တစ်နှစ်ပေါင် ၆.၅ သန်းနဲ့ မန်ယူကို အယ်လီဂရီပြောင်းဖို့ နီးစပ်နေ

Photo- Internet
Photo- Internet

ဂျူ ဗင်တပ်အသင်းနည်းပြဟောင်း အယ်လီဂရီ ဟာ တစ်နှစ်လစာပေါင် ၆.၅ သန်းနဲ့ မန်ယူကိုပြောင်းဖို့ အရမ်းကိုနီးစပ်နေပြီလို့ အီတလီသတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။ မန်ယူဟာ ရလဒ်ဆိုးတွေကြောင့် လက်ရှိနည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန်မှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၁၅ မှတ်ကွာဟနေပြီး တန်းဆင်းဇုန်နဲ့လည်း ၂ မှတ်သာကွာနေလို့ နှစ်ပေါင်း ၃၀ အတွင်းအဆိုးဆုံးသော ရာသီနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့အတွက် အယ်လီဂရီ ကိုဆက်သွယ်ခဲ့ရာမှာ သဘောတူညီချက်ရလုနီးပါးဖြစ်နေတယ်လို့ ဆိုကြတာပါ။

Photo- Internet

မန်ယူဟာ လာမယ့်တစ်ပတ်မှာလည်း လီဗာပူးနဲ့တွေ့နေလို့ သူတို့အတွက်မျှော်လင့်ချက်နည်းပါးလွန်းနေတာပါ။ မန်ယူဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ခရစ္စမတ်ကာလမတိုင်ခင်မှာ မော်ရင်ဟိုကိုထုတ်ပယ်ခဲ့တာဖြစ်လို့ သူတို့လိုချင်တဲ့ပုံစံအရဆိုရင် ဆိုးလ်ရှားဟာလည်း ခရစ္စမတ်ကာလမတိုင်ခင်မှာအထုတ်ခံရဖို့ရှိနေတာပါ။

Photo- Internet

အီတလီနာမည်ကျော် သတင်းစာဖြစ်တဲ့  Tuttosport က အယ်လီဂရီဟာ မန်ယူနဲ့သဘောတူညီချက်ရပြီးတာနဲ့ သူ့ကစာသမားဟောင်းတွေဖြစ်တဲ့ ကွင်းလယ်လူ အမ်မရီကန်နဲ့ တိုက်စစ်မှူ း မန်ဇူကစ်တို့ကို ခေါ်ယူသွားမယ်လို့လည်း ဖော်ပြသွားပါတယ်။ အယ်လီဂရီဟာ ဘောလုံးကနေတစ်နှစ်နားဖို့ စီစဉ်ထားပေမယ့် သင့်တော်တဲ့ကမ်းလှမ်းမှု ဆိုရင်တော့ ငြင်းမှာမဟုတ်ဖူးလို့လည်း အဲဒီသတင်းစာက ဆက်လက်ဖော်ပြပါတယ်။

Photo- Internet

မန်ယူဟာ အခြေအနေဆိုးတဲ့ ရာသီနဲ့ကြုံခဲ့ရတဲ့အတွက် အယ်လီဂရီ မန်ယူကိုလာရောက်ရေး အလျင်အမြန်ဆုံးဖြတ်ဖို့ တွန်းအားပေးခံနေရတယ်လို့လည်း သိရပါတယ်။ သူသာမန်ယူနည်းပြ ဖြစ်လာရင် နောက်ခံလူဟောင်း ပက်ထရစ်အီဗရာကို နည်းပြအဖွဲ့ထဲမှာ ထည့်သွင်းဖို့ရှိနေပါတယ်။ အီဗရာဟာ မန်ယူကနေ ဂျူ ဗင်တပ်ကိုပြောင်းရွှေ့ခဲ့သေးသူဖြစ်လို့ အယ်လီဂရီနဲ့ လက်တွဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Photo- Internet

Zawgyi

တစ္ႏွစ္ေပါင္ ၆.၅ သန္းနဲ႔ မန္ယူကို အယ္လီဂရီေျပာင္းဖို႔ နီးစပ္ေန

ဂ်ဴ ဗင္တပ္အသင္းနည္းျပေဟာင္း အယ္လီဂရီ ဟာ တစ္ႏွစ္လစာေပါင္ ၆.၅ သန္းနဲ႔ မန္ယူကိုေျပာင္းဖို႔ အရမ္းကိုနီးစပ္ေနၿပီလို႔ အီတလီသတင္းေတြမွာေဖာ္ျပခဲ့ၾကပါတယ္။ မန္ယူဟာ ရလဒ္ဆိုးေတြေၾကာင့္ လက္ရွိနည္းျပ ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

