္တက္က တစ္ရိပ္ရိပ္က်ဆင္းေနခ်ိန္မွာ လက္စတာလိုအသင္းမ်ိဳးေတြက တုိးတက္လာပါတယ္။ ယူ႐ိုပါလိဂ္က ခ်န္ပီယံဆုဖလားျဖစ္ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္လည္းျဖစ္ပါတယ္။ ကိုယ့္အသင္းက ပရီးမီးယားလိဂ္မွာ အဆင့္ ၄အတြင္း၀င္ႏုိင္ဖို႔ မျဖစ္ႏိုင္ေတာ့ခ်ိန္မွာ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ဖုိ ဘာျဖစ္လုိ႔မႀကိဳးစားႏိုင္ရမွာလဲ”
”ယူ႐ိုပါလိဂ္က ယူႏုိက္တက္ရဲ႕အဓိကပစ္မွတ္ျဖစ္သင့္ပါတယ္။ ပရီးမီးယားလိဂ္ပြဲေတြကို ေပါ့ေပါ့ပါးပါးကစားရမွာမဟုတ္ေပမယ့္ အယ္လ္ခမာနဲ႔ပြဲမွာ ေတာင့္တင္းတဲ့လူစာရင္းပဲ သုံးေစခ်င္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အယ္လ္ခမာနဲ႔ပြဲေရာ နယူးကာဆယ္နဲ႔ပြဲပါ ယူႏိုက္တက္အသင္း အႏိုင္ရသင့္တဲ့ပြဲေတြမုိ႔လုိ႔ပါ။ ၂ပြဲစလုံးအႏိုင္မရခဲ့ရင္ ကၽြန္ေတာ္အေတာ္ေလးစိတ္ပ်က္မိမွာပါ။ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္အတြက္ ပြဲတုိင္းက အေရးႀကီးေနပါတယ္”လုိ႔ ေပါလ္အင့္စ္က ရွင္းလင္းေျပာၾကားခဲ့ပါတယ္။