နောက် ၅နှစ်၊ ၆ နှစ်နေမှ သူ့ကိုအကဲဖြတ်ပါလို့ ပြောဆိုလိုက်တဲ့ မက်ဂွိုင်းယား

0
136

Photo Credit

Photo Credit

ယူနိုက်တက် နောက်ခံလူသစ် ဟယ်ရီမက်ဂွိုင်းယားက သူအသင်းမှာရှိနေပြီးနောက် ၅ နှစ်၊ ၆ နှစ်နေမှ အကဲဖြတ်ဖို့နဲ့ အောင်မြင်မှုတွေရရှိဖို့ ကာလရှည်တွန်းအားပေး ကြိုးစားသွားမယ်လို့ ပရိသတ်တွေကိုပြောဆိုလိုက်ပါတယ်။

Photo Credit

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲမှာ သာမန်ပွဲကစားချိန်အတွင်း နိုင်ပွဲရှာမတွေ့သေးဘဲ ဒီရာသီအဝေးကွင်းနိုင်ပွဲတစ်ပွဲမှ မရရှိသေးတာဖြစ်ပါတယ်။

Photo Credit

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်အသင်းကို ၁-ဝနဲ့ ထပ်မံရှုံးပွဲ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒါပေမဲ့ နွေရာသီမှာလက်စတာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဂွိုင်းယားကတော့ အသင်းဟာ ရေရှည်မှာတိုးတက်မှုတွေရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit

ယူနိုက်တက်တရားဝင်မဂ္ဂဇင်းမှာ မက်ဂွိုင်းယားက ”အသင်းတိုးတက်လာဖို့ အရေးကြီးဆုံးအရာက အချိန်ယူရမှာပါ၊ ကာလရှည် ပြုပြင်ရမှာပါ ၊ နောက် ၅ နှစ်၊ ၆ နှစ်လောက်ကြာလို့ ကျွန်တော်က ယူနိုက်တက်ကို အောင်မြင်မှုတွေ ယူပေးနိုင်တယ် (သို့) မယူပေးနိုင်ဘူးဆိုမှ အပြစ်တင်ကြပါ”

Photo Credit

”၅ နှစ်၊ ၆ နှစ်လောက် အချိန်ယူပြီးရင် ကျွန်တော်တို့ အောင်မြင်လာပြီး အောင်မြင်မှုတွေ အမြောက်အများကိုယူနိုက်တက်ကရယူနိုင်လိမ့်မယ်လို့ ကျွန်တော် တကယ်ကိုယုံကြည်မှုရှိပါတယ်”လို့ ပြောပါတယ်။

Photo Credit

ဆက်လက်ပြီး မက်ဂွိုင်းယားက ”ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ အကုန်လုံးတိုးတက်လာဖို့ လိုပါတယ်၊ ကျွန်တော်တစ်ယောက်တည်းတိုးတက်လာလို့ မရပါဘူး၊ ကျွန်တော်တို့အသင်းတစ်သင်းအနေနဲ့ အားလုံးတိုးတက်လာမယ်ဆိုရင် ကျွန်တော်လည်း အောင်မြင်မှုတွေရလာမယ်လို့ ခံစားရပါတယ်”လို့ ဆက်ပြောပါတယ်။

Photo Credit

မက်ဂွိုင်းယားဟာ ယူနိုက်တက်ရဲ့ ခံစစ်မှာ ပွဲစဉ်တိုင်းပါဝင်ပွဲထွက်ကစားခွင့်ရနေတဲ့ ဗဟိုနောက်ခံလူဖြစ်ပြီးအသက် ၂၆ နှစ်သားက ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူအဖြစ် ပေါင် သန်း ၈၀ ဆိုတဲ့တန်ကြေးက သူ့ကိုလုံးဝအနှောင့်အယှက် မဖြစ်စေဘူးလို့ ဆိုပါတယ်။

Photo Credit

မက်ဂွိုင်းယားက “ဒီပြောင်းရွှေ့ကြေးက ကျွန်တော့်ကိုအနှောင့်အယှက် မဖြစ်စေပါဘူး၊ အဲဒါဖိအားတစ်ခုဆိုရင်တောင် ကျွန်တော့်ကိုတော့ သက်ရောက်မှု မရှိပါဘူး၊ လက်စတာက ကျွန်တော့်ကိုဆက်ထိန်းထားချင်ခဲ့သလို သူတို့အသင်းကလည်းကောင်းမွန်တဲ့ ကလပ်အသင်းတစ်သင်းပါ”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ေနာက္ ၅ႏွစ္၊ ၆ ႏွစ္ေနမွ သူ႕ကိုအကဲျဖတ္ပါလို႔ ေျပာဆိုလုိက္တဲ့ မက္ဂြိဳင္းယား

