တိုက်စစ်အသက်မဲ့နေတဲ့ယူနိုက်တက်အတွက် ကျောနံပါတ် ၉နေရာကစားရရင်လည်း ပြဿနာမရှိကြောင်း ဂျိမ်းစ်ဖွင့်ဟ

Photo Credit ; Getty Images

Photo Credit

ယူနိုက်တက်အသင်းတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်က တကယ်လို့ တိုက်စစ်ပိုင်းပြဿနာနဲ့ ရင်ဆိုင်နေတဲ့အသင်းကသာ မိမိကို ကျောနံပါတ် ၉ နေရာမှာ ကစားစေဖို့ တောင်းဆိုလာရင် ပျော်ရွှင်စွာလက်သင့်ခံသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ကြာသပတေးနေ့က ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် နယ်သာလန်ကလပ် အယ်လ်ခမာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး တနင်္လာနေ့ကလည်း အာဆင်နယ်နဲ့အိမ်ကွင်းမှာ ၁-၁ ဂိုးသရေကျခဲ့ရကာ အဲဒီရလဒ်ကြောင့်ပဲ အသင်းက နှစ်ပေါင်း ၃၀အတွင်း အဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit

ယူနိုက်တက်ဟာ မတ်လက ပီအက်စ်ဂျီအသင်းကို ၁-၃ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်နောက်ပိုင်း အဝေးကွင်းမှာနိုင်ပွဲပျောက်နေပြီး အထူးသဖြင့် လူကာကူနဲ့ ဆန်းချက်ဇ်တို့ အသင်းပြောင်းရွှေ့သွားပြီးနောက်ပိုင်း အသင်းရဲ့တိုက်စစ်ပိုင်းက ရွေးချုယ်စရာနည်းပါးသွားပါတယ်။

Photo Credit

ဂျိမ်းစ်ကတော့ ပြီးခဲ့တဲ့နွေရာသီက ဆွမ်ဆီးအသင်းကနေ ရောက်ရှိလာပြီးနောက် အသင်းသစ်နဲ့အတူ ဂိုးမြူးလျက်ရှိပြီး ပရီးမီးယားလိဂ်မှာ ၃ဂိုးအထိသွင်းယူထားရာ တကယ်လို့ နည်းပြဆိုးလ်ရှားကသာ သူ့ကို တိုက်စစ်မှူးနေရာမှာ ထားကစားဖို့ ပြောလာရင် သူ့ဘက်က ပျော်ရွှင်စွာနဲ့ လက်ခံသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

”ကျွန်တော်ဟာ ဆွမ်ဆီးမှာ များသောအားဖြင့် ဘယ်တောင်ပံမှာကစားခဲ့ရပေမယ့် အထောင်တိုက်စစ်ပိုင်းနဲ့ ညာတောင်ပံတွေမှာလည်း ကစားခဲ့ဖူးပါတယ်။ အသင်းက ဘယ်အချိန်မှာ လိုအပ်ချက်ဖြစ်ပေါ်လာမလဲဆိုတာ ဘယ်သူမှမသိလို့ ကိုယ့်ဘက်က တိုက်စစ်ပိုင်းနေရာစုံမှာ ကစားနိုင်ဖို့ ပြင်ဆင်ထားရမှာပါ”လို့ ဂျိမ်းစ်က ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဆွမ်ဆီးအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ကို တောင်ပံကစားသမားအဖြစ် ခေါ်ယူခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းမှာ မာရှယ်က ဒဏ်ရာကြောင့် အနားယူနေရသလို ရက်ရှ်ဖို့ဒ်ကလည်း ကြံ့ခိုင်မှုအပြည့်ရဖို့ ရုန်းကန်နေရသလို ဂိုးသွင်းစွမ်းရည်လည်း ပျောက်ဆုံးနေပါတယ်။

Photo Credit

Zawgyi

တုိက္စစ္အသက္မဲ့ေနတဲ့ယူႏုိက္တက္အတြက္ ေက်ာနံပါတ္ ၉ေနရာကစားရရင္လည္း ျပႆနာမရိွေၾကာင္း ဂ်ိမ္းစ္ဖြင့္ဟ

