ဒန်နီရယ်ဂျိမ်းစ် သတိမေ့ခဲ့ပုံရတာကို သရုပ်ဆောင်ခဲ့တာလို့ ဆိုခဲ့တဲ့ ရိုင်ယန်ဂစ် ပြင်းထန်စွာဝေဖန်ခံနေရ

0
1255

Photo Credit

Photo Credit ; Getty Images / AFP

ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါနဲ့ ဒဏ်ရာရသူတွေအတွက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Headway က တနင်္ဂနွေညမှာ ဝေးလ်အသင်းတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် မတော်တဆသတိလစ်မေ့မြောသွားပုံရခဲ့တာနဲ့ပတ်သက်လို့ ဝေးလ်နည်းပြ ရိုင်ယန်ဂစ်က ဂျိမ်းစ်တစ်ယောက် ပါးရည်နပ်ရည်ရှိတယ်လို့ အံ့အားသင့်ဖွယ်ဖွင့်ဟခဲ့ခြင်းအပေါ် ပြင်းထန်စွာဝေဖန်သွားပါတယ်။

Photo Credit

ယူနိုက်တက်တောင်ပံကစားသမား ဂျိမ်းစ်ဟာ ခရိုအေးရှားအသင်းနဲ့ကစားခဲ့တဲ့ဝေးလ်အသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ပြိုင်ဘက်နောက်ခံလူ ဗီဒါရဲ့ကြမ်းတမ်းစွာကစားမှုကြောင့် မြက်ခင်းပေါ် ပြုတ်ကျကာ သတိလစ်မေ့မြောသွားတဲ့အနေအထားဖြစ်သွားခဲ့ပြီး ကွင်းထဲမှာပဲ မိနစ်ပေါင်းများစွာကြာအောင် လဲနေခဲ့ပါတယ်။

Photo Credit ; EPA

ဆေးအဖွဲ့ဝင်တွေလည်း ကွင်းထဲအလျင်အမြန်ပေးလွှားကာ အရေးပေါ်ဆေးကုသမှုပြုလုပ်ခဲ့ပြီးနောက် ဂျိမ်းစ်လည်း ပြန်ကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာ ဂစ်က ဂျိမ်းစ်အနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo Credit

၁-၁ ဂိုးသရေကျခဲ့တဲ့အဲဒီပွဲအပြီးမှာ ဂစ်က ”ဒန်နီရယ်ဂျိမ်းစ်ဟာ မြက်ခင်းပေါ်ပြုတ်ကျခဲ့ပြီးနောက် သရုပ်ဆောင်ကောင်းကောင်းနဲ့ မြက်ခင်းပေါ်မှာ ဆက်နေခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအဖွဲ့က ကွင်းထဲဝင်သွားပြီး ဆေးကုပေးခဲ့ပါတယ်။ ကျွန်တော်တို့လည်း ပထမပိုင်းအပြီးမှာ သူ့ကို စစ်ဆေးသင့်တာအားလုံး စစ်ဆေးခဲ့ပါတယ်။ သူလည်း အားလုံးအေးဆေးပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

အဲဒီမှတ်ချက်နဲ့ပတ်သက်လို့ Headway က အံ့အားသင့်တုန်လှုပ်စရာကောင်းတဲ့မှတ်ချက်ဖြစ်ကြောင်း တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ”တကယ်လို့ ဒန်နီရယ်ဂျိမ်းစ်သာ ဂစ်ပြောသလို သရုပ်ဆောင်ခဲ့တာဆိုရင် ပြင်းထန်တဲ့သတိလစ်မေ့မြောမှုနဲ့ပတ်သက်လို့ ကစားသမားတွေရဲ့သိနားလည်မှုအကြောင်း မေးခွန်းတွေက ပိုမိုများပြားလာနိုင်ပါတယ်”