မန္ယူဟာ ပရီးမီးယားလိဂ္ ၈ ပြဲကစားၿပီးခ်ိန္မွာ ထိပ္ဆုံးကဦးေဆာင္ေနတဲ႔ လီဗာပူးနဲ႔ ၁၅ မွတ္ကြာဟေနၿပီး တန္းဆင္းဇုန္နဲ႔လည္း ၂ မွတ္သာကြာေနလို႔ ႏွစ္ေပါင္း ၃၀ အတြင္းအဆိုးဆုံးေသာ ရာသီနဲ႔ႀကံဳေတြ႔ေနရတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဆိုးလ္ရွားေနရာမွာ အစားထိုးဖို႔အတြက္ အယ္လီဂရီ ကိုဆက္သြယ္ခဲ့ရာမွာ သေဘာတူညီခ်က္ရလုနီးပါးျဖစ္ေနတယ္လို႔ ဆိုၾကတာပါ။

မန္ယူဟာ လာမယ္႔တစ္ပတ္မွာလည္း လီဗာပူးနဲ႔ေတြ႔ေနလို႔ သူတို႔အတြက္ေမွ်ာ္လင့္ခ်က္နည္းပါးလြန္းေနတာပါ။ မန္ယူဟာ ၿပီးခဲ့တဲ႔ ရာသီတုန္းကလည္း ခရစၥမတ္ကာလမတိုင္ခင္မွာ ေမာ္ရင္ဟိုကိုထုတ္ပယ္ခဲ့တာျဖစ္လို႔ သူတို႔လိုခ်င္တဲ႔ပုံစံအရဆိုရင္ ဆိုးလ္ရွားဟာလည္း ခရစၥမတ္ကာလမတိုင္ခင္မွာအထုတ္ခံရဖို႔ရွိေနတာပါ။

အီတလီနာမည္ေက်ာ္ သတင္းစာျဖစ္တဲ႔  Tuttosport က အယ္လီဂရီဟာ မန္ယူနဲ႔သေဘာတူညီခ်က္ရၿပီးတာနဲ႔ သူ႔ကစာသမားေဟာင္းေတြျဖစ္တဲ႔ ကြင္းလယ္လူ အမ္မရီကန္နဲ႔ တိုက္စစ္မွဴ း မန္ဇူကစ္တို႔ကို ေခၚယူသြားမယ္လို႔လည္း ေဖာ္ျပသြားပါတယ္။ အယ္လီဂရီဟာ ေဘာလုံးကေနတစ္ႏွစ္နားဖို႔ စီစဥ္ထားေပမယ္႔ သင့္ေတာ္တဲ႔ကမ္းလွမ္းမႈ ဆိုရင္ေတာ႔ ျငင္းမွာမဟုတ္ဖူးလို႔လည္း အဲဒီသတင္းစာက ဆက္လက္ေဖာ္ျပပါတယ္။

မန္ယူဟာ အေျခအေနဆိုးတဲ႔ ရာသီနဲ႔ႀကံဳခဲ့ရတဲ႔အတြက္ အယ္လီဂရီ မန္ယူကိုလာေရာက္ေရး အလ်င္အျမန္ဆုံးျဖတ္ဖို႔ တြန္းအားေပးခံေနရတယ္လို႔လည္း သိရပါတယ္။ သူသာမန္ယူနည္းျပ ျဖစ္လာရင္ ေနာက္ခံလူေဟာင္း ပက္ထရစ္အီဗရာကို နည္းျပအဖြဲ႔ထဲမွာ ထည့္သြင္းဖို႔ရွိေနပါတယ္။ အီဗရာဟာ မန္ယူကေန ဂ်ဴ ဗင္တပ္ကိုေျပာင္းေရႊ႕ခဲ့ေသးသူျဖစ္လို႔ အယ္လီဂရီနဲ႔ လက္တြဲခဲ့ဖူးသူလည္း ျဖစ္ပါတယ္။