ဇာဟာကို နပန်းသမားပုံစံဆွဲလဲှချခဲ့ခြင်းအတွက် ပြန်တောင်းပန်ဖို့ ဂွမ်ဒိုဇီ ငြင်းဆန်

Photo Credit

Photo Credit

အာဆင်နယ်အသင်းကွင်းလယ်လူ ဂွမ်ဒိုဇီက ပဲလေ့စ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီးနောက်ဆုံးမိနစ်အရောက် ပြိုင်ဘက်တောင်ပံကစားသမား ဇာဟာကို ဆွဲဖက်လှဲချခဲ့ခြင်းအတွက် မိမိဘက်က ပြန်လည်တောင်းပန်မှာမဟုတ်ကြောင်းနဲ့ ရိုးရိုးရှင်းရှင်း မဖြစ်မနေလုပ်လိုက်ရတာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

အိုင်ဗရီကို့စ်လက်ရွေးစင် ဇာဟာက ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ တန်ပြန်တိုက်စစ်ကနေ အနိုင်ဂိုးသွင်းယူနိုင်ဖို့ ထိုးဖောက်လာချိန် အာဆင်နယ်ခံစစ်တန်းရဲ့နောက်ဆုံးနေရာမှာ ရှိနေတဲ့ ဂွမ်ဒိုဇီက ဘောလုံးကျော်သွားပေမယ့် လူကျော်မသွားစေဖို့ ကွင်းလယ်မရောက်ခင်မှာပဲ ဇာဟာကို ဆွဲဖက်လှဲချခဲ့တာဖြစ်ပါတယ်။

Photo Credit

သူ့ရဲ့ဖျက်ထုတ်မှုနဲ့ပတ်သက်လို့ အသက် ၂၀အရွယ်ရှိ ကွင်းလယ်လူ ဂွမ်ဒိုဇီက ”ကျွန်တော့်ဘက်က ဇာဟာကို ပြစ်ဒဏ်ကျူးလွန်ဖို့ပဲ တတ်နိုင်ခဲ့ပါတယ်။ ဒီလိုမှမလုပ်လိုက်ရင် သူလည်း အနိုင်ဂိုးသွင်းသွားနိုင်ပါတယ်။ ကျွန်တော်က နောက်ဆုံးနောက်ခံလူအဖြစ် ရှိနေခဲ့တာဖြစ်ပေမယ့် ကိုယ့်ဂိုးနဲ့ကအဝေးကြီးလိုသေးလို့ ဒီလိုမလုပ်မဖြစ်လုပ်လိုက်တာပါ”

Photo Credit ; Getty Images

”ကျွန်တော်တို့ဟာ ဒီပွဲမှာအနိုင်ရဖို့ တကယ်ပဲဆန္ဒရှိခဲ့ပြီး ဒီအတွက်ကြောင့်လည်း တတိယဂိုးရဖို့ တိုက်စစ်ဆင်ခဲ့တာပါ။ ဒီလိုတိုက်စစ်ဆင်ချိန်မှာ ပဲလေ့စ်ကို နေရာလွတ်တွေအများကြီးပေးလိုက်ရပေမယ့် ကျွန်တော်တို့အနိုင်လိုချင်တဲ့အတွက် ဒီလိုလုပ်လိုက်ရတာပါ”လို့ ပြောပါတယ်။ ဂွမ်ဒိုဇီရဲ့တားဆီးမှုကြောင့် အာဆင်နယ်အသင်းလည်း အိမ်ကွင်းမှာ ပဲလေ့စ်နဲ့ ၂-၂ ဂိုးသရေကျသွားပေမယ့် တစ်ပွဲလုံးအနေနဲ့ဆိုရင်တော့ အာဆင်နယ်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

Photo Credit ; Getty Images

အာဆင်နယ်ဟာ ပွဲအစ ၁၀မိနစ်အတွင်း ၂ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး အဖွင့်ဂိုးသွင်းယူခဲ့တဲ့ နောက်ခံလူ ဆိုကရာတစ်က တတိယဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR က ငြင်းဆန်ခဲ့ကာ ဒုတိယမြောက်ဂိုးကို နောက်ထပ်နောက်ခံလူ လူးဝစ်ဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit

