ဆာလာရဲ့ပင်နယ်တီသွင်းဂိုးနဲ့အတူ စီးတီးကို ၆မှတ်ပြန်ဖြတ်လိုက်တဲ့ လီဗာပူး

Photo Credit

Photo Credit ; Getty Images

ပွဲစဉ် ၉အဖြစ် ယူနိုက်တက်နဲ့ရင်ဆိုင်အတွေ့မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန် ပျက်သွားတဲ့ လီဗာပူးဟာ ဒီပွဲမှာ ပွဲချိန်အစောပိုင်းကတည်းက စပါးကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဟန်ဒါဆန်နဲ့ ဆာလာတို့ရဲ့ဂိုးတွေကြောင့် စပါးကို ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ဒုတိယနေရာက ထပ်ဆင့်ချန်ပီယံ စီးတီးကို ၆ မှတ်ပြန်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit

စပါးဟာ ပွဲအစ ၄၇ စက္ကန့်မှာပဲ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဆွန်ဟောင်မင်းရဲ့ကန်သွင်းချက် လူထိလမ်းကြောင်းပြောင်းကာ တိုင်ထိထွက်လာတာကနေ ဟယ်ရီကိန်းက အနီးကပ်ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပြီး စပါးဂိုးသမား ဂါဇာနီဂါလည်း လက်စွမ်းပြနေခဲ့လို့ လီဗာပူးအသင်း ပထမပိုင်းပြီးတဲ့အထိ ချေပဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit

ဒါပေမဲ့ လီဗာပူးက တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာကတည်းက ချေပဂိုးရဖို့ အခွင့်အရေးအများအပြားဖန်တီးနိုင်ခဲ့ပေမယ့် အာဂျင်တီးနားလက်ရွေးစင် ဂါဇာနီဂါ လက်စွမ်းပြနေခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။

Photo Credit

ပင်နယ်တီဧရိယာထိပ်ကနေ ဆာလာရဲ့ပြင်းထန်အားပါတဲ့ကန်သွင်းချက်ကို ပုတ်ထုတ်နိုင်ခဲ့သလို ဖာမီနိုရဲ့ထပ်ဆင့်ပိတ်သွင်းချက်ကိုလည်း ဂါဇာနီဂါ ထပ်မံကာကွယ်နိုင်ခဲ့ပြီး နောက်ခံလူ ဗန်ဒိုက်ရဲ့ပြင်းထန်အားပါတဲ့ခေါင်းတိုက်ချက်ကိုလည်း ပုတ်ထုတ်နိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ဒုတိယပိုင်းပြန်စအပြီး သိပ်မကြာခင် လီဗာပူးအသင်း ချေပဂိုးရရှိခဲ့ပြီး ရောဘတ်ဆန်ရဲ့ပေးပို့မှုကို စပါးဘယ်နောက်ခံလူ ဒန်နီရို့စ် ရှင်းထုတ်ပုံမသေသပ်မှုကနေ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဘယ်ခြေနဲ့ အဝေးတိုင်ထောင့်ထဲ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit

အဲဒီနောက်မှာလည်း လီဗာပူးကပဲ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာတော့ ပင်နယ်တီဧရိယာအတွင်း မာနေးကို စပါးညာနောက်ခံလူ အော်ရီယာ ဥပဒေပကစားခဲ့တာကြောင့် လီဗာပူးအသင်း ပင်နယ်တီရရှိခဲ့ပြီး ဆာလာက အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း အနိုင်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

စပါးက ပွဲပြီးခါနီးမှာ ပြန်လည်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် အဓိကကစားသမားအများစု ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး အသင်းကလည်း ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲကနေ ၁ မှတ်ပဲရယူနိုင်တဲ့အထိ အခြေအနေဆိုးရွားနေလို့ နည်းပြပိုချက်တီနိုလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit

