ထရစ်ပီယာကို ရွန်းနီလို့ ရွှတ်နောက်နောက်နဲ့ နာမည်ပြောင်ပေးထားတဲ့ ဒီယေဂိုကော်စတာ

photo-daily mail

photo-AP

အက်သလက်တီကိုညာနောက်ခံလူသစ်ထရစ်ပီယာက အသင်းဖော်ဒီယေဂိုကော်စတာဟာ သူ့ကို ရွန်းနီလို့ နာမည်ပြောင်ပေးထားကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီစပါးနောက်ခံလူဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ပေါင်သန်း ၂၀ နဲ့ အက်သလက်တီကိုကို ရောက်လာခဲ့တာပါ။ အက်သလက်တီကိုနဲ့အတူ အချိန်တိုလေးအတွင်းမှာပဲ အသားကျခဲ့သူ ဖြစ်ပါတယ်။

photo-gettyimages

ဒါ့အပြင် ထရစ်ပီယာက ပရီးမီးယားလိဂ်မှာကတည်းက သိကျွမ်းခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှုးဟောင်းဒီယေဂိုကော်စတာနဲ့လည်း ကွင်းတွင်းကွင်းပြင် အတွဲညီနေပါတယ်။ ကော်စတာဟာ အမြဲတမ်းနောက်နောက်ပြောင်ပြောင်သမားမို့ ထရစ်ပီယာကိုလည်း ရွှတ်နောက်နောက်နဲ့ နာမည်ပြောင်ပေးထားကာ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီကို ရည်ညွန်းတဲ့အနေနဲ့ ရွန်းနီလို့ အမြဲတမ်းခေါ်နေတာပါ။ အဲဒီအကြောင်းကို ထရစ်ပီယာက နာမည်ကြီးစပိန်အားကစားသတင်းစာဖြစ်တဲ့ မာကာမှာ ဖွင့်ဟခဲ့တာပါ။

photo-SOPA images

”သူက ကျွန်တော့်ကို ရွန်းနီလို့ တစ်နေ့ ၁၀ ကြိမ်လောက်ခေါ်တယ်ဗျာ။ နောက်ပြောင်တဲ့အနေနဲ့ တစ်ချိန်လုံး အဲဒီလိုပဲ ခေါ်နေတာပါ။ ဒါပေမဲ့ ကော်စတာဖြစ်နေလို့ ကျွန်တော်ကလည်း ဂရုမစိုက်ပါဘူး။ သူအမြဲတမ်းရယ်စရာတွေလုပ်တာကို ကျွန်တော်ကြိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာကတည်းက ကျွန်တော် သူ့ကို သိခဲ့တာပါ။ ကျွန်တော်နဲ့ကစားဖူးသမျှသူတွေထဲမှာ ကော်စတာဟာ အရယ်ရဆုံးကစားသမားပါပဲ။ ဒီမှာရှိတဲ့သူတိုင်းက နောက်ပြောင်ကြပါတယ်။ ဒါပေမဲ့ ကော်စတာကတော့ အရယ်ရဆုံးပါ”လို့ ထရစ်ပီယာက ပြောခဲ့တာပါ။

[Zawgyi]

ထရစ္ပီယာကို ရြန္းနီလို႔ ရႊတ္ေနာက္ေနာက္နဲ႔ နာမည္ေျပာင္ေပးထားတဲ့ ဒီေယဂိုေကာ္စတာ

အက္သလက္တီကိုညာေနာက္ခံလူသစ္ထရစ္ပီယာက အသင္းေဖာ္ဒီေယဂိုေကာ္စတာဟာ သူ႔ကို ရြန္းနီလို႔ နာမည္ေျပာင္ေပးထားေၾကာင္း ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ အဲဒီစပါးေနာက္ခံလူေဟာင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကမွ ေပါင္သန္း ၂၀ နဲ႔ အက္သလက္တီကိုကို ေရာက္လာခဲ့တာပါ။ အက္သလက္တီကိုနဲ႔အတူ အခ်ိန္တိုေလးအတြင္းမွာပဲ အသားက်ခဲ့သူ ျဖစ္ပါတယ္။

ဒါ့အျပင္ ထရစ္ပီယာက ပရီးမီးယားလိဂ္မွာကတည္းက သိကၽြမ္းခဲ့တဲ့ ခ်ဲလ္ဆီးတုိက္စစ္မႈးေဟာင္းဒီေယဂိုေကာ္စတာနဲ႔လည္း ကြင္းတြင္းကြင္းျပင္ အတြဲညီေနပါတယ္။ ေကာ္စတာဟာ အၿမဲတမ္းေနာက္ေနာက္ေျပာင္ေျပာင္သမားမို႔ ထရစ္ပီယာကိုလည္း ရႊတ္ေနာက္ေနာက္နဲ႔ နာမည္ေျပာင္ေပးထားကာ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း၀ိနး္ရြန္းနီကို ရည္ညြန္းတဲ့အေနနဲ႔ ရြန္းနီလို႔ အၿမဲတမ္းေခၚေနတာပါ။ အဲဒီအေၾကာင္းကို ထရစ္ပီယာက နာမည္ႀကီးစပိန္အားကစားသတင္းစာျဖစ္တဲ့ မာကာမွာ ဖြင့္ဟခဲ့တာပါ။

”သူက ကၽြန္ေတာ့္ကို ရြန္းနီလို႔ တစ္ေန႔ ၁၀ ႀကိမ္ေလာက္ေခၚတယ္ဗ်ာ။ ေနာက္ေျပာင္တဲ့အေနနဲ႔ တစ္ခ်ိန္လုံး အဲဒီလိုပဲ ေခၚေနတာပါ။ ဒါေပမဲ့ ေကာ္စတာျဖစ္ေနလို႔ ကၽြန္ေတာ္ကလည္း ဂရုမစိုက္ပါဘူး။ သူအၿမဲတမ္းရယ္စရာေတြလုပ္တာကို ကၽြန္ေတာ္ႀကိဳက္ပါတယ္။ ပရီးမီးယားလိဂ္မွာကတည္းက ကၽြန္ေတာ္ သူ႔ကို သိခဲ့တာပါ။ ကၽြန္ေတာ္နဲ႔ကစားဖူးသမွ်သူေတြထဲမွာ ေကာ္စတာဟာ အရယ္ရဆုံးကစားသမားပါပဲ။ ဒီမွာရွိတဲ့သူတိုင္းက ေနာက္ေျပာင္ၾကပါတယ္။ ဒါေပမဲ့ ေကာ္စတာကေတာ့ အရယ္ရဆုံးပါ”လုိ႔ ထရစ္ပီယာက ေျပာခဲ့တာပါ။