ယူႏိုက္တက္ ေနာက္ခံလူသစ္ ဟယ္ရီမက္ဂြိဳင္းယားက သူအသင္းမွာရွိေနၿပီးေနာက္ ၅ ႏွစ္၊ ၆ ႏွစ္ေနမွ အကဲျဖတ္ဖို႔နဲ႕ ေအာင္ျမင္မႈေတြရရွိဖို႔ ကာလရွည္တြန္းအားေပး ႀကိဳးစားသြားမယ္လို႔ ပရိသတ္ေတြကိုေျပာဆိုလိုက္ပါတယ္။
ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ ေနာက္ဆံုး ၅ ပြဲမွာ သာမန္ပြဲကစားခ်ိန္အတြင္း ႏိုင္ပြဲရွာမေတြ႕ေသးဘဲ ဒီရာသီအေဝးကြင္းႏိုင္ပြဲတစ္ပြဲမွ မရရွိေသးတာျဖစ္ပါတယ္။
ဒါ့အျပင္ ယူႏုိက္တက္အသင္းဟာ ၿပီးခဲ့တဲ့အပတ္က စိန္႔ဂ်ိမ္းစ္ပတ္ခ္မွာ နယူးကာဆယ္အသင္းကို ၁-၀နဲ႔ ထပ္မံရံႈးပြဲ ၾကံဳေတြ႕ခဲ့ရပါေသးတယ္။ ဒါေပမဲ့ ေႏြရာသီမွာလက္စတာအသင္းကေန ေျပာင္းေရႊ႕လာခဲ့တဲ့ မက္ဂိြဳင္းယားကေတာ့ အသင္းဟာ ေရရွည္မွာတိုးတက္မႈေတြရွိလာလိိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။
ယူႏိုက္တက္တရားဝင္မဂၢဇင္းမွာ မက္ဂိြဳင္းယားက ”အသင္းတိုးတက္လာဖို႔ အေရးႀကီးဆံုးအရာက အခ်ိန္ယူရမွာပါ၊ ကာလရွည္ ျပဳျပင္ရမွာပါ ၊ ေနာက္ ၅ ႏွစ္၊ ၆ ႏွစ္ေလာက္ၾကာလို႔ ကၽြန္ေတာ္က ယူႏိုက္တက္ကို ေအာင္ျမင္မႈေတြ ယူေပးႏိုင္တယ္ (သို႔) မယူေပးႏိုင္ဘူးဆိုမွ အျပစ္တင္ၾကပါ”
”၅ ႏွစ္၊ ၆ ႏွစ္ေလာက္ အခ်ိန္ယူၿပီးရင္ ကၽြန္ေတာ္တို႔ ေအာင္ျမင္လာၿပီး ေအာင္ျမင္မႈေတြ အေျမာက္အမ်ားကိုယူႏိုက္တက္ကရယူႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ တကယ္ကိုယံုၾကည္မႈရွိပါတယ္”လို႔ ေျပာပါတယ္။
ဆက္လက္ၿပီး မက္ဂြိဳင္းယားက ”ကၽြန္ေတာ္တို႔ အသင္းတစ္သင္းအေနနဲ႔ အကုန္လံုးတိုးတက္လာဖို႔ လိုပါတယ္၊ ကၽြန္ေတာ္တစ္ေယာက္တည္းတိုးတက္လာလို႔ မရပါဘူး၊ ကၽြန္ေတာ္တို႔အသင္းတစ္သင္းအေနနဲ႔ အားလံုးတိုးတက္လာမယ္ဆိုရင္ ကၽြန္ေတာ္လည္း ေအာင္ျမင္မႈေတြရလာမယ္လို႔ ခံစားရပါတယ္”လို႔ ဆက္ေျပာပါတယ္။
မက္ဂိြဳင္းယားဟာ ယူႏိုက္တက္ရဲ႕ ခံစစ္မွာ ပြဲစဥ္တုိင္းပါဝင္ပြဲထြက္ကစားခြင့္ရေနတဲ့ ဗဟိုေနာက္ခံလူျဖစ္ၿပီးအသက္ ၂၆ ႏွစ္သားက ကမၻာ့ေစ်းအႀကီးဆံုးေနာက္ခံလူအျဖစ္ ေပါင္ သန္း ၈၀ ဆိုတ့ဲတန္ေၾကးက သူ႕ကိုလံုးဝအေႏွာင့္အယွက္ မျဖစ္ေစဘူးလုိ႔ ဆိုပါတယ္။
မက္ဂြြိဳင္းယားက “ဒီေျပာင္းေရႊ႕ေၾကးက ကၽြန္ေတာ့္ကိုအေႏွာင့္အယွက္ မျဖစ္ေစပါဘူး၊ အဲဒါဖိအားတစ္ခုဆိုရင္ေတာင္ ကၽြန္ေတာ့္ကိုေတာ့ သက္ေရာက္မႈ မရွိပါဘူး၊ လက္စတာက ကၽြန္ေတာ့္ကိုဆက္ထိန္းထားခ်င္ခဲ့သလို သူတို႔အသင္းကလည္းေကာင္းမြန္တဲ့ ကလပ္အသင္းတစ္သင္းပါ”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။