ပီအက်စ်ဂျီကိုရောက် ပြီးနောက် နေမာနားရတဲ့ရက်ပေါင်း ၃၀၀ ကျော်ရှိနေ

Photo- Internet
Photo- Internet

ဘောလုံးအားကစား မှာဒဏ်ရာရရှိမှုဆိုတာကို ဘယ်သူမဆိုရှောင်လွှဲနိုင်မှာ မဟုတ်ပေမယ့် နေမာရဲ့ဒဏ်ရာရရှိမှုနှုန်းထား ကတော့ အံအားသင့်စရာဖြစ်နေပြီး ပီအက်စ်ဂျီကိုရောက်ပြီး နောက်ပိုင်းမှာသူအနားယူရတဲ့ရက်ပေါင်းက ၃၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

နေမာဟာ ၂၀၁၇ တုန်းကဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင်ကြေးပေါင် ၁၉၈ သန်းနဲ့ ပီအက်စ်ဂျီကိုပြောင်းလာတဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၇ နှစ်ရှိတဲ့ နေမာဟာ ဒဏ်ရာကိုအလွယ်တကူရနေတဲ့ ပုံပေါ်ပြီး သူရောက်လာတဲ့ ၂ နှစ်ကျော်ကာလ အတွင်းမှာဒဏ်ရာရရှိမှုကြောင့် အနားယူရတဲ့ရက်ပေါင်း ၃၀၀ ကျော်တောင်ရှိခဲ့တာပါ။

Photo- Internet

သူဟာပြီးခဲ့တဲ့ နိုင်ငံတကာပွဲကာလမှာလည်း ဘရာဇီးအသင်းအတွက် ကစားပေးရင် တံကောက်ကြောဒဏ်ရာ ရခဲ့လို့သီတင်း ၄ ပတ်ကြာအနားယူနေရသူလည်းဖြစ်ပါတယ်။ အဲဒီပွဲဟာ ဘရာဇီးနဲ့ နိုင်ဂျီးရီးယားတို့ စင်ကာပူမှာ ၁-၁ သရေကျခဲ့တဲ့ ပွဲဖြစ်ပြီး ပွဲချိန် ၁၂ မိနစ်ကတည်းက လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

Photo- Internet

သူဟာ ပီအက်စ်ဂျီကိုရောက်ပြီး တစ်လကျော်အကြာမှာဘဲ ဒဏ်ရာစရပြီး ၄ ရက်နားခဲ့ရပါတယ်။ သူဒဏ်ရာရမှု အကြိမ်ပေါင်းက ၇ ခါတောင်ရှိပြီး အကြာဆုံးနားခဲ့ရတာက ၂၀၁၈ ဖေဖေါ်ဝါရီနဲ့ ၂၀၁၉ ဇန်နဝါရီတို့မှာဖြစ်ပြီး ရက်ပေါင်း ၉၀ စီနားခဲ့ရပါတယ်။

Photo- Internet

သူဟာ ၂၀၁၇ စက်တင်ဘာမှာ ၄ ရက်၊ ၂၀၁၇ နိုဝင်ဘာမှာ ၁၁ ရက်၊ ၂၀၁၈ ဖေဖေါ်ဝါရီမှာရက် ၉၀၊ ၂၀၁၈ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ၂၅ ရက်၊ ၂၀၁၉ ဇန်နဝါရီမှာ ၈၅ ရက်၊ ၂၀၁၉ ဇွန်လမှာ ၉၀ ရက် တို့အပြင်၂၀၁၉ အောက်တိုဘာမှာ နောက်ဆုံးဒဏ်ရာကြောင့် ၂၈ ရက်ကြာနားနေရသူဖြစ်ပါတယ်။

