စိန်ခေါ်သူ ဟဲဗီးဝိတ်ချန်ပီယံ ဗီရာကို အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်ရွှေခါးပတ် ကာကွယ်နိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်

Photo Credit

Photo Credit

မြန်မာနိုင်ငံကို ကမ္ဘာကသိအောင် MMA အားကစားနည်းနဲ့ ဂုဏ်ဆောင်နေတဲ့ မြန်မာ့စပါးအုံးတစ်ဖြစ်လဲ အောင်လအန်ဆန်ဟာ ယနေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ One Championship ပြိုင်ပွဲရဲ့ ONE: CENTURY PART II ပွဲစဉ်မှာလည်း main event(အဓိကပွဲကြီး)အဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနဲ့ထိုးသတ်ခဲ့ရာ ဒုတိယအချီမှာပဲ အလဲထိုးနဲ့အနိုင်ရယူကာ မြန်မာ့ဂုဏ်ကို ထပ်မံဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

အောင်လအန်ဆန်ဟာ သူ့ရဲ့လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်အတွက် လက်ရှိချန်ပီယံအဖြစ် ရွှေခါးပတ်ကာကွယ်ပွဲထိုးသတ်ခဲ့တာဖြစ်ပြီး ဗီရာကတော့ ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပေမယ့် ဝိတ်တန်းတစ်တန်းဆင်းကာ အောင်လရဲ့ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ကို စိန်ခေါ်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit

ဂျပန်နိုင်ငံမှာ အင်အားပြင်းမုန်တိုင်းတိုက်ခိုက်နေမှုကြောင့် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအများစု ရွှေ့ဆိုင်းခဲ့ရပေမယ့် One Championship က စီစဉ်ကျင်းပတဲ့ ONE: CENTURY ပြိုင်ပွဲကိုတော့ အခမ်းနားဆုံးပုံစံနဲ့ ကျင်းပနိုင်ခဲ့ပြီး PART I, PART II ခွဲကျင်းပခဲ့တာဖြစ်ပါတယ်။

Photo Credit

ပထမအချီမှာ နှစ်ယောက်စလုံး သွေးတိုးစမ်းသဘောလောက်ပဲ ထိုးသတ်ခဲ့ပေမယ့် ပထမအချီ ၂မိနစ်ကျော်လောက်မှာ အောင်လအန်ဆန်ရဲ့ဘယ်ခြေကန်ချက်ကို ဗီရာက ဖမ်းရာကနေ အောင်လ ဟန်ချက်ပျက်သွားလို့ ဗီရာက တံတောင်တွေ၊ ဒူးတွေနဲ့ ဆက်တိုက်ပွဲဖြတ်ဖို့ ကြိုးစားပေမယ့် အောင်လက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Photo Credit

အဲဒီအကြိမ်လောက်ပဲ မြန်မာပရိသတ်တွေ စိုးရိမ်ခဲ့ရတာဖြစ်ပြီး ဒုတိယအချီမှာတော့ အောင်လအန်ဆန်ရဲ့လှပတဲ့ပတ်တံတောင်ရိုက်ချက်က သူ့ထက်ကိုယ်လုံးလည်းကြီး၊ အရပ်လည်းပိုရှည်တဲ့ ဗီရာကို ခါထွက်သွားစေပါတယ်။

Photo Credit

ဗီရာကလည်း သူလည်းပတ်တံတောင်သုံးတတ်တယ်ဆိုပြီး ပြသခဲ့ပေမယ့် အောင်လက အသာရှောင်နိုင်ခဲ့ပြီး အောင်လက ဗီရာကို ညာဝိုက်လက်သီးနဲ့ ယိုင်ထွက်သွားစေကာ နောက်ကနေ အပိုင်ချုပ်ကာ ဘယ်ဝိုက်လက်သီးတွဲလုံးတွေနဲ့ စိတ်ကြိုက်ထိုးသတ်နေချိန် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲရပ်လိုက်ရပါတယ်။

Photo Credit

Zawgyi

စိန္ေခၚသူ ဟဲဗီး၀ိတ္ခ်န္ပီယံ ဗီရာကို အလဲထိုးအႏုိင္ယူၿပီး လုိက္ဟဲဗီး၀ိတ္ေရႊခါးပတ္ ကာကြယ္ႏိုင္ခဲ့တဲ့ ျမန္မာ့ဂုဏ္ေဆာင္ ေအာင္လအန္ဆန္

