နာပိုလီကို ဆွန်ဟောင်မင် ဘာကြောင့် မရောက်နိုင်ရမှာလဲလို့ အေးဂျင့်ဖြစ်သူမေးခွန်းပြန်ထုတ်

Photo Credit ; Getty Images

Photo Credit

တော့တင်ဟမ်ကြယ်ပွင့် ဆွန်ဟောင်မင်ဟာ အနာဂတ်မှာစီးရီးအေကလပ်အသင်းဖြစ်တဲ့ နာပိုလီကို ရောက်ရှိနိုင်တယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူသီးစ်ဘလီးမိုင်စတာကပြောပါတယ်။

Photo Credit

တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ၂၀၁၅ ခုနှစ်က လေဗာကူဆင်ကနေ တော့တင်ဟမ်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ပုံစံကောင်းတစ်ခုကိုဖော်ပြထားနိုင်ခဲ့ပါတယ်။

Photo Credit

တောင်ကိုရီးယားကြယ်ပွင့်ဟာ စပါးအသင်းအတွက် ဂိုး ၇၀ သွင်းယူပေးထားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ရာမှာလည်း အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ကစားပေးခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ဒီရာသီမှာတော့ ဆွန်က သွင်းဂိုး ၃ ဂိုးသာသွင်းယူပေးထားနိုင်ပြီး အီတလီကလပ်ကိုပြောင်းရွှေ့ဖို့ကိုလည်း အသက် ၂၇ နှစ်သားက စိတ်ဝင်စားနိုင်ပါတယ်။

Photo Credit

“ကျွန်တေ်ာဘယ်တော့မှ နာပိုလီကို ကစားသမားမရောင်းပါဘူး၊ ဒါပေမဲ့ ကျွန်တော် ဒီယေဂိုမာရာဒိုနာကို အရမ်းကြိုက်ပါတယ်၊ သူက ကျွန်တော်အကြိုက်ဆုံးကစားသမားပါ၊ သူကနာပိုလီအတွက် ကစားပေးခဲ့ပါတယ်”လို့ ဘလီးမိုင်စတာက ပြောပါတယ်။

Photo Credit

ဆက်လက်ပြီး “ကျွန်တော် ပြီးခဲ့တဲ့ကာလတွေက လက်ရှိနာပိုလီမှာမရှိတော့တဲ့ အသင်းရဲ့တာဝန်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ဖူးပါတယ်၊ ဒါကြောင့် ဒီအခွင့်အရေးကိုအသုံးချပြီး ဆွန်အတွက် ဆွေးနွေးဖို့ လွယ်ကူပါလိမ့်မယ်”လို့ ဆက်ပြောပါတယ်။

Photo Credit

ဘလီးမိုင်စတာက ” နာပိုလီကို ဆွန်ဟောင်မင် မရောက်နိုင်ဘူးလား၊ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ၊ ဘောလုံးမှာမဖြစ်နိုင်ဘူးဆိုတာဘာမှ မရှိပါဘူး၊ ဆွန်က အီတလီအစားအစာတွေနဲ့ အီတလီလူမျိုးတွေကိုနှစ်သက်ပါတယ်၊ သူ့ရဲ့တန်ကြေးက မြင့်မားတာကြောင့် တော့တင်ဟမ်ကနေခေါ်ယူဖို့ဆိုတာမလွယ်ကူပေမယ့် တစ်နေ့မှာတော့ ဘယ်သူပြောနိုင်မှာလဲ”လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

နာပိုလီကို ဆြန္ေဟာင္မင္ ဘာေၾကာင့္ မေရာက္ႏိုင္ရမွာလဲလို႔ ေအးဂ်င့္ျဖစ္သူေမးခြန္းျပန္ထုတ္

