စီရော်နယ်ဒိုကို ပြန်လည်ခြောက်လှန့်နေတဲ့ ရွှေဖိနပ်ဆုက Balllond’Or ဆုထက် ပိုကောင်းတယ်ဆိုတဲ့စကား

photo-sportbible

photo-gettyimages

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ရခဲ့တဲ့သူ့ရဲ့ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီလာလီဂါမှာ ၃၆ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီက အမ်ဘက်ပီထက် ၃ ဂိုးအသာနဲ့ ရခဲ့တာပါ။ ဒါဟာ အဲဒီဘာစီလိုနာတိုက်စစ်မှုးအတွက် ၃ နှစ်ဆက်ဥရောပရွှေဖိနပ်ဆုဖြစ်ပြီး စုစုပေါင်းဆိုရင်  ကြိမ်မြောက်ရခဲ့တဲ့ ဥရောပရွှေဖိနပ်ဆုလည်း ဖြစ်ပါတယ်။ အဲဒါက သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒိုကို သေချာပေါက်ပြန်လည် ခြောက်လှန့်တော့မှာပဲ ဖြစ်ပါတယ်။

photo-gettyimages

ဘာကြောင့်လဲဆိုတော့ ၂၀၁၅ တုန်းက သူ့ရဲ့၄ ခုမြောက်ဥရောပရွှေဖိနပ်ဆုကို ရခဲ့တုန်းက စီရော်နယ်ဒိုက အဲဒီဆုဟာ ဘောလုံးလောကရဲ့အကြီးဆုံးဆုဖြစ်ကြောင်း ပြောခဲ့ဖူးတာပါ။ အဲဒီအချိန်တုန်းက ဥရောပရွှေဖိနပ်ဆုရရှိမှုမှာ စီရော်နယ်ဒိုက မက်ဆီထက် တစ်ကြိမ်သာထားပြီး Ballond’Or ဆုရရှိမှုမှာတော့ မက်ဆီထက် တစ်ကြိမ်ပိုနည်းနေတာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ အခြေအနေတွေပြောင်းလဲသွားပြီး Ballond’Or ဆုရရှိမှုမှာ ၅ ကြိမ်စီနဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့တူညီသွားပေမယ့် ဥရောပရွှေဖိနပ်ဆုမှာတော့ မက်ဆီက ၆ ကြိမ်ဖြစ်သွားပြီး စီရောက်နယ်ဒိုက ၄ ကြိမ်သာရှိပါသေးတယ်။

photo-gettyimages

၂၀၁၅ တုန်းက နယ်သာလန်သတင်းစာတစ်စောင်ကို စီရော်နယ်ဒိုက အခုလိုပြောခဲ့တာပါ။ ”ဥရောပရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုဟာ တခြားလိဂ်တွေကလည်း လာပါတယ်။ ဒီဆုကို ကျွန်တော်တကယ်ချစ်ပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒါက အကောင်းဆုံးဆုပါပဲ။ တခြားသူတွေက အကောင်းဆုံးကစားသမားအဖြစ် ခင်ဗျားကို ရွေးချင်ရွေးနိုင်ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှုးတစ်ယောက်ရဲ့အလုပ်က ဂိုးတွေသွင်းဖို့ဖြစ်ပြီး အဲဒါကို ကျွန်တော်ကြိုက်ပါတယ်။ ဂိုးတွေသွင်းတာ ကြိုက်တယ်ဆိုတာကို ကျွန်တော်မငြင်းနိုင်ပါဘူး”လို့ အဲဒီတုန်းက စီရော်နယ်ဒိုက ဆိုခဲ့တာပါ။ အခုတော့ အဲဒီစကားအတွက် သူနောင်တရနေလောက်ပါပြီ။

[Zawgyi]

စီေရာ္နယ္ဒိုကို ျပန္လည္ေျခာက္လွန္႔ေနတဲ့ ေရႊဖိနပ္ဆုက Balllond’Or ဆုထက္ ပိုေကာင္းတယ္ဆုိတဲ့စကား

