ပါတီဇန်နဲ့ပွဲအတွက် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပေါ့ဂ်ဘာနဲ့ ဒီဂီယာ မပါဝင်

Photo Credit

Photo Credit

ယူနိုက်တက်အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ ဂိုးသမား ဒီဂီယာတို့ဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ပါတီဇန်ဘဲလ်ဂရိတ်အသင်းနဲ့ကစားရမယ့်အဝေးကွင်းပွဲမတိုင်ခင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာမပါဝင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ပေါ့ဂ်ဘာဟာ ခြေချောင်းဒဏ်ရာကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ကတည်းက အနားယူနေရတာဖြစ်ပေမယ့် ဆားဘီးယားမြေမှာကစားရမယ့်ပွဲအတွက် ကြံ့ခိုင်မှုရရှိလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit

ဒီဂီယာဟာ တနင်္ဂနွေနေ့က လီဗာပူးနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် ကာရင်တန်မှာ ပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာတော့ မပါဝင်နိုင်ခဲ့ပါဘူး။ နောက်ပြီး လီဗာပူးနဲ့ပွဲကို ဒဏ်ရာပြဿနာတွေကြောင့် လွဲချော်ခဲ့ရတဲ့ လုခ်ရှော၊ မာတစ်၊ ဒါလော့နဲ့ တွမ်ဇီဘီတို့လည်း လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာ အမြန်ဆုံးပြန်ကစားနိုင်ဖု့ိ ဆန္ဒပြင်းပြနေပေမယ့် ယူရိုပါလိဂ်ပွဲမှာ ပြန်လည်ပါဝင်နိုင်မလားဆိုတာ အခုချိန်အထိရှင်းရှင်းလင်းလင်း မသိရသေးဘဲ ယူနိုက်တက်ဟာ အဲဒီပွဲပြီးရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နောဝစ်ချ်နဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။ ဒီလိုအသင်းသားအများစု ဒဏ်ရာပြဿနာတွေကနေ ပြန်လာနိုင်ဖို့ ရုန်းကန်နေရပေမယ့် ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ်အဖြစ် ကွင်းလယ်လူလင်ဂတ်ရဲ့ကြံ့ခိုင်မှုက လျင်မြန်စွာတိုးတက်နေတယ်လို့ သိရပါတယ်။

Photo Credit

အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် ယနေ့ပြုလုပ်တဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာတော့ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီး ဘဲလ်ဂရိတ်မှာကျင်းပမယ့်ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။ အယ်လ်ခမာနဲ့ပွဲမှာ အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့တဲ့လူငယ်ဘယ်နောက်ခံလူ ဘရန်ဒန်ဝီလျံလည်း ဒီပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိပါတယ်။

Photo Credit

မကြာသေးခင်ကမှ ပြန်လည်ကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူး မာရှယ်ကိုလည်း ပါတီဇန်နဲ့ပွဲမှာ ထုတ်သုံးဖွယ်ရှိနေပြီး နည်းပြဆိုးလ်ရှားက သူ့ကို ပွဲဆက်ပြတ်နေတာတွေ မရှိရအောင် ထုတ်သုံးဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ အုပ်စု L မှာ ပါတီဇန်အသင်းနဲ့အမှတ်တူ ဒုတိယနေရာမှာ ရပ်တည်နေပြီး အက်စ်တာနာကိုအနိုင်၊ အယ်လ်ခမာနဲ့ သရေကျထားပါတယ်။

Photo Credit

Zawgyi

ပါတီဇန္နဲ႔ပဲြအတြက္ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ေပါ့ဂ္ဘာနဲ႔ ဒီဂီယာ မပါ၀င္

