နောက်ဆုံးသွင်းဂိုး ၂ ဂိုးကြောင့် ကလပ်ဂိုးအရေအတွက်မှာ စီရော်နယ်ဒိုကို မက်ဆီကျော်တက်

photo-gettyimages

photo-gettyimages

ဘာစီလိုနာအတွက် သူ့ရဲ့နောက်ဆုံးသွင်းဂိုး ၂ ဂိုးကြောင့် မက်ဆီဟာ ကလပ်သွင်းဂိုးအရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် စီရော်နယ်ဒိုကို ကျော်တက်သွားပါတယ်။ တစ်ဦးချင်းဆုတံဆိပ်တွေနဲ့ စံချိန်မှတ်တမ်းတွေအတွက် မက်ဆီနဲ့စီရော်နယ်ဒိုတို့ကြားက ပြိုင်ဆိုင်မှုဟာ ဘောလုံးလောကကို စိုးမိုးထားတာ ဆယ်စုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်ပါတယ်။ အခုတော့ ဗယ်လာဒိုးလစ်နဲ့ပွဲက သွင်းဂိုး ၂ ဂိုးနဲ့အတူ ကလပ်သွင်းဂိုးအရေအတွက်မှာ စီရော်နယ်ဒိုထက် ရှေ့ရောက်သွားခဲ့ပါပြီ။

photo-gettyimages

မက်ဆီအနေနဲ့ ဘာစီလိုနာအတွက် ၆၉၅ မှာတင် ၆၀၈ ဂိုးသွင်းထားတာပါ။ စီရော်နယ်ဒိုကတော့ ကလပ်သွင်းဂိုး ၆၀၆ ဂိုးရှိထားပြီး အဲဒီအတွက် ပွဲပေါင်း ၈၁၃ ပွဲလိုအပ်ခဲ့ကာ စပို့တင်းလစ္စဘွန်း၊မန်ယူ၊ရီးရဲလ်မက်ဒရစ်နဲ့ဂျူဗင်တပ်တို့အတွက် သွင်းခဲ့တာပါ။ စီရော်နယ်ဒိုဟာ မက်ဆီထက်ရင် ၂ နှစ်စောပြီး အသင်းကြီးပွဲတွေကစားခဲ့ရတာကြောင့် အရင်က ကလပ်သွင်းဂိုးအရေအတွက်မှာ တောက်လျှောက်သာခဲ့တာပါ။ အခု စီရော်နယ်ဒိုက ၃၄ နှစ်ရှိပြီး မက်ဆီက ၃၂ နှစ်သာမို့ ရှေရှည်မှာတော့ ကလပ်သွင်းဂိုးအရေအတွက်မှာ မက်ဆီပဲဆက်သာဖို့ များသွားပါတယ်။

photo-gettyimages

ဒါပေမဲ့လည်း ကစားသမားဘ၀ စုစုပေါင်းသွင်းဂိုးအရေအတွက်မှာတော့ မက်ဆီဟာ စီရော်နယ်ဒို မမီသေးပါဘူး။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လကမှ ကစားသမားဘ၀ ဂိုး ၇၀၀ ပြည့်စံချိန်မှတ်တမ်းကို ရရှိထားတာပါ။ သူတို့ကြားက ပြိုင်ဆိုင်မှုဟာ လာမယ့်နှစ်အနည်းငယ်အထိ အကြိတ်အနယ်ဆန်ဦးမယ့်သဘောမှာ ရှိပါတယ်။

[Zawgyi]

ေနာက္ဆုံးသြငး္ဂိုး ၂ ဂိုးေၾကာင့္ ကလပ္ဂိုးအေရအတြက္မွာ စီေရာ္နယ္ဒိုကုိ မက္ဆီေက်ာ္တက္

ဘာစီလုိနာအတြက္ သူ႔ရဲ႕ေနာက္ဆုံးသြင္းဂိုး ၂ ဂိုးေၾကာင့္ မက္ဆီဟာ ကလပ္သြင္းဂိုးအေရအတြက္မွာ ပထမဆုံးအႀကိမ္အျဖစ္ စီေရာ္နယ္ဒိုကို ေက်ာ္တက္သြားပါတယ္။ တစ္ဦးခ်င္းဆုတံဆိပ္ေတြနဲ႔ စံခ်ိန္မွတ္တမ္းေတြအတြက္ မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔ၾကားက ၿပိဳင္ဆိုင္မႈဟာ ေဘာလုံးေလာကကို စိုးမိုးထားတာ ဆယ္စုႏွစ္တစ္ခုေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ အခုေတာ့ ဗယ္လာဒိုးလစ္နဲ႔ပြဲက သြင္းဂိုး ၂ ဂိုးနဲ႔အတူ ကလပ္သြင္းဂိုးအေရအတြက္မွာ စီေရာ္နယ္ဒုိထက္ ေရွ႕ေရာက္သြားခဲ့ပါၿပီ။

မက္ဆီအေနနဲ႔ ဘာစီလုိနာအတြက္ ၆၉၅ မွာတင္ ၆၀၈ ဂိုးသြင္းထားတာပါ။ စီေရာ္နယ္ဒိုကေတာ့ ကလပ္သြင္းဂိုး ၆၀၆ ဂိုးရွိထားၿပီး အဲဒီအတြက္ ပြဲေပါင္း ၈၁၃ ပြဲလိုအပ္ခဲ့ကာ စပို႔တင္းလစၥဘြန္း၊မန္ယူ၊ရီးရဲလ္မက္ဒရစ္နဲ႔ဂ်ဴဗင္တပ္တုိ႔အတြက္ သြင္းခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ မက္ဆီထက္ရင္ ၂ ႏွစ္ေစာၿပီး အသင္းႀကီးပြဲေတြကစားခဲ့ရတာေၾကာင့္ အရင္က ကလပ္သြင္းဂိုးအေရအတြက္မွာ ေတာက္ေလွ်ာက္သာခဲ့တာပါ။ အခု စီေရာ္နယ္ဒိုက ၃၄ ႏွစ္ရွိၿပီး မက္ဆီက ၃၂ ႏွစ္သာမို႔ ေရွရွည္မွာေတာ့ ကလပ္သြင္းဂိုးအေရအတြက္မွာ မက္ဆီပဲဆက္သာဖို႔ မ်ားသြားပါတယ္။

ဒါေပမဲ့လည္း ကစားသမားဘ၀ စုစုေပါင္းသြင္းဂိုးအေရအတြက္မွာေတာ့ မက္ဆီဟာ စီေရာ္နယ္ဒို မမီေသးပါဘူး။ စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့လကမွ ကစားသမားဘ၀ ဂိုး ၇၀၀ ျပည့္စံခ်ိန္မွတ္တမ္းကို ရရွိထားတာပါ။ သူတုိ႔ၾကားက ၿပိဳင္ဆိုင္မႈဟာ လာမယ့္ႏွစ္အနည္းငယ္အထိ အႀကိတ္အနယ္ဆန္ဦးမယ့္သေဘာမွာ ရွိပါတယ္။