စည်းကျပ်ဒိုင်ကို တွန်းခဲ့လို့ ရစ်ဘာရီ ရေရှည်ပွဲပယ်ခံရဖို့ ရှိနေ

Photo- Internet
Photo- Internet

ဖီအိုရင်တီးနား အသင်းဝါရင့်တောင်ပံကစားသမား ဖရန့်ရစ်ဘာရီဟာ လာဇီယိုကိုရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ စည်းကျပ်ဒိုင်ကို မကျေမနပ်ဖြစ်ပြီး ၂ ခါတောင်တွန်းခဲ့လို့ ရေရှည်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဖီအိုရင်တီးနားဟာ လာဇီယိုရဲ့ဦးဆောင်ဂိုးကိုပြန်ချေပနိုင်ခဲ့ပေမယ့်  ၈၉ မိနစ်မှာ အင်မိုဘိုင်းကအငြင်းပွားစရာကနေတစ်ဆင့် အနိုင်ဂိုးသွင်းသွားခဲ့တာပါ။

ဒီပွဲမှာ ချီယေဆာသွင်းခဲ့တဲ့ ပထမပိုင်းကချေပဂိုးအတွက် ရစ်ဘာရီကဘဲ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၇၅ မိနစ်မှာလူစားလဲ ခံခဲ့ရလို့ အငြင်းပွားစရာဖြစ်ရပ်ကို အရန်ခုံကနေဘဲကြည့်ခဲ့ရပါတယ်။ လာဇီယို ကအင်မိုဘိုင်းဂိုးမသွင်းခင်မှာ ဖီအိုရင်တီးနားက ပြစ်ဒဏ်ရသင့်ခဲ့ပေမယ့် စည်းကျပ်ဒိုင်ကဘာမှ အချက်မပြခဲ့လို့ ကွင်းလယ်ဒိုင်ကလည်း ဆက်ကစားဖို့ အချက်ပြခဲ့တာပါ။

Photo- Internet

အဲဒီကနေတစ်ဆင့် လာဇီယိုအနိုင်ဂိုးရသွားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပွဲအပြီးမှာ ရစ်ဘာရီဟာသူ့ဒေါသကိုမထိန်းနိုင်ခဲ့ဘဲ စည်းကျပ်ဒိုင်ကို စောဒကတက်ခဲ့တဲ့အပြင် ၂ ကြိမ်တိုင်တိုင်တွန်းခဲ့လို့ ပွဲပြီးမှဘဲ တိုက်ရိုက်အနီကတ်ပြသခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရစ်ဘာရီကို စီးရီးအေအဖွဲ့ချုပ်ကလည်း စည်းကမ်းပိုင်းအရ ပြစ်ဒဏ်ချမှတ်ဖို့ စီစဉ်နေပါတယ်။

Photo- Internet

စီးရီးအေအဖွဲ့ချုပ်ဟာ ဒီရာသီမှာဒိုင်တွေကို ကိုယ်ထိလက်ရောက်ကျူ းလွန်မှုတွေနဲ့ အပြင်းအထန်စောဒကတက်မှုတို့ကို ထိရောက်စွာတိုက်ဖျက်နေလို့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရစ်ဘာရီဟာ ရေရှည်ပွဲပယ်ခံရဖို့သေချာနေပါတယ်။ ဒါကြောင့် သူ့အနီကတ်ပြစ်ဒဏ်အတွက် ၃ ပွဲပယ်ခံရမယ့်အပြင် ထပ်ဆောင်းပွဲပိုပြစ်ဒဏ်လည်းချမှတ်ခံရမှာဖြစ်ပါတယ်။

Photo- Internet

ဖီအိုရင်တီးနားဟာ ဒီရာသီစီးရီးအေမှာ ၉ ပွဲကစားပြီးအဆင့် ၉ ကိုရောက်နေပြီး ဒီကြားရက်မှာ ဆက်ဆူအိုလိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နည်းပြ မွန်တဲလားကတော့ ရစ်ဘာရီရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှပေးခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

