စီးရီးအေအတွက် တံခါးဖွင့်ထားပေမယ့် ကပ်ဆိုက်နေတဲ့မီလန်မပါဘူး…

PC ; Internet

စီးရီးအေမှာ တစ်ရာသီကို ဂိုး ၂၀လောက် သွင်းနိုင်သေးတယ်လို့ထုတ်ပြောလိုက်ပြီး ဆွီဒင်တိုက်စစ်မှူးအီဘရာဟီမိုဗစ်က အခွင့်အရေးရရင်အီတလီပြန်ရောက်လာနိုင်တယ်ဆိုတဲ့အကြောင်း ဖွင့်ဟသွားပါတယ်။ဒါပေမဲ့ Gazzetta dello Sport နဲ့ အဲဒီအင်တာဗျူးမှာ အသင်းဟောင်းအေစီမီလန်ကတော့ ကပ်ဆိုက်နေတဲ့အသင်းလို့ အီဘရာဟီမိုဗစ်က ပြောသွားခဲ့ပါတယ်။ဆွီဒင်တိုက်စစ်မှူးဟောင်းဟာ မေဂျာလိဂ်ကလပ်ဂလက်စီအသင်းနဲ့ စာချုပ်သက်တမ်းပြည့်မယ့် ဒီဇင်ဘာလရောက်ရင် လုပ်ဆောင်မယ့်သူ့ရဲ့အနာဂတ်အစီအစဉ်တွေကို ပြောဆိုသွားတာလည်းဖြစ်ပါတယ်။

PC ; Internet

အသက် ၃၈နှစ်အရွယ် တိုက်စစ်မှူးကြီး သတင်းထွက်နေတာက အသင်းဟောင်းမန်ယူနဲ့ပါ။ဒါပေမဲ့ အီဘရာဟီမိုဗစ်ကတော့ ဂျူဗင်တပ်၊အေစီမီလန်၊အင်တာမီလန်တို့နဲ့ အောင်မြင်ခဲ့ဖူးတဲ့ စီးရီးအေကိုပဲပြန်ချင်နေပါတယ်။

PC ; Internet

“ ကျွန်တော့်အသက်က ၃၈နှစ်ရှိပါပြီ။ဒါပေမဲ့ ကလေးတစ်ယောက်လို စိတ်အားထက်သန်နေဆဲဖြစ်သလို နိုင်ပွဲဆာလောင်စိတ်ပြင်းပြနေဆဲပါပဲ။အီတလီက ကျွန်တော့်ရဲ့ ဒုတိယအိမ်ပါ။ကမ်းလှမ်းမှုအားလုံးကို နားထောင်သွားမှာဖြစ်ပေမယ့် ပစ်မှတ်ကြီးအတွက်ပဲ အဓိကတိုက်ပွဲဝင်သွားမှာပါ။တကယ်လို့ ပြန်ရောက်ဖြစ်ရင်တော့ တခြားအသေးအမွှားတွေထက် စကူဒက်တိုဖလားကိုပဲ စိန်ခေါ်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အီဘရာဟီမိုဗစ်ဖြစ်နေလို့ပါပဲ” လို့ ဆွီဒင်သားကဆိုပါတယ်။

PC ; Internet

၇ပွဲကစားပြီးချိန်မှာ ရမှတ် ၉မှတ်နဲ့ အဆင့် ၁၃နေရာမှာရပ်တည်နေတဲ့ အေစီမီလန်နဲ့ပတ်သက်ပြီး ဒါရိုက်တာတစ်ဦးဖြစ်နေတဲ့ပေါ်လိုမာလ်ဒီနီကို သက်သေထားညွှန်ပြပြီးဝေဖန်သွားခဲ့တာပါ။“ မီလန်က ကပ်ဆိုက်နေတာပါ။သူတို့က အပြောပဲရှိပြီး အလုပ်မလုပ်ပါဘူး။နေရာနဲ့မထိုက်တန်သူတွေ အများကြီးရှိနေတယ်။မာလ်ဒီနီဆိုရင်လည်း ဒါရိုက်တာရာထူးနဲ့မအပ်စပ်ပါဘူး ”လို့ ပြောသွားတာပါ။

