ဆဲလ်ဘတ်နဲ့ပွဲကခြေစွမ်းအပေါ် သူဒေါသမထွက်ပါဘူးလို့ ကလော့ပ်ပြော

Photo - Internet
Photo – Internet

လီဗာပူးအသင်းဟာ ဆဲလ်ဘတ်နဲ့ကစားခဲ့တဲ့အိမ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်က ခြေစွမ်းကိုစိတ်ပျက်မိပေမယ့် ဘယ်သူ့ကိုမှအပြင်းအထန်ဝေဖန်မှာမဟုတ်သလို ဒေါသလည်းမထွက်ပါဘူးလို့ ပြောလိုက်ပါတယ်။ ဒီပွဲမှာ လီဗာပူးဟာ  ၃ ဂိုးပြတ်ဦးဆောင်ခဲ့ပေမယ့် ၃ ဂိုးပြန်ပေးလိုက်ရပြီး ဆာလရဲ့၆၉ မိနစ်အနိုင်ဂိုးကြောင့်သာ အိမ်ကွင်းမှာနိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးဟာ ၉ မိနစ်မှာ မာနီ၊ ၂၅ မိနစ်မှာရောဘတ်ဆန်၊ ၃၆ မိနစ်မှာဆာလာတို့ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဆဲလ်ဘတ်က ၃၉၊ ၅၆ နဲ့ ၆၀ မိနစ်တွေမှာ ချေပဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။ လီဗာပူးဟာ ဒီလိုချေပခံလိုက်ရလို့ ပရိသတ်တွေကိုယ်တိုင်တောင် အံအားသင့်ခဲ့ကြရပါသေးတယ်။ဒါပေမယ့်လည်း ၆၉ မိနစ်မှာ ဆာလာရဲ့အနိုင်ဂိုးကြောင့် သူတို့တွေသက်သာရာရခဲ့တာပါ။

Photo – Internet

အခုလို ၃ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ဆဲလ်ဘတ်ဟာ ချန်ပီယံလိဂ်မှာ အန်ဖီးလ်ကွင်းကိုလာပြီး ၃ ဂိုးသွင်းနိုင်ခဲ့တဲ့ စတုတ္ထမြောက်အသင်းဖြစ်လာပါတယ်။ အရင်အသင်းတွေက ဘာစီလိုနာ၊ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဖြစ်ကြပါတယ်။

Photo – Internet

ကလော့ပ်က”ပွဲပြီးမှတော့ လိုက်ပြောနေလို့လည်းဘာမှမထူးပါဘူး။ ဒီပွဲကနေသင်ခန်းစာယူတာကသာ ဝေဖန်တာတွေထက် ပိုကောင်းမှာပါ။ မိနစ် ၃၀ အထိကစားပုံသိပ်ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဆဲလ်ဘတ်ဟာ နည်းစနစ်ပြောင်းလိုက်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ကလည်း ဘောလုံးတွေဆုံးရှုံးခဲ့တာပါ။

Photo – Internet

ဒါကြောင့်လည်းပြဿ     နာတွေကြုံရပြီး ၃ ဂိုးပြန်ပေးလိုက်ရတာပါဘဲ။ ဒီအတွက်လည်း ကျွန်တော်ဒေါသမထွက်ပါဘူး။ ကစားသမားတွေကြိုးစားခဲ့ကြတာ ခင်ဗျားတို့လည်းအမြင်ဘဲလေ။ သူတို့ဟာလှပတဲ့အနိုင်ဂိုးကိုလည်းသွင်းယူပြီး နိုင်ပွဲရယူခဲ့တာပါ။ အနိုင်ရဖို့အတွက် ၆ ဂိုး၊ ၇ ဂိုးလောက်သွင်းနေဖို့ မလိုပါဘူး” လို့ပြောသွားပါတယ်။

