ဆွာရက်ဇ်ရဲ့ဂိုးတွေကြောင့် အင်တာကို နောက်ကနေ လိုက်ကစားကာ အနိုင်ရခဲ့တဲ့ ဘာစီလိုနာ

Photo Credit

Photo Credit

ပထမပိုင်းမှာ အင်တာမီလန်ရဲ့ကစားပုံက အထင်ကြီးစရာကောင်းခဲ့ပြီး ပွဲအစ ၂ မိနစ်မှာကတည်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို နောက်ထပ်အပိုင်အခွင့်အရေးတွေလည်း အများအပြားဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit

ဘာစီလိုနာက ဒုတိယပိုင်းမှာ ကစားပုံပိုမိုကောင်းမွန်လာပြီး နောက်ဆုံး ၃နှစ်ကျော်အတွင်း ဆွာရက်ဇ်ရဲ့ ပထမဆုံးချန်ပီယံလိဂ်အုပ်စုတွင်းသွင်းဂိုးတွေကြောင့် အဖိုးတန်နိုင်ပွဲရခဲ့တာဖြစ်သလို နည်းပြဗယ်လ်ဗာဒီလည်း ဖိအားအနည်းငယ်လျော့ကျခဲ့ရပါတယ်။

Photo Credit

ပထမပိုင်းမှာ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေပိုရတာက အင်တာမီလန်အသင်းဖြစ်ပြီး ဂိုးသမား တာစတီဂန်နဲ့ ဘယ်နောက်ခံလူ ဆီမီဒိုတို့သာ မကောင်းခဲ့ရင် ဒုတိယပိုင်းမှာ ပြန်လာနိုင်ဖို့က အတော်လေးခက်ခဲသွားနိုင်ပါတယ်။

Photo Credit

ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် အင်တာမီလန်ရဲ့ကစားအားကို အသိအမှတ်ပြုချီးကျူးရမှာဖြစ်ပြီး အနီးပေးတွဲလုံးတွေနဲ့ ထိုးဖောက်တတ်တဲ့ဘာစီလိုနာကို သူတို့ရဲ့ကစားဟန်အတိုင်း အနီးပေးတွဲလုံးတွေနဲ့ ဘာစီလိုနာတိုက်စစ်ကို ဟန့်တားခဲ့ပါတယ်။

Photo Credit ; AFP / Getty Images

ပြီးတော့ တိုက်စစ်မှူးမာတီနက်ဇ်ကလည်း ဘာစီလိုနာခံစစ်ကို တစ်ချိန်လုံးဖိအားပေးနိုင်ခဲ့ပြီး ဦးဆောင်ဂိုးစောစောစီးစီးသွင်းယူနိုင်ခဲ့သလို နောက်တစ်ကြိမ်သူ့ရဲ့ခေါင်းတိုက်ချက်ကို တာစတီဂန် လှလှပပပုတ်ထုတ်ခဲ့သလို ပထမဂိုးသွင်းတဲ့ပုံစံအတိုင်း နောက်တစ်ကြိမ်ထိုးဖောက်ကန်သွင်းခဲ့တာကို နောက်ခံလူဆီမီဒို တားဆီးနိုင်ခဲ့ပါတယ်။

Photo Credit ; AP

ဆန်ဆီ အသာခုတ်တင်ပေးလိုက်တာကို ဆန်းချက်ဇ် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာတော့ ဘာစီလိုနာအသင်း ချေပဂိုးရရှိသွားခဲ့ပြီး ဗီဒယ်အသာခုတ်တင်ပေးလိုက်တာကို ပင်နယ်တီဧရိယာအစပ်ကနေ ဆွာရက်ဇ်က မြေမကျကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit ; EPA

ဒီဂိုးက ဆွာရက်ဇ်ရဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံး ၁၆ပွဲမှာ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး တကယ့်ကိုအံ့အားသင့်စရာကောင်းတဲ့ကန်ချက်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် ၈၄မိနစ်မှာ ဆွာရက်ဇ်ကပဲ အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ ဘာစီလိုနာအသင်း ယခုနှစ်ချန်ပီယံလိဂ်ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit

ဒဏ်ရာကနေ သက်သာသာလာပြီးနောက် ပွဲထွက်စာရင်းမှာ ပြန်လည်ပါဝင်လာတဲ့ မက်ဆီက ဒီတစ်ခါတော့ ဖန်တီးသူဖြစ်ပြီး ဂိုးစည်းထိပ်မှာ အသင့်ရှိနေတဲ့ဆွာရက်ဇ်ကို ထိုးပေးရာမှာ ဆွာရက်ဇ်က အမှားအယွင်းမရှိကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit

အင်တာမီလန်အသင်းကတော့ ပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲရယူနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပြီး အစောပိုင်းမှာ ဒေါ့မွန်က ချက်မြေမှာ အိမ်ရှင်ပရာဟာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့လို့ အင်တာမီလန်အသင်း နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