Photo Credit

”အဲဒီလိုဆိုရင် ဂျိမ်းစ်ဟာ သူ့ရဲ့ဆေးအဖွဲ့ကို ပြင်းထန်လွန်းတဲ့ဖိအားအောက် တွန်းပို့လိုက်တာဖြစ်သလို စေ့စပ်မှုအတွက်လည်း မတရားပါဘူး။ ဒါပေမဲ့ အဲဒီပွဲကို ကြည့်နေတဲ့ သန်းပေါင်းများစွာသောလူတွေအတွက် တကယ့်ကိုအန္တရာယ်ကြီးတဲ့ ဥပမာဖြစ်ပါတယ်။ ပြီးတော့ ပါးရည်နပ်ရည်ရှိတယ်၊ မြို့ရည်လည်တယ်ဆိုတဲ့စကားလုံးနဲ့ပတ်သက်လို့လည်း တကယ့်ကိုစိုးရိမ်မိပါတယ်”လို့ Headway အဖွဲ့အမှုဆောင်အရာရှိချုပ် ပီတာမက်ကာဘေးက ဆိုပါတယ်။

Photo Credit

ကာယကံရှင်ဖြစ်သူကတော့ ”ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့တာမှန်ပေမယ့် ဒီလိုပွဲမျိုးမှာ အခုလိုမျိုးဖျက်ထုတ်မှုတွေကို ကိုယ့်ဘက်က အမြဲတမ်းမျှော်လင့်ထားရပါမယ်။ ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး။ ဗီဒါရဲ့ဖျက်ထုတ်မှုက ကျွန်တော့်ခေါင်းကို ထိခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ ကျွန်တော် သတိလစ်သွားတာမျိုးမဖြစ်ခဲ့ပါဘူး”လို့ ပြောပါတယ်။

Photo Credit

Zawgyi

ဒန္နီရယ္ဂ်ိမ္းစ္ သတိေမ့ခ့ဲပုံရတာကို သ႐ုပ္ေဆာင္ခဲ့တာလုိ႔ ဆိုခဲ့တဲ့ ႐ိုင္ယန္ဂစ္ ျပင္းထန္စြာေ၀ဖန္ခံေနရ

