ပေါင် ၃၀၀၀၀ တန်ရိုးလက်စ်နာရီအတွက် လုပ်ပွဲလုပ်ခဲ့ကြောင်း စွပ်စွဲခံနေရတဲ့မန်ယူနည်းပြဟောင်းဖာဂူဆန်

photo-gettyimages

photo-gettyimages

မန်ယူနည်းပြဟောင်းဖာဂူဆန်ဟာ ပေါင် ၃၀၀၀၀ တန်ရွှေရောင်ရိုးလက်စ်နာရီအတွက် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲကို လုပ်ပွဲလုပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့ အင်္ဂလန်က တရားခွင်တစ်ခုမှာ ကြားနာလိုက်ရပါတယ်။ လာဘ်ပေးလာဘ်ယူအတွက် ဘောလုံးအေးဂျင့်နှစ်ယောက်နဲ့နည်းပြတစ်ယောက်ကို စစ်ဆေးနေတဲ့တရားခွင်မှာ ဖြစ်ပါတယ်။ ဖာဂူဆန်ကို စွပ်စွဲလိုက်တဲ့ဘောလုံးအေးဂျင့်က အသက် ၆၄ နှစ်အရွယ် ပါဂလီယာရာဖြစ်ပါတယ်။

photo-gettyimages

သူဟာ အသွင်ယူသတင်းထောက်တစ်ယောက်နဲ့ စကားပြောတော့ ဂျူဗင်တပ်နဲ့ချန်ပီယံလိဂ်ပွဲကို လုပ်ပွဲလုပ်ပေးခဲ့တဲ့အတွက် ဖာဂူဆန်ကို ပေါင် ၃၀၀၀၀ တန်ရိုးလက်စ်နာရီပေးခဲ့ကြောင်း ပြောခဲ့တာဖြစ်ကာ အဲဒါကို လျှို့ဝှက်စွာနဲ့အသံသွင်းဖမ်းယူခံလိုက်ရတာပါ။ ဒါ့အပြင် အဲဒီအေးဂျင့်ကပဲ ဖာဂူဆန်ဟာ ကစားသမားအပြောင်းအရွှေ့တွေကနေ ပိုက်ဆံရဖို့အတွက် အေးဂျင့်တွေနဲ့အလုပ်လုပ်ခဲ့ကြောင်း အသွင်ယူသတင်းထောက်ကို ပြောကြားခဲ့ပါသေးတယ်။ ၂၀၁၆ ဇွန်လက မန်ချက်စတာမှာ ဘောလုံးလာဘ်ပေးလာဘ်ယူမှုတွေကို လိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ တယ်လီဂရက်ဖ်သတင်းစာက အသွင်ယူသတင်းထောက်တစ်ယောက်နဲ့တွေ့တော့ ပါဂလီယာရာက ဖာဂူဆန်နဲ့ပတ်သက်ပြီး အဲဒါတွေပြောခဲ့တာ ဖြစ်ပါတယ်။

photo-gettyimages

၂၀၁၃က နည်းပြဘဝကနေ အနားယူသွားတဲ့ဖာဂူဆန်ဟာ သမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဘယ်နည်းပြထက်မဆို ဆုဖလားတွေပိုရခဲ့သူဖြစ်ပါတယ်။ ၂၆ နှစ်တာ မန်ယူနည်းပြဘဝမှာ ဖာဂူဆန်ဟာ ဆုဖလားပေါင်း ၃၈ လုံးရယူနိုင်ခဲ့ပြီး အဲဒီထဲမှာ ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ ချန်ပီယံလိဂ်  ၂ ကြိမ်နဲ့ အက်ဖ်အေဖလား ၅ ကြိမ်ပါဝင်ပါတယ်။

[Zawgyi]

ေပါင္ ၃၀၀၀၀ တန္ရိုးလက္စ္နာရီအတြက္ လုပ္ပြဲလုပ္ခဲ့ေၾကာင္း စြပ္စြဲခံေနရတဲ့မန္ယူနည္းျပေဟာင္းဖာဂူဆန္