စည္းက်ပ္ဒိုင္ကို တြန္းခဲ့လို႔ ရစ္ဘာရီ ေရရွည္ပြဲပယ္ခံရဖို႔ ရွိေန

ဖီအိုရင္တီးနား အသင္း၀ါရင့္ေတာင္ပံကစားသမား ဖရန္႔ရစ္ဘာရီဟာ လာဇီယိုကိုရႈံးနိမ့္ခဲ့တဲ႔ ပြဲအၿပီးမွာ စည္းက်ပ္ဒိုင္ကို မေက်မနပ္ျဖစ္ၿပီး ၂ ခါေတာင္တြန္းခဲ့လို႔ ေရရွည္ပြဲပယ္ျပစ္ဒဏ္နဲ႔ ရင္ဆိုင္ရဖို႔ရွိေနတယ္လို႔ သိရပါတယ္။ ဒီပြဲမွာ ဖီအိုရင္တီးနားဟာ လာဇီယိုရဲ႕ဦးေဆာင္ဂုိးကိုျပန္ေခ်ပႏိုင္ခဲ့ေပမယ္႔  ၈၉ မိနစ္မွာ အင္မိုဘိုင္းကအျငင္းပြားစရာကေနတစ္ဆင့္ အႏိုင္ဂိုးသြင္းသြားခဲ့တာပါ။

ဒီပြဲမွာ ခ်ီေယဆာသြင္းခဲ့တဲ႔ ပထမပိုင္းကေခ်ပဂိုးအတြက္ ရစ္ဘာရီကဘဲ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္႔ ၇၅ မိနစ္မွာလူစားလဲ ခံခဲ့ရလို႔ အျငင္းပြားစရာျဖစ္ရပ္ကို အရန္ခုံကေနဘဲၾကည့္ခဲ့ရပါတယ္။ လာဇီယို ကအင္မိုဘိုင္းဂိုးမသြင္းခင္မွာ ဖီအိုရင္တီးနားက ျပစ္ဒဏ္ရသင့္ခဲ့ေပမယ္႔ စည္းက်ပ္ဒိုင္ကဘာမွ အခ်က္မျပခဲ့လို႔ ကြင္းလယ္ဒိုင္ကလည္း ဆက္ကစားဖို႔ အခ်က္ျပခဲ့တာပါ။

အဲဒီကေနတစ္ဆင့္ လာဇီယိုအႏိုင္ဂိုးရသြားတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပြဲအၿပီးမွာ ရစ္ဘာရီဟာသူ႔ေဒါသကိုမထိန္းႏိုင္ခဲ့ဘဲ စည္းက်ပ္ဒိုင္ကို ေစာဒကတက္ခဲ့တဲ႔အျပင္ ၂ ႀကိမ္တိုင္တိုင္တြန္းခဲ့လို႔ ပြဲၿပီးမွဘဲ တိုက္ရိုက္အနီကတ္ျပသခံလိုက္ရပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ရစ္ဘာရီကို စီးရီးေအအဖြဲ႔ခ်ဳပ္ကလည္း စည္းကမ္းပိုင္းအရ ျပစ္ဒဏ္ခ်မွတ္ဖို႔ စီစဥ္ေနပါတယ္။

စီးရီးေအအဖြဲ႔ခ်ဳပ္ဟာ ဒီရာသီမွာဒိုင္ေတြကို ကိုယ္ထိလက္ေရာက္က်ဴ းလြန္မႈေတြနဲ႔ အျပင္းအထန္ေစာဒကတက္မႈတို႔ကို ထိေရာက္စြာတိုက္ဖ်က္ေနလို႔ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ရစ္ဘာရီဟာ ေရရွည္ပြဲပယ္ခံရဖို႔ေသခ်ာေနပါတယ္။ ဒါေၾကာင့္ သူ႔အနီကတ္ျပစ္ဒဏ္အတြက္ ၃ ပြဲပယ္ခံရမယ္႔အျပင္ ထပ္ေဆာင္းပြဲပိုျပစ္ဒဏ္လည္းခ်မွတ္ခံရမွာျဖစ္ပါတယ္။

ဖီအိုရင္တီးနားဟာ ဒီရာသီစီးရီးေအမွာ ၉ ပြဲကစားၿပီးအဆင့္ ၉ ကိုေရာက္ေနၿပီး ဒီၾကားရက္မွာ ဆက္ဆူအိုလိုနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ နည္းျပ မြန္တဲလားကေတာ႔ ရစ္ဘာရီရဲ႕ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဘာမွတ္ခ်က္မွေပးခဲ့ျခင္းမရွိဘူးလို႔လည္း သိရပါတယ္။