ျမန္မာႏိုင္ငံကို ကမၻာကသိေအာင္ MMA အားကစားနည္းနဲ႔ ဂုဏ္ေဆာင္ေနတဲ့ ျမန္မာ့စပါးအုံးတစ္ျဖစ္လဲ ေအာင္လအန္ဆန္ဟာ ယေန႔ ဂ်ပန္ႏုိင္ငံ၊ တုိက်ိဳၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ One Championship ၿပိဳင္ပြဲရဲ႕ ONE: CENTURY PART II ပဲြစဥ္မွာလည္း main event(အဓိကပြဲႀကီး)အျဖစ္ ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ဗီရာနဲ႔ထုိးသတ္ခဲ့ရာ ဒုတိယအခ်ီမွာပဲ အလဲထိုးနဲ႔အႏိုင္ရယူကာ ျမန္မာ့ဂုဏ္ကို ထပ္မံေဆာင္ႏိုင္ခဲ့ပါတယ္။
ေအာင္လအန္ဆန္ဟာ သူ႕ရဲ႕လုိက္ဟဲဗီး၀ိတ္ေရႊခါးပတ္အတြက္ လက္ရွိခ်န္ပီယံအျဖစ္ ေရႊခါးပတ္ကာကြယ္ပြဲထိုးသတ္ခဲ့တာျဖစ္ၿပီး ဗီရာကေတာ့ ဟဲဗီး၀ိတ္ခ်န္ပီယံျဖစ္ေပမယ့္ ၀ိတ္တန္းတစ္တန္းဆင္းကာ ေအာင္လရဲ႕ လုိက္ဟဲဗီး၀ိတ္ေရႊခါးပတ္ကို စိန္ေခၚထိုးသတ္ခဲ့တာျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံမွာ အင္အားျပင္းမုန္တုိင္းတုိက္ခုိက္ေနမႈေၾကာင့္ ေဖာ္ျမဴလာ၀မ္းကားေမာင္းၿပိဳင္ပြဲအပါအ၀င္ အားကစားၿပိဳင္ပြဲအမ်ားစု ေရႊ႕ဆုိင္းခဲ့ရေပမယ့္ One Championship က စီစဥ္က်င္းပတဲ့ ONE: CENTURY ၿပိဳင္ပြဲကိုေတာ့ အခမ္းနားဆုံးပုံစံနဲ႔ က်င္းပႏိုင္ခဲ့ၿပီး PART I, PART II ခြဲက်င္းပခဲ့တာျဖစ္ပါတယ္။
ပထမအခ်ီမွာ ႏွစ္ေယာက္စလုံး ေသြးတုိးစမ္းသေဘာေလာက္ပဲ ထုိးသတ္ခဲ့ေပမယ့္ ပထမအခ်ီ ၂မိနစ္ေက်ာ္ေလာက္မွာ ေအာင္လအန္ဆန္ရဲ႕ဘယ္ေျခကန္ခ်က္ကို ဗီရာက ဖမ္းရာကေန ေအာင္လ ဟန္ခ်က္ပ်က္သြားလုိ႔ ဗီရာက တံေတာင္ေတြ၊ ဒူးေတြနဲ႔ ဆက္တုိက္ပြဲျဖတ္ဖုိ႔ ႀကိဳးစားေပမယ့္ ေအာင္လက ျပန္လည္ထိန္းခ်ဳပ္ႏုိင္ခဲ့ပါတယ္။
အဲဒီအႀကိမ္ေလာက္ပဲ ျမန္မာပရိသတ္ေတြ စိုးရိမ္ခဲ့ရတာျဖစ္ၿပီး ဒုတိယအခ်ီမွာေတာ့ ေအာင္လအန္ဆန္ရဲ႕လွပတဲ့ပတ္တံေတာင္႐ိုက္ခ်က္က သူ႕ထက္ကိုယ္လုံးလည္းႀကီး၊ အရပ္လည္းပိုရွည္တဲ့ ဗီရာကို ခါထြက္သြားေစပါတယ္။
ဗီရာကလည္း သူလည္းပတ္တံေတာင္သုံးတတ္တယ္ဆိုၿပီး ျပသခဲ့ေပမယ့္ ေအာင္လက အသာေရွာင္ႏုိင္ခဲ့ၿပီး ေအာင္လက ဗီရာကို ညာ၀ုိက္လက္သီးနဲ႔ ယုိင္ထြက္သြားေစကာ ေနာက္ကေန အပိုင္ခ်ဳပ္ကာ ဘယ္၀ုိက္လက္သီးတြဲလံုးေတြနဲ႔ စိတ္ႀကိဳက္ထိုးသတ္ေနခ်ိန္ ႀကိဳး၀ုိင္းဒုိင္လူႀကီးက ပဲြရပ္လုိက္ရပါတယ္။