Zawgyi

ဆာလာရဲ႕ပင္နယ္တီသြင္းဂိုးနဲ႔အတူ စီးတီးကို ၆မွတ္ျပန္ျဖတ္လိုက္တဲ့ လီဗာပူး

ပြဲစဥ္ ၉အျဖစ္ ယူႏုိက္တက္နဲ႔ရင္ဆုိင္အေတြ႕မွာ ရာႏႈန္းျပည့္ႏိုင္ပဲြဆက္စံခ်ိန္ ပ်က္သြားတဲ့ လီဗာပူးဟာ ဒီပဲြမွာ ပြဲခ်ိန္အေစာပိုင္းကတည္းက စပါးကို ေနာက္ကေန လုိက္ကစားခ့ဲရေပမယ့္ ဒုတိယပုိင္းမွာ သြင္းယူခဲ့တဲ့ ဟန္ဒါဆန္နဲ႔ ဆာလာတုိ႔ရဲ႕ဂိုးေတြေၾကာင့္ စပါးကို ၂-၁ ဂိုးနဲ႔အႏိုင္ယူၿပီး ဒုတိယေနရာက ထပ္ဆင့္ခ်န္ပီယံ စီးတီးကို ၆ မွတ္ျပန္ျဖတ္ႏိုင္ခဲ့ပါတယ္။
စပါးဟာ ပြဲအစ ၄၇ စကၠန္႔မွာပဲ ဦးေဆာင္ဂိုးရရွိခဲ့ၿပီး ဆြန္ေဟာင္မင္းရဲ႕ကန္သြင္းခ်က္ လူထိလမ္းေၾကာင္းေျပာင္းကာ တိုင္ထိထြက္လာတာကေန ဟယ္ရီကိန္းက အနီးကပ္ေခါင္းတုိက္သြင္းခဲ့တာျဖစ္ၿပီး စပါးဂိုးသမား ဂါဇာနီဂါလည္း လက္စြမ္းျပေနခဲ့လို႔ လီဗာပူးအသင္း ပထမပိုင္းၿပီးတဲ့အထိ ေခ်ပဂိုးရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။
ဒါေပမဲ့ လီဗာပူးက တစ္ပြဲလုံး ေဘာလုံးပိုင္ဆုိင္မႈအသာနဲ႔ ဖိအားေပးကစားႏုိင္ခဲ့ၿပီး ပထမပိုင္းမွာကတည္းက ေခ်ပဂိုးရဖုိ႔ အခြင့္အေရးအမ်ားအျပားဖန္တီးႏိုင္ခဲ့ေပမယ့္ အာဂ်င္တီးနားလက္ေရြးစင္ ဂါဇာနီဂါ လက္စြမ္းျပေနခဲ့လုိ႔ ဂိုးမရခဲ့တာျဖစ္ပါတယ္။
ပင္နယ္တီဧရိယာထိပ္ကေန ဆာလာရဲ႕ျပင္းထန္အားပါတဲ့ကန္သြင္းခ်က္ကို ပုတ္ထုတ္ႏိုင္ခဲ့သလို ဖာမီႏိုရဲ႕ထပ္ဆင့္ပိတ္သြင္းခ်က္ကိုလည္း ဂါဇာနီဂါ ထပ္မံကာကြယ္ႏိုင္ခဲ့ၿပီး ေနာက္ခံလူ ဗန္ဒိုက္ရဲ႕ျပင္းထန္အားပါတဲ့ေခါင္းတိုက္ခ်က္ကိုလည္း ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ဒုတိယပိုင္းျပန္စအၿပီး သိပ္မၾကာခင္ လီဗာပူးအသင္း ေခ်ပဂိုးရရွိခဲ့ၿပီး ေရာဘတ္ဆန္ရဲ႕ေပးပို႔မႈကုိ စပါးဘယ္ေနာက္ခံလူ ဒန္နီ႐ုိ႕စ္ ရွင္းထုတ္ပုံမေသသပ္မႈကေန အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဘယ္ေျခနဲ႔ အေ၀းတုိင္ေထာင့္ထဲ ကန္သြင္းခဲ့တာျဖစ္ပါတယ္။
အဲဒီေနာက္မွာလည္း လီဗာပူးကပဲ ဆက္လက္ဖိအားေပးႏိုင္ခဲ့ၿပီး ပြဲၿပီးဖို႔ ၁၅ မိနစ္အလုိမွာေတာ့ ပင္နယ္တီဧရိယာအတြင္း မာေနးကို စပါးညာေနာက္ခံလူ ေအာ္ရီယာ ဥပေဒပကစားခဲ့တာေၾကာင့္ လီဗာပူးအသင္း ပင္နယ္တီရရွိခဲ့ၿပီး ဆာလာက အမွားအယြင္းမရွိကန္သြင္းယူႏိုင္ခဲ့လုိ႔ လီဗာပူးအသင္း အႏိုင္ဂိုးရရွိခဲ့ပါတယ္။
စပါးက ပြဲၿပီးခါနီးမွာ ျပန္လည္တုိက္စစ္ဆင္ကစားခဲ့ေပမယ့္ အဓိကကစားသမားအမ်ားစု ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနခဲ့ၿပီး အသင္းကလည္း ပရီးမီးယားလိဂ္ေနာက္ဆုံး ၃ပဲြကေန ၁ မွတ္ပဲရယူႏိုင္တဲ့အထိ အေျခအေနဆုိးရြားေနလုိ႔ နည္းျပပိုခ်က္တီႏိုလည္း ဖိအားေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။