ဦးေႏွာက္ပိုင္းဆုိင္ရာ ေရာဂါနဲ႔ ဒဏ္ရာရသူေတြအတြက္ လူမႈအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Headway က တနဂၤေႏြညမွာ ေ၀းလ္အသင္းေတာင္ပံကစားသမား ဒန္္နီရယ္ဂ်ိမ္းစ္ မေတာ္တဆသတိလစ္ေမ့ေျမာသြားပုံရခဲ့တာနဲ႔ပတ္သက္လုိ႔ ေ၀းလ္နည္းျပ ႐ိုင္ယန္ဂစ္က ဂ်ိမ္းစ္တစ္ေယာက္ ပါးရည္နပ္ရည္ရိွတယ္လုိ႔ အံ့အားသင့္ဖြယ္ဖြင့္ဟခဲ့ျခင္းအေပၚ ျပင္းထန္စြာေ၀ဖန္သြားပါတယ္။
ယူႏိုက္တက္ေတာင္ပံကစားသမား ဂ်ိမ္းစ္ဟာ ခ႐ိုေအးရွားအသင္းနဲ႔ကစားခဲ့တဲ့ေ၀းလ္အသင္းရဲ႕ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူ ဗီဒါရဲ႕ၾကမ္းတမ္းစြာကစားမႈေၾကာင့္ ျမက္ခင္းေပၚ ျပဳတ္က်ကာ သတိလစ္ေမ့ေျမာသြားတဲ့အေနအထားျဖစ္သြားခဲ့ၿပီး ကြင္းထဲမွာပဲ မိနစ္ေပါင္းမ်ားစြာၾကာေအာင္ လဲေနခဲ့ပါတယ္။
ေဆးအဖြဲ႕၀င္ေတြလည္း ကြင္းထဲအလ်င္အျမန္ေပးလႊားကာ အေရးေပၚေဆးကုသမႈျပဳလုပ္ခဲ့ၿပီးေနာက္ ဂ်ိမ္းစ္လည္း ျပန္ကစားႏိုင္ခဲ့ၿပီး ပြဲအၿပီးမွာ ဂစ္က ဂ်ိမ္းစ္အေနနဲ႔ သ႐ုပ္ေဆာင္ခဲ့တာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
၁-၁ ဂိုးသေရက်ခဲ့တဲ့အဲဒီပြဲအၿပီးမွာ ဂစ္က ”ဒန္နီရယ္ဂ်ိမ္းစ္ဟာ ျမက္ခင္းေပၚျပဳတ္က်ခဲ့ၿပီးေနာက္ သ႐ုပ္ေဆာင္ေကာင္းေကာင္းနဲ႔ ျမက္ခင္းေပၚမွာ ဆက္ေနခဲ့ပါတယ္။ ဒါေပမဲ့ ေဆးအဖြဲ႕က ကြင္းထဲ၀င္သြားၿပီး ေဆးကုေပးခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔လည္း ပထမပိုင္းအၿပီးမွာ သူ႕ကို စစ္ေဆးသင့္တာအားလုံး စစ္ေဆးခဲ့ပါတယ္။ သူလည္း အားလုံးေအးေဆးပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။
အဲဒီမွတ္ခ်က္နဲ႔ပတ္သက္လုိ႔ Headway က အံ့အားသင့္တုန္လႈပ္စရာေကာင္းတဲ့မွတ္ခ်က္ျဖစ္ေၾကာင္း တနလၤာေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ”တကယ္လုိ႔ ဒန္နီရယ္ဂ်ိမ္းစ္သာ ဂစ္ေျပာသလို သ႐ုပ္ေဆာင္ခဲ့တာဆိုရင္ ျပင္းထန္တဲ့သတိလစ္ေမ့ေျမာမႈနဲ႔ပတ္သက္လုိ႔ ကစားသမားေတြရဲ႕သိနားလည္မႈအေၾကာင္း ေမးခြန္းေတြက ပိုမိုမ်ားျပားလာႏိုင္ပါတယ္”
”အဲဒီလုိဆုိရင္ ဂ်ိမ္းစ္ဟာ သူ႕ရဲ႕ေဆးအဖြဲ႕ကို ျပင္းထန္လြန္းတဲ့ဖိအားေအာက္ တြန္းပို႔လုိက္တာျဖစ္သလို ေစ့စပ္မႈအတြက္လည္း မတရားပါဘူး။ ဒါေပမဲ့ အဲဒီပြဲကို ၾကည့္ေနတဲ့ သန္းေပါင္းမ်ားစြာေသာလူေတြအတြက္ တကယ့္ကိုအႏၱရာယ္ႀကီးတဲ့ ဥပမာျဖစ္ပါတယ္။ ၿပီးေတာ့ ပါးရည္နပ္ရည္ရွိတယ္၊ ၿမိဳ႕ရည္လည္တယ္ဆုိတဲ့စကားလုံးနဲ႔ပတ္သက္လုိ႔လည္း တကယ့္ကိုစုိးရိမ္မိပါတယ္”လုိ႔ Headway အဖြဲ႕အမႈေဆာင္အရာရွိခ်ဳပ္ ပီတာမက္ကာေဘးက ဆုိပါတယ္။
ကာယကံရွင္ျဖစ္သူကေတာ့ ”ပြဲၾကမ္းတစ္ပြဲျဖစ္ခဲ့တာမွန္ေပမယ့္ ဒီလုိပြဲမ်ိဳးမွာ အခုလိုမ်ိဳးဖ်က္ထုတ္မႈေတြကို ကုိယ့္ဘက္က အၿမဲတမ္းေမွ်ာ္လင့္ထားရပါမယ္။ ကၽြန္ေတာ္လည္း ဘာမွမျဖစ္ပါဘူး။ ဗီဒါရဲ႕ဖ်က္ထုတ္မႈက ကၽြန္ေတာ့္ေခါင္းကို ထိခဲ့ေပမယ့္ ကံေကာင္းစြာနဲ႔ပဲ ကၽြန္ေတာ္ သတိလစ္သြားတာမ်ိဳးမျဖစ္ခဲ့ပါဘူး”လုိ႔ ေျပာပါတယ္။