Photo – Internet

Zawgyi

ဆဲလ္ဘတ္နဲ႔ပြဲကေျခစြမ္းအေပၚ သူေဒါသမထြက္ပါဘူးလို႔ ကေလာ႔ပ္ေျပာ

လီဗာပူးအသင္းဟာ ဆဲလ္ဘတ္နဲ႔ကစားခဲ့တဲ႔အိမ္ကြင္းခ်န္ပီယံလိဂ္ပြဲစဥ္က ေျခစြမ္းကိုစိတ္ပ်က္မိေပမယ္႔ ဘယ္သူ႔ကိုမွအျပင္းအထန္ေ၀ဖန္မွာမဟုတ္သလို ေဒါသလည္းမထြက္ပါဘူးလို႔ ေျပာလိုက္ပါတယ္။ ဒီပြဲမွာ လီဗာပူးဟာ  ၃ ဂုိးျပတ္ဦးေဆာင္ခဲ့ေပမယ္႔ ၃ ဂိုးျပန္ေပးလိုက္ရၿပီး ဆာလရဲ႕၆၉ မိနစ္အႏိုင္ဂိုးေၾကာင့္သာ အိမ္ကြင္းမွာႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ လီဗာပူးဟာ ၉ မိနစ္မွာ မာနီ၊ ၂၅ မိနစ္မွာေရာဘတ္ဆန္၊ ၃၆ မိနစ္မွာဆာလာတို႔ရဲ႕ဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ္႔ ဆဲလ္ဘတ္က ၃၉၊ ၅၆ နဲ႔ ၆၀ မိနစ္ေတြမွာ ေခ်ပဂိုးေတြသြင္းယူႏိုင္ခဲ့တာပါ။ လီဗာပူးဟာ ဒီလိုေခ်ပခံလိုက္ရလို႔ ပရိသတ္ေတြကိုယ္တိုင္ေတာင္ အံအားသင့္ခဲ့ၾကရပါေသးတယ္။

ဒါေပမယ္႔လည္း ၆၉ မိနစ္မွာ ဆာလာရဲ႕အႏိုင္ဂိုးေၾကာင့္ သူတို႔ေတြသက္သာရာရခဲ့တာပါ။ အခုလို ၃ ဂိုးသြင္းႏိုင္ခဲ့တဲ႔အတြက္ ဆဲလ္ဘတ္ဟာ ခ်န္ပီယံလိဂ္မွာ အန္ဖီးလ္ကြင္းကိုလာၿပီး ၃ ဂိုးသြင္းႏိုင္ခဲ့တဲ႔ စတုတၳေျမာက္အသင္းျဖစ္လာပါတယ္။ အရင္အသင္းေတြက ဘာစီလိုနာ၊ ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ျဖစ္ၾကပါတယ္။

ကေလာ႔ပ္က”ပြဲၿပီးမွေတာ႔ လိုက္ေျပာေနလို႔လည္းဘာမွမထူးပါဘူး။ ဒီပြဲကေနသင္ခန္းစာယူတာကသာ ေ၀ဖန္တာေတြထက္ ပိုေကာင္းမွာပါ။ မိနစ္ ၃၀ အထိကစားပုံသိပ္ေကာင္းခဲ့ေပမယ္႔ ေနာက္ပိုင္းမွာ ဆဲလ္ဘတ္ဟာ နည္းစနစ္ေျပာင္းလိုက္ပါတယ္။ ဒီအခ်ိန္မွာ က်ြန္ေတာ္တို႔ကလည္း ေဘာလုံးေတြဆုံးရႈံးခဲ့တာပါ။

ဒါေၾကာင့္လည္းျပႆ     နာေတြႀကံဳရၿပီး ၃ ဂိုးျပန္ေပးလိုက္ရတာပါဘဲ။ ဒီအတြက္လည္း က်ြန္ေတာ္ေဒါသမထြက္ပါဘူး။ ကစားသမားေတြႀကိဳးစားခဲ့ၾကတာ ခင္ဗ်ားတို႔လည္းအျမင္ဘဲေလ။ သူတို႔ဟာလွပတဲ႔အႏိုင္ဂိုးကိုလည္းသြင္းယူၿပီး ႏိုင္ပြဲရယူခဲ့တာပါ။ အႏိုင္ရဖို႔အတြက္ ၆ ဂိုး၊ ၇ ဂိုးေလာက္သြင္းေနဖို႔ မလိုပါဘူး” လို႔ေျပာသြားပါတယ္။