မန္ယူနည္းျပေဟာင္းဖာဂူဆန္ဟာ ေပါင္ ၃၀၀၀၀ တန္ေရႊေရာင္ရိုးလက္စ္နာရီအတြက္ ခ်န္ပီယံလိဂ္ပြဲစဥ္တစ္ပြဲကို လုပ္ပြဲလုပ္ခဲ့ေၾကာင္း ၿပီးခဲ့တဲ့ၾကာသပေတးေန႔ အဂၤလန္က တရားခြင္တစ္ခုမွာ ၾကားနာလုိက္ရပါတယ္။ လာဘ္ေပးလာဘ္ယူအတြက္ ေဘာလုံးေအးဂ်င့္ႏွစ္ေယာက္နဲ႔နည္းျပတစ္ေယာက္ကို စစ္ေဆးေနတဲ့တရားခြင္မွာ ျဖစ္ပါတယ္။ ဖာဂူဆန္ကို စြပ္စြဲလုိက္တဲ့ေဘာလုံးေအးဂ်င့္က အသက္ ၆၄ ႏွစ္အရြယ္ ပါဂလီယာရာျဖစ္ပါတယ္။

သူဟာ အသြင္ယူသတင္းေထာက္တစ္ေယာက္နဲ႔ စကားေျပာေတာ့ ဂ်ဴဗင္တပ္နဲ႔ခ်န္ပီယံလိဂ္ပြဲကို လုပ္ပြဲလုပ္ေပးခဲ့တဲ့အတြက္ ဖာဂူဆန္ကို ေပါင္ ၃၀၀၀၀ တန္ရိုးလက္စ္နာရီေပးခဲ့ေၾကာင္း ေျပာခဲ့တာျဖစ္ကာ အဲဒါကို လွ်ိဳ႕၀ွက္စြာနဲ႔အသံသြင္းဖမ္းယူခံလုိက္ရတာပါ။ ဒါ့အျပင္ အဲဒီေအးဂ်င့္ကပဲ ဖာဂူဆန္ဟာ ကစားသမားအေျပာင္းအေရႊ႕ေတြကေန ပိုက္ဆံရဖုိ႔အတြက္ ေအးဂ်င့္ေတြနဲ႔အလုပ္လုပ္ခဲ့ေၾကာင္း အသြင္ယူသတင္းေထာက္ကို ေျပာၾကားခဲ့ပါေသးတယ္။ ၂၀၁၆ ဇြန္လက မန္ခ်က္စတာမွာ ေဘာလုံးလာဘ္ေပးလာဘ္ယူမႈေတြကို လုိက္လံစုံစမ္းေထာက္လွမ္းေနတဲ့ တယ္လီဂရက္ဖ္သတင္းစာက အသြင္ယူသတင္းေထာက္တစ္ေယာက္နဲ႔ေတြ႕ေတာ့ ပါဂလီယာရာက ဖာဂူဆန္နဲ႔ပတ္သက္ၿပီး အဲဒါေတြေျပာခဲ့တာ ျဖစ္ပါတယ္။

၂၀၁၃က နည္းျပဘ၀ကေန အနားယူသြားတဲ့ဖာဂူဆန္ဟာ သမုိင္းတစ္ေလွ်ာက္အေကာင္းဆုံးနည္းျပေတြထဲက တစ္ေယာက္ျဖစ္ခဲ့ၿပီး ကမာၻ႔ေဘာလုံးသမုိင္းမွာ ဘယ္နည္းျပထက္မဆုိ ဆုဖလားေတြပိုရခဲ့သူျဖစ္ပါတယ္။ ၂၆ ႏွစ္တာ မန္ယူနည္းျပဘ၀မွာ ဖာဂူဆန္ဟာ ဆုဖလားေပါင္း ၃၈ လုံးရယူႏိုင္ခဲ့ၿပီး အဲဒီထဲမွာ ပရီးမီးယားလိဂ္ ၁၃ ႀကိမ္၊ ခ်န္ပီယံလိဂ္  ၂ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၅ ႀကိမ္ပါ၀င္ပါတယ္။