ဒီဂီယာနဲ့ပေါ့ဂ်ဘာတို့ လီဗာပူးနဲ့ပွဲကို လွဲမှာမို့ မန်ယူရဲ့ဒဏ်ရာအကျပ်အတည်းပိုမိုဆိုးရွားလာ

photo-gettyimages

photo-gettyimages

မန်ယူဟာ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားမယ့် ဇယားထိပ်ဆုံးက လီဗာပူးနဲ့ပွဲကို အဓိကကစားသမားတွေထဲက ဂိုးသမားဒေးဗစ်ဒီဂီယာနဲ့ ကွင်းလယ်လူပေ့ါဂ်ဘာတို့မပါဝင်ဘဲနဲ့ ပြင်ဆင်ရတော့မှာပါ။ ဒါကြောင့်လည်း မန်ယူရဲ့ဒဏ်ရာအကျပ်အတည်းဟာ ပိုမိုဆိုးရွားလာပါတယ်။ ဒီဂီယာဟာ စပိန်အတွက် ကစားခဲ့တဲ့ ဆွီဒင်နဲ့ ယူရိုခြေစစ်ပွဲမှာ ပေါင်ဒဏ်ရာရခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ချဲလ်ဆီးဂိုးသမားကီပါနဲ့ လူစားလဲမှုတောင် ပြုလုပ်လိုက်ရပါတယ်။

photo-gettyimages

အခုတော့ အဲဒီစပိန်ဂိုးသမားကို ကလပ်ရဲ့ဆေးအဖွဲ့က ထပ်မံစစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ဦးမှာပါ။ မန်ယူနည်းပြဆိုးလ်ရှားကတော့ ဒီဂီယာ ကစားနိုင်ဖွယ်မရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။တကယ်လို့ ဒီဂီယာသာ သေချာပေါက်မကစားနိုင်ခဲ့ရင် အရန်ဂိုးသမားရိုမီရိုက လီဗာပူးနဲ့ပွဲမှာ ပွဲထွက်ပါဝင်မှာပါ။ အာဂျင်တီးနားလက်ရွေးစင်ရိုမီရိုအတွက် ၁၇ လအတွင်းမှာ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်လည်း ဖြစ်လာမှာပါ။

photo-gettyimages

ဒါ့အပြင် မန်ယူအသင်းမှာ ကွင်းလယ်လူပေါ့ဂ်ဘာကလည်း ဒဏ်ရာတွေကနေ ပြန်လည်သက်သာကာစပဲ ရှိပါသေးတယ်။ အဲဒီပြင်သစ်ကွင်းလယ်လူဟာ ဒဏ်ရာကြောင့် သြဂုတ်လကတည်းက ၂ ပွဲသာ ကစားရသေးတာပါ။ ပေါ့ဂ်ဘာဟာ အခုလကုန်ထိတိုင်အောင် မကစားနိုင်ဘူးလို့ မျှော်လင့်ရပါတယ်။ လီဗာပူးနဲ့ပွဲကို ပေ့ါဂ်ဘာပါနိုင်မလားမေးတော့ ဆိုးလ်ရှားက မဖြစ်နိုင်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲအမီ ဒဏ်ရာရကစားသမားအများစု ပြန်ကစားနိုင်ဖို့ မန်ယူဘက်က မျှော်လင့်နေပေမယ့် လုခ်ရှော၊လင်ဂတ်နဲ့ဒါလော့တို့အားလုံးဟာ ရုန်းကန်နေရဆဲပဲလို့ နားလည်ရပါတယ်။ ၂ လနီးပါးလောက် မကစားခဲ့ရတဲ့မာရှယ်ကလည်း ပြန်လည်ကြံ့ခိုင်နေပြီဖြစ်ပေမယ့် လီဗာပူးနဲ့ပွဲမတိုင်ခင် ၃ ရက်အလိုအထိ အသင်းနဲ့လေ့ကျင့်ခန်းဆင်းခြင်းမရှိသေးပါဘူး။ နောက်ဆုံး ၃ ပွဲလွဲခဲ့တဲ့ နောက်ခံလူဘစ်ဆာကာလည်း အဲဒီလိုအခြေအနေမှာပါပဲ။

[Zawgyi]

ဒီဂီယာနဲ႔ေပါ့ဂ္ဘာတုိ႔ လီဗာပူးနဲ႔ပြဲကို လြဲမွာမို႔ မန္ယူရဲ႕ဒဏ္ရာအက်ပ္အတည္းပိုမိုဆုိးရြားလာ