Zawgyi

ဆြာရက္ဇ္ရဲ႕ဂုိးေတြေၾကာင့္ အင္တာကို ေနာက္ကေန လိုက္ကစားကာ အႏိုင္ရခဲ့တဲ့ ဘာစီလုိနာ

ပထမပိုင္းမွာ အင္တာမီလန္ရဲ႕ကစားပုံက အထင္ႀကီးစရာေကာင္းခဲ့ၿပီး ပြဲအစ ၂ မိနစ္မွာကတည္းက ဦးေဆာင္ဂိုးသြင္းယူႏိုင္ခ့ဲသလို ေနာက္ထပ္အပိုင္အခြင့္အေရးေတြလည္း အမ်ားအျပားဖန္တီးႏုိင္ခ့ဲပါတယ္။
ဘာစီလုိနာက ဒုတိယပိုင္းမွာ ကစားပုံပုိမုိေကာင္းမြန္လာၿပီး ေနာက္ဆုံး ၃ႏွစ္ေက်ာ္အတြင္း ဆြာရက္ဇ္ရဲ႕ ပထမဆုံးခ်န္ပီယံလိဂ္အုပ္စုတြင္းသြင္းဂိုးေတြေၾကာင့္ အဖုိးတန္ႏိုင္ပဲြရခဲ့တာျဖစ္သလို နည္းျပဗယ္လ္ဗာဒီလည္း ဖိအားအနည္းငယ္ေလ်ာ့က်ခဲ့ရပါတယ္။
ပထမပိုင္းမွာ ဘာစီလုိနာက ေဘာလုံးပိုင္ဆုိင္မႈအသာနဲ႔ ကစားႏုိင္ခဲ့ေပမယ့္ ဂိုးသြင္းခြင့္ေတြပိုရတာက အင္တာမီလန္အသင္းျဖစ္ၿပီး ဂိုးသမား တာစတီဂန္နဲ႔ ဘယ္ေနာက္ခံလူ ဆီမီဒိုတို႔သာ မေကာင္းခဲ့ရင္ ဒုတိယပိုင္းမွာ ျပန္လာႏိုင္ဖို႔က အေတာ္ေလးခက္ခဲသြားႏိုင္ပါတယ္။
ဒီပြဲမွာ ႐ံႈးနိမ့္ခဲ့ေပမယ့္ အင္တာမီလန္ရဲ႕ကစားအားကို အသိအမွတ္ျပဳခ်ီးက်ဴးရမွာျဖစ္ၿပီး အနီးေပးတြဲလုံးေတြနဲ႔ ထိုးေဖာက္တတ္တ့ဲဘာစီလုိနာကို သူတုိ႔ရဲ႕ကစားဟန္အတိုင္း အနီးေပးတြဲလုံးေတြနဲ႔ ဘာစီလုိနာတုိက္စစ္ကို ဟန္႔တားခဲ့ပါတယ္။
ၿပီးေတာ့ တုိက္စစ္မွဴးမာတီနက္ဇ္ကလည္း ဘာစီလုိနာခံစစ္ကို တစ္ခ်ိန္လုံးဖိအားေပးႏိုင္ခဲ့ၿပီး ဦးေဆာင္ဂိုးေစာေစာစီးစီးသြင္းယူႏိုင္ခ့ဲသလို ေနာက္တစ္ႀကိမ္သူ႕ရဲ႕ေခါင္းတုိက္ခ်က္ကို တာစတီဂန္ လွလွပပပုတ္ထုတ္ခဲ့သလို ပထမဂိုးသြင္းတဲ့ပုံစံအတုိင္း ေနာက္တစ္ႀကိမ္ထိုးေဖာက္ကန္သြင္းခဲ့တာကို ေနာက္ခံလူဆီမီဒို တားဆီးႏိုင္ခဲ့ပါတယ္။
ဆန္ဆီ အသာခုတ္တင္ေပးလုိက္တာကို ဆန္းခ်က္ဇ္ အပိုင္ေခါင္းတုိက္ခြင့္ရခဲ့ေပမယ့္ ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။ ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဘာစီလုိနာအသင္း ေခ်ပဂိုးရရွိသြားခဲ့ၿပီး ဗီဒယ္အသာခုတ္တင္ေပးလုိက္တာကို ပင္နယ္တီဧရိယာအစပ္ကေန ဆြာရက္ဇ္က ေျမမက်ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒီဂုိးက ဆြာရက္ဇ္ရဲ႕ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံး ၁၆ပြဲမွာ ပထမဆုံးသြင္းဂိုးျဖစ္ခဲ့ၿပီး တကယ့္ကိုအံ့အားသင့္စရာေကာင္းတဲ့ကန္ခ်က္ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ပြဲခ်ိန္ ၈၄မိနစ္မွာ ဆြာရက္ဇ္ကပဲ အဖိုးတန္အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့လုိ႔ ဘာစီလုိနာအသင္း ယခုႏွစ္ခ်န္ပီယံလိဂ္ပထမဆုံးႏိုင္ပြဲ ရယူႏိုင္ခဲ့ပါတယ္။
ဒဏ္ရာကေန သက္သာသာလာၿပီးေနာက္ ပြဲထြက္စာရင္းမွာ ျပန္လည္ပါ၀င္လာတဲ့ မက္ဆီက ဒီတစ္ခါေတာ့ ဖန္တီးသူျဖစ္ၿပီး ဂိုးစည္းထိပ္မွာ အသင့္ရွိေနတဲ့ဆြာရက္ဇ္ကို ထိုးေပးရာမွာ ဆြာရက္ဇ္က အမွားအယြင္းမရွိကန္သြင္းယူခဲ့တာျဖစ္ပါတယ္။
အင္တာမီလန္အသင္းကေတာ့ ပထမဆံုးခ်န္ပီယံလိဂ္ႏိုင္ပဲြရယူႏုိင္ဖို႔ ႀကိဳးစားေနရဆဲျဖစ္ၿပီး အေစာပိုင္းမွာ ေဒါ့မြန္က ခ်က္ေျမမွာ အိမ္ရွင္ပရာဟာအသင္းကို ဂိုးျပတ္အႏိုင္ရခဲ့လုိ႔ အင္တာမီလန္အသင္း ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖုိ႔ ႐ုန္းကန္ရဖြယ္ရွိေနပါတယ္။