(zawgyi)

စီးရီးေအမွာ တစ္ရာသီကို ဂိုး ၂၀ေလာက္ သြင္းႏိုင္ေသးတယ္လို႔ထုတ္ေျပာလိုက္ၿပီး ဆြီဒင္တိုက္စစ္မွဴးအီဘရာဟီမိုဗစ္က အခြင့္အေရးရရင္အီတလီျပန္ေရာက္လာႏိုင္တယ္ဆိုတဲ့အေၾကာင္း ဖြင့္ဟသြားပါတယ္။ဒါေပမဲ့ Gazzetta dello Sport နဲ႔ အဲဒီအင္တာဗ်ဴးမွာ အသင္းေဟာင္းေအစီမီလန္ကေတာ့ ကပ္ဆိုက္ေနတဲ့အသင္းလို႔ အီဘရာဟီမိုဗစ္က ေျပာသြားခဲ့ပါတယ္။ဆြီဒင္တိုက္စစ္မွဴးေဟာင္းဟာ ေမဂ်ာလိဂ္ကလပ္ဂလက္စီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းျပည့္မယ့္ ဒီဇင္ဘာလေရာက္ရင္ လုပ္ေဆာင္မယ့္သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြကို ေျပာဆိုသြားတာလည္းျဖစ္ပါတယ္။အသက္ ၃၈ႏွစ္အရြယ္ တိုက္စစ္မွဴးႀကီး သတင္းထြက္ေနတာက အသင္းေဟာင္းမန္ယူနဲ႔ပါ။ဒါေပမဲ့ အီဘရာဟီမိုဗစ္ကေတာ့ ဂ်ဴဗင္တပ္၊ေအစီမီလန္၊အင္တာမီလန္တို႔နဲ႔ ေအာင္ျမင္ခဲ့ဖူးတဲ့ စီးရီးေအကိုပဲျပန္ခ်င္ေနပါတယ္။“ ကၽြန္ေတာ့္အသက္က ၃၈ႏွစ္ရွိပါၿပီ။ဒါေပမဲ့ ကေလးတစ္ေယာက္လို စိတ္အားထက္သန္ေနဆဲျဖစ္သလို ႏိုင္ပြဲဆာေလာင္စိတ္ျပင္းျပေနဆဲပါပဲ။အီတလီက ကၽြန္ေတာ့္ရဲ႕ ဒုတိယအိမ္ပါ။ကမ္းလွမ္းမႈအားလံုးကို နားေထာင္သြားမွာျဖစ္ေပမယ့္ ပစ္မွတ္ႀကီးအတြက္ပဲ အဓိကတိုက္ပြဲ၀င္သြားမွာပါ။တကယ္လို႔ ျပန္ေရာက္ျဖစ္ရင္ေတာ့ တျခားအေသးအမႊားေတြထက္ စကူဒက္တိုဖလားကိုပဲ စိန္ေခၚခ်င္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္က အီဘရာဟီမိုဗစ္ျဖစ္ေနလို႔ပါပဲ” လို႕ ဆီြဒင္သားကဆိုပါတယ္။၇ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၉မွတ္နဲ႔ အဆင့္ ၁၃ေနရာမွာရပ္တည္ေနတဲ့ ေအစီမီလန္နဲ႔ပတ္သက္ၿပီး ဒါရိုက္တာတစ္ဦးျဖစ္ေနတဲ့ေပၚလိုမာလ္ဒီနီကို သက္ေသထားညႊန္ျပၿပီးေ၀ဖန္သြားခဲ့တာပါ။“ မီလန္က ကပ္ဆိုက္ေနတာပါ။သူတို႔က အေျပာပဲရွိၿပီး အလုပ္မလုပ္ပါဘူး။ေနရာနဲ႔မထိုက္တန္သူေတြ အမ်ားႀကီးရွိေနတယ္။မာလ္ဒီနီဆိုရင္လည္း ဒါရိုက္တာရာထူးနဲ႔မအပ္စပ္ပါဘူး ”လို႔ ေျပာသြားတာပါ။