ပရီးမီးယားလိဂ်သမိုင်းမှာ အညစ်ပတ်အဆုံးအသင်းအဖြစ် ချဲလ်ဆီးသရဖူဆောင်း

photo-daily mail

photo-gettyimages

စစ်တမ်းအသစ်တစ်ခုအရ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့အညစ်ပတ်ဆုံးအသင်းအဖြစ် သရဖူဆောင်းသွားခဲ့ကြောင်း သိရပါတယ်။ အဲဒီစစ်တမ်းကို လောင်းကစားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Spreadex ကပြုလုပ်ခဲ့တာပါ။ Spreadex ဟာ ပြိုင်ပွဲစတင်ချိန်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်အသင်းပေါင်း ၄၉ သင်းစလုံးရဲ့အဝါကတ်နဲ့အနီကတ်အရေအတွက်ကို စာရင်းပြုစုခဲ့တာပါ။ ဒီနေရာမှာ ပရီးမီးယားလိဂ်အသင်းတိုင်းရဲ့ပွဲစဉ်တိုင်းအတွက် အဝါကတ်တစ်ခုကို ၁၀ မှတ်၊ အနီကတ်တစ်ခုကို ၂၅ မှတ်ပေးပြီး အခြေခံတွက်ချက်တာ ဖြစ်ပါတယ်။

photo-gettyimages

ဒီတွက်ချက်မှုအရ ချဲလ်ဆီးဟာ စုစုပေါင်း ၁၈၃၆၀ မှတ်ရခဲ့ပြီး အားလုံးထဲမှာ အများဆုံးဖြစ်ခဲ့တာပါ။ ချဲလ်ဆီးအသင်းကစားခဲ့တဲ့ ၁၀၄၆ ပွဲမှာ ရမှတ် ၂၀၀၀၀ နီးပါးရခဲ့တာလို့ ဆိုရင်လည်း မမှားပါဘူး။ ချဲလ်ဆီးရဲ့နောက်မှာ အဲဗာတန်က ဒုတိယ၊ အာဆင်နယ်က တတိယ၊ စပါးက စတုတ္ထ၊ မန်ယူက ပဉ္စမနေရာရပ်တည်နေတာကြောင့် မသိရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရပ်တည်မှုများလားတောင် ထင်ရပါတယ်။ မန်ယူကတော့ ၁၆၅၇၀ မှတ်ရခဲ့တာပါ။

photo-spreadex

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နေတဲ့လီဗာပူးကတော့ အညစ်ပတ်ဆုံးအမှတ်ပေးဇယားမှာ ပိုပြီးသန့်ရှင်းတယ်လို့ထင်ရအောင် အဆင့် ၉ နေရာမှာ ရပ်တည်နေတာပါ။ လီဗာပူးဟာ ၁၄၅၃၀ မှတ်ရခဲ့တာပါ။ ချဲလ်ဆီးထက် အမှတ် ၄၀၀၀ နီးပါးလျော့နည်းခဲ့တာ ဖြစ်ပါတယ်။ ဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ နောက်ဆုံး ၃ ရာသီစလုံးမှာလည်း ပျဥ်းမျှကတ်ပြခံရမှု အနိမ့်ဆုံးအသင်းဖြစ်ခဲ့တာပါ။ လက်ရှိချန်ပီယံမန်စီးတီးကလည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အညစ်ပတ်ဆုံးအမှတ်ပေးဇယားမှာ အဆင့် ၁၀ ချိတ်ခဲ့ပါတယ်။

[Zawgyi]

ပရီးမီးယားလိဂ္သမိုင္းမွာ အညစ္ပတ္အဆုံးအသငး္အျဖစ္ ခ်ဲလ္ဆီးသရဖူေဆာင္း

စစ္တမ္းအသစ္တစ္ခုအရ ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္သမိုင္းရဲ႕အညစ္ပတ္ဆုံးအသင္းအျဖစ္ သရဖူေဆာင္းသြားခဲ့ေၾကာင္း သိရပါတယ္။ အဲဒီစစ္တမး္ကို ေလာင္းကစားအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Spreadex ကျပဳလုပ္ခဲ့တာပါ။ Spreadex ဟာ ၿပိဳ္င္ပြဲစတင္ခ်ိန္ကတည္းက ပါ၀င္ယွဥ္ၿပိဳင္ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္အသငး္ေပါင္း ၄၉ သင္းစလုံးရဲ႕အ၀ါကတ္နဲ႔အနီကတ္အေရအတြက္ကို စာရင္းျပဳစုခဲ့တာပါ။ ဒီေနရာမွာ ပရီးမီးယားလိဂ္အသင္းတုိင္းရဲ႕ပြဲစဥ္တိုင္းအတြက္ အ၀ါကတ္တစ္ခုကို ၁၀ မွတ္၊ အနီကတ္တစ္ခုကို ၂၅ မွတ္ေပးၿပီး အေျခခံတြက္ခ်က္တာ ျဖစ္ပါတယ္။

ဒီတြက္ခ်က္မႈအရ ခ်ဲလ္ဆီးဟာ စုစုေပါင္း ၁၈၃၆၀ မွတ္ရခဲ့ၿပီး အားလုံးထဲမွာ အမ်ားဆုံးျဖစ္ခဲ့တာပါ။ ခ်ဲလ္ဆီးအသင္းကစားခဲ့တဲ့ ၁၀၄၆ ပြဲမွာ ရမွတ္ ၂၀၀၀၀ နီးပါးရခဲ့တာလို႔ ဆုိရင္လည္း မမွားပါဘူး။ ခ်ဲလ္ဆီးရဲ႕ေနာက္မွာ အဲဗာတန္က ဒုတိယ၊ အာဆင္နယ္က တတိယ၊ စပါးက စတုတၳ၊ မန္ယူက ပဥၥမေနရာရပ္တည္ေနတာေၾကာင့္ မသိရင္ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ရပ္တည္မႈမ်ားလားေတာင္ ထင္ရပါတယ္။ မန္ယူကေတာ့ ၁၆၅၇၀ မွတ္ရခဲ့တာပါ။

လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ဦးေဆာင္ေနတဲ့လီဗာပူးကေတာ့ အညစ္ပတ္ဆုံးအမွတ္ေပးဇယားမွာ ပိုၿပီးသန္႔ရွင္းတယ္လုိ႔ထင္ရေအာင္ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနတာပါ။ လီဗာပူးဟာ ၁၄၅၃၀ မွတ္ရခဲ့တာပါ။ ခ်ဲလ္ဆီးထက္ အမွတ္ ၄၀၀၀ နီးပါးေလ်ာ့နည္းခဲ့တာ ျဖစ္ပါတယ္။ ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ ေနာက္ဆုံး ၃ ရာသီစလုံးမွာလည္း ပ်ဥး္မွ်ကတ္ျပခံရမႈ အနိမ့္ဆံုးအသင္းျဖစ္ခဲ့တာပါ။ လက္ရွိခ်န္ပီယံမန္စီးတီးကလည္း ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အညစ္ပတ္ဆုံးအမွတ္ေပးဇယားမွာ အဆင့္ ၁၀ ခ်ိတ္ခဲ့ပါတယ္။