ေတာ့တင္ဟမ္ၾကယ္ပြင့္ ဆြန္ေဟာင္မင္ဟာ အနာဂတ္မွာစီးရီးေအကလပ္အသင္းျဖစ္တဲ့ နာပိုလီကို ေရာက္ရွိႏိုင္တယ္လုိ႔ သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူသီးစ္ဘလီးမိုင္စတာကေျပာပါတယ္။
တိုက္စစ္မွဴး ဆြန္ေဟာင္မင္ဟာ ၂၀၁၅ ခုႏွစ္က ေလဗာကူဆင္ကေန ေတာ့တင္ဟမ္ကိုေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႔ ဥေရာပမွာ အေကာင္းဆံုးတိုက္စစ္မွဴးတစ္ဦးအျဖစ္ ပံုစံေကာင္းတစ္ခုကိုေဖာ္ျပထားႏိုင္ခဲ့ပါတယ္္။
ေတာင္ကိုရီးယားၾကယ္ပြင့္ဟာ စပါးအသင္းအတြက္ ဂိုး ၇၀ သြင္းယူေပးထားခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပဲြအထိ တက္ေရာက္ႏုိင္ခဲ့ရာမွာလည္း အသင္းအတြက္ အေရးပါတဲ့ အခန္းက႑ကေနပါဝင္ကစားေပးခဲ့ပါတယ္။
ဒါေပမ့ဲ ဒီရာသီမွာေတာ့ ဆြန္က သြင္းဂိုး ၃ ဂိုးသာသြင္းယူေပးထားႏိုင္ၿပီး အီတလီကလပ္ကိုေျပာင္းေရႊ႕ဖို႔ကိုလည္း အသက္ ၂၇ ႏွစ္သားက စိတ္ဝင္စားႏိုင္ပါတယ္။
“ကၽြန္ေတ္ာဘယ္ေတာ့မွ နာပိုလီကို ကစားသမားမေရာင္းပါဘူး၊ ဒါေပမဲ့ ကၽြန္ေတာ္ ဒီေယဂိုမာရာဒိုနာကို အရမ္းၾကိဳက္ပါတယ္၊ သူက ကၽြန္ေတာ္အႀကိဳက္ဆံုးကစားသမားပါ၊ သူကနာပိုလီအတြက္ ကစားေပးခဲ့ပါတယ္”လုိ႔ ဘလီးမိုင္စတာက ေျပာပါတယ္။
ဆက္လက္ၿပီး “ကၽြန္ေတာ္ ၿပီးခဲ့တဲ့ကာလေတြက လက္ရွိနာပိုလီမွာမရွိေတာ့တဲ့ အသင္းရဲ႕တာဝန္ရွိသူေတြနဲ႔ စကားေျပာဆိုခဲ့ဖူးပါတယ္၊ ဒါေၾကာင့္ ဒီအခြင့္အေရးကိုအသုံးခ်ၿပီး ဆြန္အတြက္ ေဆြးေႏြးဖို႔ လြယ္ကူပါလိမ့္မယ္”လို႔ ဆက္ေျပာပါတယ္။
ဘလီးမိုင္စတာက ” နာပိုလီကို ဆြန္ေဟာင္မင္ မေရာက္ႏိုင္ဘူးလား၊ ဘာေၾကာင့္ မျဖစ္ႏိုင္ရမွာလဲ၊ ေဘာလံုးမွာမျဖစ္ႏိုင္ဘူးဆိုတာဘာမွ မရွိပါဘူး၊ ဆြန္က အီတလီအစားအစာေတြနဲ႕ အီတလီလူမ်ိဳးေတြကိုနွစ္သက္ပါတယ္၊ သူ႕ရဲ႕တန္ေၾကးက ျမင့္မားတာေၾကာင့္ ေတာ့တင္ဟမ္ကေနေခၚယူဖုိ႔ဆိုတာမလြယ္ကူေပမယ့္ တစ္ေန႔မွာေတာ့ ဘယ္သူေျပာႏိုင္မွာလဲ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။