မန္ယူဟာ အိမ္ကြင္းအိုးလ္ထရက္ဖုိ႔ဒ္မွာ လက္ခံကစားမယ့္ ဇယားထိပ္ဆုံးက လီဗာပူးနဲ႔ပြဲကို အဓိကကစားသမားေတြထဲက ဂိုးသမားေဒးဗစ္ဒီဂီယာနဲ႔ ကြင္းလယ္လူေပ့ါဂ္ဘာတို႔မပါ၀င္ဘဲနဲ႔ ျပင္ဆင္ရေတာ့မွာပါ။ ဒါေၾကာင့္လည္း မန္ယူရဲ႕ဒဏ္ရာအက်ပ္အတည္းဟာ ပိုမိုဆုိးရြားလာပါတယ္။ ဒီဂီယာဟာ စပိန္အတြက္ ကစားခဲ့တဲဲ့ ဆီြဒင္နဲ႔ ယူရိုေျခစစ္ပြဲမွာ ေပါင္ဒဏ္ရာရခဲ့တာျဖစ္ၿပီး အဲဒီပြဲမွာ ခ်ဲလ္ဆီးဂိုးသမားကီပါနဲ႔ လူစားလဲမႈေတာင္ ျပဳလုပ္လုိက္ရပါတယ္။

အခုေတာ့ အဲဒီစပိန္ဂိုးသမားကို ကလပ္ရဲ႕ေဆးအဖြဲ႕က ထပ္မံစစ္ေဆးစမ္းသပ္မႈေတြ ျပဳလုပ္ဦးမွာပါ။ မန္ယူနည္းျပဆုိးလ္ရွားကေတာ့ ဒီဂီယာ ကစားႏုိင္ဖြယ္မရွိဘူးလုိ႔ ၀န္ခံခဲ့ပါတယ္။တကယ္လုိ႔ ဒီဂီယာသာ ေသခ်ာေပါက္မကစားႏိုင္ခဲ့ရင္ အရန္ဂိုးသမားရိုမီရိုက လီဗာပူးနဲ႔ပြဲမွာ ပြဲထြက္ပါ၀င္မွာပါ။ အာဂ်င္တီးနားလက္ေရြးစင္ရိုမီရိုအတြက္ ၁၇ လအတြင္းမွာ ပထမဆုံးပရီးမီးယားလိဂ္ပြဲစဥ္လည္း ျဖစ္လာမွာပါ။

ဒါ့အျပင္ မန္ယူအသငး္မွာ ကြငး္လယ္လူေပါ့ဂ္ဘာကလည္း ဒဏ္ရာေတြကေန ျပန္လည္သက္သာကာစပဲ ရွိပါေသးတယ္။ အဲဒီျပင္သစ္ကြငး္လယ္လူဟာ ဒဏ္ရာေၾကာင့္ ၾသဂုတ္လကတည္းက ၂ ပြဲသာ ကစားရေသးတာပါ။ ေပါ့ဂ္ဘာဟာ အခုလကုန္ထိတုိင္ေအာင္ မကစားႏိုင္ဘူးလို႔ ေမွ်ာ္လင့္ရပါတယ္။ လီဗာပူးနဲ႔႔ပြဲကို ေပ့ါဂ္ဘာပါႏိုင္မလားေမးေတာ့ ဆုိးလ္ရွားက မျဖစ္ႏိုင္ဘူးလို႔ ျပန္ေျဖခဲ့ပါတယ္။ လီဗာပူးနဲ႔ပဲြအမီ ဒဏ္ရာရကစားသမားအမ်ားစု ျပန္ကစားႏိုင္ဖို႔ မန္ယူဘက္က ေမွ်ာ္လင့္ေနေပမယ့္ လုခ္ေရွာ၊လင္ဂတ္နဲ႔ဒါေလာ့တုိ႔အားလုံးဟာ ရုန္းကန္ေနရဆဲပဲလုိ႔ နားလည္ရပါတယ္။ ၂ လနီးပါးေလာက္ မကစားခဲ့ရတဲ့မာရွယ္ကလည္း ျပန္လည္ႀကံ႕ခိုင္ေနၿပီျဖစ္ေပမယ့္ လီဗာပူးနဲ႔ပြဲမတိုင္ခင္ ၃ ရက္အလိုအထိ အသင္းနဲ႔ေလ့က်င့္ခန္းဆင္းျခင္းမရွိေသးပါဘူး။ ေနာက္ဆုံး ၃ ပြဲလြဲခဲ့တဲ့ ေနာက္ခံလူဘစ္ဆာကာလည္း အဲဒီလိုအေျခအေနမွာပါပဲ။