ဒုိင္နမိုဇာဂရက္နဲ႔ပြဲကို စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္း လြဲေခ်ာ္ရေတာ့မည္

Photo Credit

Photo Credit

စီးတီးအတြက္ သတင္းဆုိးတစ္ရပ္အျဖစ္ အားထားရတဲ့ကြင္းလယ္လူ ဒီဘ႐ိုင္းဟာ ေပါင္ၿခံဒဏ္ရာေၾကာင့္ ယေန႔ည ဒိုင္နမိုဇာဂရက္နဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ကို လြဲေခ်ာ္ရေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

စီးတီးနည္းျပဂြါဒီယိုလာက စေနေန႔မွာ အဲဗာတန္ကို ၁-၃ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္ ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဒီဘ႐ိုင္းရဲ႕ႀကံ့ခိုင္မႈနဲ႔ပတ္သက္လုိ႔ ေရငုံႏႈတ္ပိတ္ေနခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ဒိုင္နမုိဇာဂရက္နဲ႔ပဲြကို လြဲေခ်ာ္ရေတာ့မွာျဖစ္တဲ့အျပင္ တနဂၤေႏြေန႔မွာကစားရမယ့္ ၀ုဗ္နဲ႔ပြဲမွာ ပါ၀င္ႏုိင္ဖို႔လည္း ေနာက္ထပ္စမ္းသပ္မႈေတြျပဳလုပ္ရေတာ့မွာျဖစ္ပါတယ္။

Photo Credit

ဒီဘ႐ိုင္းဟာ ၿပီးခဲ့တဲ့တနလၤာေန႔ကျပဳလုပ္ခဲ့တဲ့အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြကုိ လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ယေန႔မွာ စီးတီးက အထက္ပါအတိုင္းတရား၀င္သတင္းထုတ္ျပန္ခဲ့တာျဖစ္ၿပီး ယမန္ႏွစ္ရာသီက ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆုိင္ခဲ့ရတဲ့ဒီဘ႐ိုင္းဟာ ယခုရာသီ ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္ပြဲတုိင္းမွာ ပါ၀င္ကစားထားပါတယ္။

Photo Credit ; PA

ဒီဘ႐ိုင္းဟာ ပြဲၿပီးဖို႔ ၁၀မိနစ္အလုိမွာ အဲဗာတန္ကြင္းလယ္လူ ေမာ္ဂန္ရွႏိုက္ဒါ ၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့မႈနဲ႔ပတ္သက္လုိ႔ မေပ်ာ္မရႊင္ျဖစ္ခဲ့ၿပီး ၿပိဳင္ဘက္ကုိ စကားေတြ ေျပာဆိုခဲ့ကာ ပြဲၿပီးခါနီးမွာေတာ့ ေဒးဗစ္ေဆးလ္ဗားနဲ႔ လူစားလဲခံခဲ့ရပါတယ္။

Photo Credit

စီးတီးမွာ ဒဏ္ရာေနတဲ့ ဂၽြန္စတုန္းနဲ႔လာေပၚတီတုိ႔လည္း ယခုပြဲကို ဆက္လက္လြဲေခ်ာ္ရမွာျဖစ္ၿပီး အသင္းတာ၀န္ရွိသူေတြကေတာ့ ဒီဘ႐ိုင္းအေနနဲ႔ ယခုရက္သတၱပတ္အကုန္မွာ ျပန္ကစားႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit

လီဗာပူးဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၇ၿပီးဆုံးခ်ိန္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔အတူ အမွတ္ေပးဇယားကို ဦးေဆာင္ေနၿပီး ဒုတိယေနရာက စီးတီးကို ၅ မွတ္အထိ ျဖတ္ထားပါတယ္။

Photo Credit

Unicode

ဒိုင်နမိုဇာဂရက်နဲ့ပွဲကို စီးတီးကွင်းလယ်လူ ဒီဘရိုင်း လွဲချော်ရတော့မည်

စီးတီးအတွက် သတင်းဆိုးတစ်ရပ်အဖြစ် အားထားရတဲ့ကွင်းလယ်လူ ဒီဘရိုင်းဟာ ပေါင်ခြံဒဏ်ရာကြောင့် ယနေ့ည ဒိုင်နမိုဇာဂရက်နဲ့ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ကြောင်း သိရပါတယ်။
စီးတီးနည်းပြဂွါဒီယိုလာက စနေနေ့မှာ အဲဗာတန်ကို ၁-၃ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ ရေငုံနှုတ်ပိတ်နေခဲ့ပေမယ့် အခုချိန်မှာတော့ ဒိုင်နမိုဇာဂရက်နဲ့ပွဲကို လွဲချော်ရတော့မှာဖြစ်တဲ့အပြင် တနင်္ဂနွေနေ့မှာကစားရမယ့် ဝုဗ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့လည်း နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ရတော့မှာဖြစ်ပါတယ်။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို လွဲချော်ခဲ့ရပြီးနောက် ယနေ့မှာ စီးတီးက အထက်ပါအတိုင်းတရားဝင်သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ယမန်နှစ်ရာသီက ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ဒီဘရိုင်းဟာ ယခုရာသီ ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ပါဝင်ကစားထားပါတယ်။
ဒီဘရိုင်းဟာ ပွဲပြီးဖို့ ၁၀မိနစ်အလိုမှာ အဲဗာတန်ကွင်းလယ်လူ မော်ဂန်ရှနိုက်ဒါ ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့မှုနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်ခဲ့ပြီး ပြိုင်ဘက်ကို စကားတွေ ပြောဆိုခဲ့ကာ ပွဲပြီးခါနီးမှာတော့ ဒေးဗစ်ဆေးလ်ဗားနဲ့ လူစားလဲခံခဲ့ရပါတယ်။
စီးတီးမှာ ဒဏ်ရာနေတဲ့ ဂျွန်စတုန်းနဲ့လာပေါ်တီတို့လည်း ယခုပွဲကို ဆက်လက်လွဲချော်ရမှာဖြစ်ပြီး အသင်းတာဝန်ရှိသူတွေကတော့ ဒီဘရိုင်းအနေနဲ့ ယခုရက်သတ္တပတ်အကုန်မှာ ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ပြီးဆုံးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက စီးတီးကို ၅ မှတ်အထိ ဖြတ်ထားပါတယ်။