ပေါ့ဂ်ဘာနေရာ အစားထိုးဖို့ လိုင်လီက ဘူဘာကရီဆိုးမဲ ကိုမန်ယူပစ်မှတ်ထားနေ

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာကိုဆုံးရှုံးခဲ့မယ်ဆိုရင် သူ့နေရာမှာအစားထိုးဖို့အတွက် လိုင်လီအသင်းကွင်းလယ်လူ ဘူဘာကရီဆိုးမဲ ကိုခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ လာမယ့်နွေရာသီမှာ မန်ယူကနေထွက်ခွာဖို့ ရှိနေတဲ့သူဖြစ်ပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ ပြင်သစ်သား ဆိုးမဲဟာ ဒီရာသီလီဂူး ၁ မှာ လိုင်လီအတွက်ခြေစွမ်းပြနေသူဖြစ်ပြီး သူ့စာချုပ်ဟာလည်း လာမယ့် နွေရာသီမှာ သက်တမ်းကုန်မှာဖြစ်လို့ သူ့ရဲ့ခြေစွမ်းတိုးတက်မှုအခြေအနေကို မန်ယူကင်းထောက်တွေက အနီးကပ်စောင့်ကြည့်လျက်ရှိနေပါတယ်။

Photo- Internet

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ကလပ် အချို့ကလည်း ပြင်သစ်ယူ ၂၁ လက်ရွေးစင်ဖြစ်တဲ့ ဆိုးမဲ ကိုစောင့်ကြည့်နေကြပါတယ်။ သူ့ရဲ့ကစားဟန်ဟာ ပေါ့ဂ်ဘာနဲ့ ဆင်တူတယ်လို့ သတ်မှတ်ခံထားရလို့ ပေါ့ဂ်ဘာလိုဖြစ်လာမယ့်သူလို့လည်း ယူဆထားနေကြပါတယ်။

Photo- Internet

၂၀၁၇ ကပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာတဲ့ ဆိုးမဲဟာ လိုင်လီအတွက်လီဂူး ၁ ပွဲ ၄၀ ကစားပေးခဲ့သူဖြစ်ပြီး ဒီရာသီချန်ပိယံလိဂ်မှာလည်း ဗလင်စီယာ၊ ချဲလ်ဆီးတို့နဲ့ ပွဲတွေမှာပါဝင်ကစားပြီး သူ့အသင်းရလဒ်တွေမကောင်းခဲ့ပေမယ့် သူကတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo- Internet

မန်ယူအသင်းဟာ ဆိုးမဲအပြင် တိုက်စစ်ကိုအားဖြည့်ဖို့အတွက် လိုင်ယွန်အသင်းက မူဆာဒမ်ဘီလီကိုလည်းခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သူဟာ ၂၀၁၈ ကဆဲလ်တစ်ကနေပြောင်းလာပြီးနောက် လိုင်ယွန်အတွက် ၅၆ ပွဲကစားကာ ၂၆ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ ဆိုးမဲ ရော မူဆာဒမ်ဘီလီပါ ပီအက်စ်ဂျီအကယ်ဒမီထွက်ကစားသမားတွေဖြစ်ကြတယ်လို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

ေပါ့ဂ္ဘာေနရာ အစားထိုးဖို႔ လိုင္လီက ဘူဘာကရီဆိုးမဲ ကိုမန္ယူပစ္မွတ္ထားေန

မန္ယူအသင္းဟာ ကြင္းလယ္လူ ေပါ့ဂ္ဘာကိုဆုံးရႈံးခဲ့မယ္ဆိုရင္ သူ႔ေနရာမွာအစားထိုးဖို႔အတြက္ လိုင္လီအသင္းကြင္းလယ္လူ ဘူဘာကရီဆိုးမဲ ကိုေခၚယူဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ေပါ့ဂ္ဘာဟာ လာမယ္႔ေႏြရာသီမွာ မန္ယူကေနထြက္ခြာဖို႔ ရွိေနတဲ႔သူျဖစ္ပါတယ္။

အသက္ ၂၀ သာရွိေသးတဲ႔ ျပင္သစ္သား ဆိုးမဲဟာ ဒီရာသီလီဂူး ၁ မွာ လိုင္လီအတြက္ေျခစြမ္းျပေနသူျဖစ္ၿပီး သူ႔စာခ်ဳပ္ဟာလည္း လာမယ္႔ ေႏြရာသီမွာ သက္တမ္းကုန္မွာျဖစ္လို႔ သူ႔ရဲ႕ေျခစြမ္းတိုးတက္မႈအေျခအေနကို မန္ယူကင္းေထာက္ေတြက အနီးကပ္ေစာင့္ၾကည့္လ်က္ရွိေနပါတယ္။

ဒါ့အျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ၀င္ကလပ္ အခ်ဳိ႕ကလည္း ျပင္သစ္ယူ ၂၁ လက္ေရြးစင္ျဖစ္တဲ႔ ဆိုးမဲ ကိုေစာင့္ၾကည့္ေနၾကပါတယ္။ သူ႔ရဲ႕ကစားဟန္ဟာ ေပါ့ဂ္ဘာနဲ႔ ဆင္တူတယ္လို႔ သတ္မွတ္ခံထားရလို႔ ေပါ့ဂ္ဘာလိုျဖစ္လာမယ္႔သူလို႔လည္း ယူဆထားေနၾကပါတယ္။

၂၀၁၇ ကပီအက္စ္ဂ်ီကေန ေျပာင္းေရႊ႕လာတဲ႔ ဆိုးမဲဟာ လိုင္လီအတြက္လီဂူး ၁ ပြဲ ၄၀ ကစားေပးခဲ့သူျဖစ္ၿပီး ဒီရာသီခ်န္ပိယံလိဂ္မွာလည္း ဗလင္စီယာ၊ ခ်ဲလ္ဆီးတို႔နဲ႔ ပြဲေတြမွာပါ၀င္ကစားၿပီး သူ႔အသင္းရလဒ္ေတြမေကာင္း္ခဲ့ေပမယ္႔ သူကေတာ႔ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

မန္ယူအသင္းဟာ ဆိုးမဲအျပင္ တိုက္စစ္ကိုအားျဖည့္ဖို႔အတြက္ လိုင္ယြန္အသင္းက မူဆာဒမ္ဘီလီကိုလည္းေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ သူဟာ ၂၀၁၈ ကဆဲလ္တစ္ကေနေျပာင္းလာၿပီးေနာက္ လိုင္ယြန္အတြက္ ၅၆ ပြဲကစားကာ ၂၆ ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။ ဆိုးမဲ ေရာ မူဆာဒမ္ဘီလီပါ ပီအက္စ္ဂ်ီအကယ္ဒမီထြက္ကစားသမားေတြျဖစ္ၾကတယ္လို႔လည္း သိရပါတယ္။