ယူႏုိက္တက္အသင္းေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္က တကယ္လုိ႔ တုိက္စစ္ပိုင္းျပႆနာနဲ႔ ရင္ဆုိင္ေနတဲ့အသင္းကသာ မိမိကို ေက်ာနံပါတ္ ၉ ေနရာမွာ ကစားေစဖုိ႔ ေတာင္းဆိုလာရင္ ေပ်ာ္ရႊင္စြာလက္သင့္ခံသြားမယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ယူႏုိက္တက္ဟာ ၾကာသပေတးေန႔က ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္အျဖစ္ နယ္သာလန္ကလပ္ အယ္လ္ခမာအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီး တနလၤာေန႔ကလည္း အာဆင္နယ္နဲ႔အိမ္ကြင္းမွာ ၁-၁ ဂိုးသေရက်ခဲ့ရကာ အဲဒီရလဒ္ေၾကာင့္ပဲ အသင္းက ႏွစ္ေပါင္း ၃၀အတြင္း အဆုိးရြားဆုံးရာသီအစနဲ႔ ရင္ဆုိင္ေနရပါတယ္။
ယူႏိုက္တက္ဟာ မတ္လက ပီအက္စ္ဂ်ီအသင္းကို ၁-၃ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေနာက္ပိုင္း အေ၀းကြင္းမွာႏိုင္ပြဲေပ်ာက္ေနၿပီး အထူးသျဖင့္ လူကာကူနဲ႔ ဆန္းခ်က္ဇ္တို႔ အသင္းေျပာင္းေရႊ႕သြားၿပီးေနာက္ပိုင္း အသင္းရဲ႕တုိက္စစ္ပိုင္းက ေရြးခ်ုယ္စရာနည္းပါးသြားပါတယ္။
ဂ်ိမ္းစ္ကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီက ဆြမ္ဆီးအသင္းကေန ေရာက္ရွိလာၿပီးေနာက္ အသင္းသစ္နဲ႔အတူ ဂုိးျမဴးလ်က္ရွိၿပီး ပရီးမီးယားလိဂ္မွာ ၃ဂုိးအထိသြင္းယူထားရာ တကယ္လုိ႔ နည္းျပဆုိးလ္ရွားကသာ သူ႕ကို တုိက္စစ္မွဴးေနရာမွာ ထားကစားဖို႔ ေျပာလာရင္ သူ႕ဘက္က ေပ်ာ္ရႊင္စြာနဲ႔ လက္ခံသြားမွာျဖစ္ေၾကာင္း ဆုိပါတယ္။
”ကၽြန္ေတာ္ဟာ ဆြမ္ဆီးမွာ မ်ားေသာအားျဖင့္ ဘယ္ေတာင္ပံမွာကစားခဲ့ရေပမယ့္ အေထာင္တုိက္စစ္ပိုင္းနဲ႔ ညာေတာင္ပံေတြမွာလည္း ကစားခဲ့ဖူးပါတယ္။ အသင္းက ဘယ္အခ်ိန္မွာ လိုအပ္ခ်က္ျဖစ္ေပၚလာမလဲဆုိတာ ဘယ္သူမွမသိလုိ႔ ကိုယ့္ဘက္က တုိက္စစ္ပုိင္းေနရာစုံမွာ ကစားႏုိင္ဖို႔ ျပင္ဆင္ထားရမွာပါ”လုိ႔ ဂ်ိမ္းစ္က ေျပာပါတယ္။
ယူႏုိက္တက္ဟာ ဆြမ္ဆီးအသင္းနဲ႔အတူ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းစ္ကို ေတာင္ပံကစားသမားအျဖစ္ ေခၚယူခဲ့တာျဖစ္ၿပီး တုိက္စစ္ပိုင္းမွာ မာရွယ္က ဒဏ္ရာေၾကာင့္ အနားယူေနရသလို ရက္ရွ္ဖို႔ဒ္ကလည္း ႀက့ံခုိင္မႈအျပည့္ရဖုိ႔ ႐ုန္းကန္ေနရသလို ဂိုးသြင္းစြမ္းရည္လည္း ေပ်ာက္ဆုံးေနပါတယ္။