Photo- Internet

Zawgyi

ပီအက္စ္ဂ်ီကိုေရာက္ ၿပီးေနာက္ ေနမာနားရတဲ႔ရက္ေပါင္း ၃၀၀ ေက်ာ္ရွိေန

ေဘာလုံးအားကစား မွာဒဏ္ရာရရွိမႈဆိုတာကို ဘယ္သူမဆိုေရွာင္လႊဲႏိုင္မွာ မဟုတ္ေပမယ္႔ ေနမာရဲ႕ဒဏ္ရာရရွိမႈႏႈန္းထား ကေတာ႔ အံအားသင့္စရာျဖစ္ေနၿပီး ပီအက္စ္ဂ်ီကိုေရာက္ၿပီး ေနာက္ပိုင္းမွာသူအနားယူရတဲ႔ရက္ေပါင္းက ၃၀၀ ေက်ာ္ရွိေနၿပီလို႔ သိရပါတယ္။

ေနမာဟာ ၂၀၁၇ တုန္းကဘာစီလိုနာကေန ကမၻာ႔စံခ်ိန္တင္ေၾကးေပါင္ ၁၉၈ သန္းနဲ႔ ပီအက္စ္ဂ်ီကိုေျပာင္းလာတဲ႔ သူျဖစ္ပါတယ္။ ဒါေပမယ္႔ အသက္ ၂၇ ႏွစ္ရွိတဲ႔ ေနမာဟာ ဒဏ္ရာကိုအလြယ္တကူရေနတဲ႔ ပုံေပၚၿပီး သူေရာက္လာတဲ႔ ၂ ႏွစ္ေက်ာ္ကာလ အတြင္းမွာဒဏ္ရာရရွိမႈေၾကာင့္ အနားယူရတဲ႔ရက္ေပါင္း ၃၀၀ ေက်ာ္ေတာင္ရွိခဲ့တာပါ။

သူဟာၿပီးခဲ့တဲ႔ ႏိုင္ငံတကာပြဲကာလမွာလည္း ဘရာဇီးအသင္းအတြက္ ကစားေပးရင္ တံေကာက္ေၾကာဒဏ္ရာ ရခဲ့လို႔သီတင္း ၄ ပတ္ၾကာအနားယူေနရသူလည္းျဖစ္ပါတယ္။ အဲဒီပြဲဟာ ဘရာဇီးနဲ႔ ႏိုင္ဂ်ီးရီးယားတို႔ စင္ကာပူမွာ ၁-၁ သေရက်ခဲ့တဲ႔ ပြဲျဖစ္ၿပီး ပြဲခ်ိန္ ၁၂ မိနစ္ကတည္းက လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

သူဟာ ပီအက္စ္ဂ်ီကိုေရာက္ၿပီး တစ္လေက်ာ္အၾကာမွာဘဲ ဒဏ္ရာစရၿပီး ၄ ရက္နားခဲ့ရပါတယ္။ သူဒဏ္ရာရမႈ အႀကိမ္ေပါင္းက ၇ ခါေတာင္ရွိၿပီး အၾကာဆုံးနားခဲ့ရတာက ၂၀၁၈ ေဖေဖၚ၀ါရီနဲ႔ ၂၀၁၉ ဇန္န၀ါရီတို႔မွာျဖစ္ၿပီး ရက္ေပါင္း ၉၀ စီနားခဲ့ရပါတယ္။

သူဟာ ၂၀၁၇ စက္တင္ဘာမွာ ၄ ရက္၊ ၂၀၁၇ ႏို၀င္ဘာမွာ ၁၁ ရက္၊ ၂၀၁၈ ေဖေဖၚ၀ါရီမွာရက္ ၉၀၊ ၂၀၁၈ ႏို၀င္ဘာနဲ႔ ဒီဇင္ဘာလေတြမွာ ၂၅ ရက္၊ ၂၀၁၉ ဇန္န၀ါရီမွာ ၈၅ ရက္၊ ၂၀၁၉ ဇြန္လမွာ ၉၀ ရက္ တို႔အျပင္၂၀၁၉ ေအာက္တိုဘာမွာ ေနာက္ဆုံးဒဏ္ရာေၾကာင့္ ၂၈ ရက္ၾကာနားေနရသူျဖစ္ပါတယ္။