Zawgyi

ဇာဟာကို နပန္းသမားပုံစံဆြဲလဲွခ်ခဲ့ျခင္းအတြက္ ျပန္ေတာင္းပန္ဖုိ႔ ဂြမ္ဒိုဇီ ျငင္းဆန္

အာဆင္နယ္အသင္းကြင္းလယ္လူ ဂြမ္ဒိုဇီက ပဲေလ့စ္နဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ပြဲၿပီးခါနီးေနာက္ဆုံးမိနစ္အေရာက္ ၿပိဳင္ဘက္ေတာင္ပံကစားသမား ဇာဟာကို ဆဲြဖက္လွဲခ်ခဲ့ျခင္းအတြက္ မိမိဘက္က ျပန္လည္ေတာင္းပန္မွာမဟုတ္ေၾကာင္းနဲ႔ ႐ိုး႐ိုးရွင္းရွင္း မျဖစ္မေနလုပ္လုိက္ရတာျဖစ္ေၾကာင္း အခုိင္အမာေျပာၾကားလိုက္ပါတယ္။
အုိင္ဗရီကို႔စ္လက္ေရြးစင္ ဇာဟာက ပြဲၿပီးခါနီးေနာက္ဆုံးမိနစ္မွာ တန္ျပန္တုိက္စစ္ကေန အႏုိင္ဂုိးသြင္းယူႏုိင္ဖို႔ ထိုးေဖာက္လာခ်ိန္ အာဆင္နယ္ခံစစ္တန္းရဲ႕ေနာက္ဆုံးေနရာမွာ ရွိေနတဲ့ ဂြမ္ဒိုဇီက ေဘာလုံးေက်ာ္သြားေပမယ့္ လူေက်ာ္မသြားေစဖို႔ ကြင္းလယ္မေရာက္ခင္မွာပဲ ဇာဟာကို ဆြဲဖက္လွဲခ်ခဲ့တာျဖစ္ပါတယ္။
သူ႕ရဲ႕ဖ်က္ထုတ္မႈနဲ႔ပတ္သက္လုိ႔ အသက္ ၂၀အရြယ္ရွိ ကြင္းလယ္လူ ဂြမ္ဒိုဇီက ”ကၽြန္ေတာ့္ဘက္က ဇာဟာကို ျပစ္ဒဏ္က်ဴးလြန္ဖို႔ပဲ တတ္ႏိုင္ခဲ့ပါတယ္။ ဒီလုိမွမလုပ္လုိက္ရင္ သူလည္း အႏိုင္ဂိုးသြင္းသြားႏိုင္ပါတယ္။ ကၽြန္ေတာ္က ေနာက္ဆုံးေနာက္ခံလူအျဖစ္ ရွိေနခဲ့တာျဖစ္ေပမယ့္ ကိုယ့္ဂိုးနဲ႔ကအေ၀းႀကီးလုိေသးလုိ႔ ဒီလုိမလုပ္မျဖစ္လုပ္လုိက္တာပါ”
”ကၽြန္ေတာ္တုိ႔ဟာ ဒီပြဲမွာအႏိုင္ရဖို႔ တကယ္ပဲဆႏၵရွိခဲ့ၿပီး ဒီအတြက္ေၾကာင့္လည္း တတိယဂိုးရဖုိ႔ တုိက္စစ္ဆင္ခဲ့တာပါ။ ဒီလိုတုိက္စစ္ဆင္ခ်ိန္မွာ ပဲေလ့စ္ကို ေနရာလြတ္ေတြအမ်ားႀကီးေပးလုိက္ရေပမယ့္ ကၽြန္ေတာ္တုိ႔အႏုိင္လုိခ်င္တဲ့အတြက္ ဒီလုိလုပ္လုိက္ရတာပါ”လုိ႔ ေျပာပါတယ္။ ဂြမ္ဒိုဇီရဲ႕တားဆီးမႈေၾကာင့္ အာဆင္နယ္အသင္းလည္း အိမ္ကြင္းမွာ ပဲေလ့စ္နဲ႔ ၂-၂ ဂိုးသေရက်သြားေပမယ့္ တစ္ပြဲလုံးအေနနဲ႔ဆုိရင္ေတာ့ အာဆင္နယ္ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။
အာဆင္နယ္ဟာ ပြဲအစ ၁၀မိနစ္အတြင္း ၂ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ ေခ်ပဂိုးေတြ ဆက္တုိက္ေပးခဲ့ရၿပီး အဖြင့္ဂိုးသြင္းယူခဲ့တဲ့ ေနာက္ခံလူ ဆုိကရာတစ္က တတိယဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ VAR က ျငင္းဆန္ခဲ့ကာ ဒုတိယေျမာက္ဂိုးကို ေနာက္ထပ္ေနာက္ခံလူ လူး၀စ္ဇ္က သြင္းယူခဲ့တာျဖစ္ပါတယ္။