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က လီယြန္နယ္မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီက ရခဲ့တဲ့သူ႔ရဲ႕ဥေရာပေရႊဖိနပ္ဆုကို လက္ခံရယူခဲ့ပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီလာလီဂါမွာ ၃၆ ဂုိးသြင္းႏိုင္ခ့ဲတာျဖစ္ၿပီး ပီအက္စ္ဂ်ီက အမ္ဘက္ပီထက္ ၃ ဂိုးအသာနဲ႔ ရခဲ့တာပါ။ ဒါဟာ အဲဲဒီဘာစီလိုနာတိုက္စစ္မႈးအတြက္ ၃ ႏွစ္ဆက္ဥေရာပေရႊဖိနပ္ဆုျဖစ္ၿပီး စုစုေပါင္းဆုိရင္  ႀကိမ္ေျမာက္ရခဲ့တဲ့ ဥေရာပေရႊဖိနပ္ဆုလညး္ ျဖစ္ပါတယ္။ အဲဒါက သူ႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ စီေရာ္နယ္ဒိုကို ေသခ်ာေပါက္ျပန္လည္ ေျခာက္လွန္႔ေတာ့မွာပဲ ျဖစ္ပါတယ္။

ဘာေၾကာင့္လဲဆုိေတာ့ ၂၀၁၅ တုန္းက သူ႔ရဲ႕၄ ခုေျမာက္ဥေရာပေရႊဖိနပ္ဆုကို ရခဲ့တုန္းက စီေရာ္နယ္ဒိုက အဲဒီဆုဟာ ေဘာလုံးေလာကရဲ႕အႀကီးဆုံးဆုျဖစ္ေၾကာင္း ေျပာခဲ့ဖူးတာပါ။ အဲဒီအခ်ိန္တုနး္က ဥေရာပေရႊဖိနပ္ဆုရရွိမႈမွာ စီေရာ္နယ္ဒိုက မက္ဆီထက္ တစ္ႀကိမ္သာထားၿပီး Ballond’Or ဆုရရွိမႈမွာေတာ့ မက္ဆီထက္ တစ္ႀကိမ္ပိုနည္းေနတာပါ။ ဒါေပမဲ့ အဲဒီေနာက္ပိုင္းမွာ အေျခအေနေတြေျပာင္းလဲသြားၿပီး Ballond’Or ဆုရရွိမႈမွာ ၅ ႀကိမ္စီနဲ႔ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔တူညီသြားေပမယ့္ ဥေရာပေရႊဖိနပ္ဆုမွာေတာ့ မက္ဆီက ၆ ႀကိမ္ျဖစ္သြားၿပီး စီေရာက္နယ္ဒိုက ၄ ႀကိမ္သာရွိပါေသးတယ္။

၂၀၁၅ တုနး္က နယ္သာလန္သတင္းစာတစ္ေစာင္ကို စီေရာ္နယ္ဒိုက အခုလိုေျပာခဲ့တာပါ။ ”ဥေရာပေရႊဖိနပ္ဆုအတြက္ ၿပိဳင္ဆိုင္မႈဟာ တျခားလိဂ္ေတြကလည္း လာပါတယ္။ ဒီဆုကို ကၽြန္ေတာ္တကယ္ခ်စ္ပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ အဲဒါက အေကာင္းဆုံးဆုပါပဲ။ တျခားသူေတြက အေကာင္းဆုံးကစားသမားအျဖစ္ ခင္ဗ်ားကို ေရြးခ်င္ေရြးႏိုင္ပါတယ္။ ဒါေပမဲ့ တိုက္စစ္မႈးတစ္ေယာက္ရဲ႕အလုပ္က ဂိုးေတြသြင္းဖုိ႔ျဖစ္ၿပီး အဲဒါကို ကၽြန္ေတာ္ႀကိဳက္ပါတယ္။ ဂိုးေတြသြင္းတာ ႀကိဳက္တယ္ဆုိတာကို ကၽြန္ေတာ္မျငင္းႏိုင္ပါဘူး”လို႔ အဲဒီတုန္းက စီေရာ္နယ္ဒိုက ဆုိခဲ့တာပါ။ အခုေတာ့ အဲဒီစကားအတြက္ သူေနာင္တရေနေလာက္ပါၿပီ။