ယူႏုိက္တက္အသင္းကြင္းလယ္လူ ေပါ့ဂ္ဘာနဲ႔ ဂိုးသမား ဒီဂီယာတုိ႔ဟာ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ ပါတီဇန္ဘဲလ္ဂရိတ္အသင္းနဲ႔ကစားရမယ့္အေ၀းကြင္းပြဲမတုိင္ခင္ ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တ့ဲ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာမပါ၀င္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။ ကမၻာ့ဖလားခ်န္ပီယံ ေပါ့ဂ္ဘာဟာ ေျခေခ်ာင္းဒဏ္ရာေၾကာင့္ စက္တင္ဘာလ ၃၀ ရက္ေန႔ကတည္းက အနားယူေနရတာျဖစ္ေပမယ့္ ဆားဘီးယားေျမမွာကစားရမယ့္ပြဲအတြက္ ႀကံ့ခိုင္မႈရရွိလိမ့္မယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ဒီဂီယာဟာ တနဂၤေႏြေန႔က လီဗာပူးနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ပါ၀င္ကစားခဲ့ေပမယ့္ ကာရင္တန္မွာ ျပဳလုပ္ခဲ့တဲ့ေလ့က်င့္ခန္းအစီအစဥ္ေတြမွာေတာ့ မပါ၀င္ႏိုင္ခဲ့ပါဘူး။ ေနာက္ၿပီး လီဗာပူးနဲ႔ပဲြကို ဒဏ္ရာျပႆနာေတြေၾကာင့္ လဲြေခ်ာ္ခဲ့ရတဲ့ လုခ္ေရွာ၊ မာတစ္၊ ဒါေလာ့နဲ႔ တြမ္ဇီဘီတို႔လည္း ေလ့က်င့္ခန္းမဆင္းႏိုင္ခ့ဲေၾကာင္း သိရပါတယ္။
ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားက ေပါ့ဂ္ဘာ အျမန္ဆုံးျပန္ကစားႏိုင္ဖု႔ိ ဆႏၵျပင္းျပေနေပမယ့္ ယူ႐ုိပါလိဂ္ပြဲမွာ ျပန္လည္ပါ၀င္ႏုိင္မလားဆုိတာ အခုခ်ိန္အထိရွင္းရွင္းလင္းလင္း မသိရေသးဘဲ ယူႏုိက္တက္ဟာ အဲဒီပြဲၿပီးရင္ ပရီးမီးယားလိဂ္ပဲြစဥ္အျဖစ္ ေနာ၀စ္ခ်္နဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။ ဒီလုိအသင္းသားအမ်ားစု ဒဏ္ရာျပႆနာေတြကေန ျပန္လာႏုိင္ဖို႔ ႐ုန္းကန္ေနရေပမယ့္ ယူႏုိက္တက္အတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ ကြင္းလယ္လူလင္ဂတ္ရဲ႕ႀကံ့ခိုင္မႈက လ်င္ျမန္စြာတိုးတက္ေနတယ္လုိ႔ သိရပါတယ္။
အဂၤလန္ကြင္းလယ္လူ လင္ဂတ္ဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူခဲ့ရေပမယ့္ ယေန႔ျပဳလုပ္တဲ့ေလ့က်င့္ခန္းအစီအစဥ္ေတြမွာေတာ့ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ခ့ဲၿပီး ဘဲလ္ဂရိတ္မွာက်င္းပမယ့္ပြဲအတြက္ အသင္းရဲ႕လူစာရင္းမွာ ျပန္လည္ပါ၀င္လာႏိုင္ပါတယ္။ အယ္လ္ခမာနဲ႔ပဲြမွာ အသင္းႀကီးအတြက္ ပထမဆုံးပဲြထြက္ခြင့္ရရွိခဲ့တဲ့လူငယ္ဘယ္ေနာက္ခံလူ ဘရန္ဒန္၀ီလ်ံလည္း ဒီပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္လာဖြယ္ရွိပါတယ္။
မၾကာေသးခင္ကမွ ျပန္လည္ကစားႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး မာရွယ္ကိုလည္း ပါတီဇန္နဲ႔ပြဲမွာ ထုတ္သုံးဖြယ္ရွိေနၿပီး နည္းျပဆုိးလ္ရွားက သူ႕ကို ပြဲဆက္ျပတ္ေနတာေတြ မရွိရေအာင္ ထုတ္သုံးဖြယ္ရွိေနပါတယ္။ ယူႏုိက္တက္ဟာ အုပ္စု L မွာ ပါတီဇန္အသင္းနဲ႔အမွတ္တူ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး အက္စ္တာနာကိုအႏုိင္၊ အယ္လ္ခမာနဲ႔ သေရက်ထားပါတယ္။