ဂရန်နာဒါနဲ့ပွဲမှာ ရီးရဲလ်အတွက် သူ့ရဲ့ပထမဆုံးဂိုးကို အကောင်းဆုံးခုတ်တင်သွင်းယူခဲ့တဲ့ ဟာဇတ်

photo-foxsportasia

photo-sportbible

အီဒင်ဟာဇတ်ဟာ ရီးရဲလ်အင်္ကျီနဲ့ ၆ ပွဲမြောက်ရောက်မှ အဲဒီအသင်းအတွက် သူ့ရဲ့ပြိုင်ပွဲအသွင်ပထမဆုံးဂိုးကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်ရဲ့အဓိကခေါ်ယူမှုဖြစ်ခဲ့တဲ့ အဲဒီဘယ်လ်ဂျီယံတောင်ပံကစားသမားဟာ ဂရန်နာဒါနဲ့ စနေညလာလီဂါပွဲစဉ်မှာ အသင်းရခဲ့တဲ့ဒုတိယဂိုးကို အကောင်းဆုံးခုတ်တင်သွင်းယူနိုင်ခဲ့တာပါ။ ပြိုင်ဘက်နောက်ခံလူ ၃ ယောက် လိုက်လံတားဆီးနေတဲ့ကြားကပဲ ဟာဇတ်ဟာ အကောင်းဆုံးကျော်ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

photo-AP

ဟာဇတ်ဟာ ဒုတိယပိုင်းမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး မိနစ် ၆၀ ကျော်မှာ မိုဒရစ်သွင်းခဲ့တဲ့ ရီးရဲလ်ရဲ့တတိယဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ အဲဒါဟာ အသက် ၂၈ နှစ်အရွယ် ဟာဇတ်အတွက် ဒီရာသီ ပထမဆုံးဂိုးဖန်တီးပေးနိုင်မှုလည်း ဖြစ်လာခဲ့တာပါ။ ဂရန်ဒါနာနဲ့ပွဲမတိုင် ဟာဇတ်ဟာ ရီးရဲလ်အတွက် ဂိုးသွင်းပေးနိုင်ဖူးတာဆိုလို့ ရာသီကြိုကာလ ဆဲလ်ဘတ်နဲ့ခြေစမ်းပွဲမှာ သွင်းခဲ့တဲ့ တစ်ဂိုးသာ ရှိခဲ့ပါတယ်။ အဲဒါဟာ ပြိုင်ပွဲအသွင်မဟုတ်လို့ official သွင်းဂိုးအဖြစ် သတ်မှတ်လို့ မရပါဘူး။

photo-gettyimages

မကြာသေးခင်ရက်သတ္တပတ်တွေက သူ့ရဲ့စိတ်ပျက်ဖွယ်ခြေစွမ်းကြောင့် ဟာဇတ်ဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း နည်းပြဇီဒန်းကတော့ ဟာဇတ်ကို အားပေးဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ အခုတော့ ရီးရဲလ်အတွက် သူစတင်ဂိုးဈေးဦးပေါက်ခဲ့ပါပြီ။ ဒါဟာ ဂိုးပေါင်းမာျးစွာရဲ့အစဖြစ်ဖို့ သူဆက်လက်အပြင်းအထန်ကြိုးစားဖို့ပဲ လိုပါတယ်။

[Zawgyi]

ဂရန္နာဒါနဲ႔႔ပြဲမွာ ရီးရဲလ္အတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကို အေကာင္းဆုံးခုတ္တင္သြငး္ယူခဲ့တဲ့ ဟာဇတ္

အီဒင္ဟာဇတ္ဟာ ရီးရဲလ္အက်ၤီနဲ႔ ၆ ပြဲေျမာက္ေရာက္မွ အဲဒီအသင္းအတြက္ သူ႔ရဲ႕ၿပိဳင္ပြဲအသြင္ပထမဆုံးဂိုးကို ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲလ္ရဲ႕အဓိကေခၚယူမႈျဖစ္ခ့ဲတဲ့ အဲဒီဘယ္လ္ဂ်ီယံေတာင္ပံကစားသမားဟာ ဂရန္နာဒါနဲ႔ စေနညလာလီဂါပြဲစဥ္မွာ အသင္းရခဲ့တဲ့ဒုတိယဂိုးကို အေကာင္းဆုံးခုတ္တင္သြင္းယူႏိုင္ခဲ့တာပါ။ ၿပိဳင္ဘက္ေနာက္ခံလူ ၃ ေယာက္ လုိက္လံတားဆီးေနတဲ့ၾကားကပဲ ဟာဇတ္ဟာ အေကာင္းဆုံးေက်ာ္ကန္သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဟာဇတ္ဟာ ဒုတိယပိုင္းမွာလည္း ဆက္လက္ေျခစြမး္ျပႏိုင္ခဲ့ၿပီး မိနစ္ ၆၀ ေက်ာ္မွာ မိုဒရစ္သြင္းခဲ့တဲ့ ရီးရဲလ္ရဲ႕တတိယဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့တာပါ။ အဲဒါဟာ အသက္ ၂၈ ႏွစ္အရြယ္ ဟာဇတ္အတြက္ ဒီရာသီ ပထမဆုံးဂိုးဖန္တီးေပးႏိုင္မႈလည္း ျဖစ္လာခဲ့တာပါ။ ဂရန္ဒါနာနဲ႔ပြဲမတိုင္ ဟာဇတ္ဟာ ရီးရဲလ္အတြက္ ဂိုးသြငး္ေပးႏိုင္ဖူးတာဆိုလို႔ ရာသီႀကဳိကာလ ဆဲလ္ဘတ္နဲ႔ေျခစမး္ပြဲမွာ သြင္းခဲ့တဲ့ တစ္ဂိုးသာ ရွိခဲ့ပါတယ္။ အဲဒါဟာ ၿပိဳင္ပြဲအသြင္မဟုတ္လို႔ official သြင္းဂိုးအျဖစ္ သတ္မွတ္လို႔ မရပါဘူး။

မၾကာေသးခင္ရက္သတၱပတ္ေတြက သူ႔ရဲ႕စိတ္ပ်က္ဖြယ္ေျခစြမး္ေၾကာင့္ ဟာဇတ္ဟာ ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ခ့ဲရပါတယ္။ ဒါေပမဲ့လည္း နည္းျပဇီဒန္းကေတာ့ ဟာဇတ္ကို အားေပးဖုိ႔ ပရိသတ္ေတြကို တိုက္တြန္းခဲ့ပါတယ္။ အခုေတာ့ ရီးရဲလ္အတြက္ သူစတင္ဂိုးေစ်းဦးေပါက္ခဲ့ပါၿပီ။ ဒါဟာ ဂိုးေပါင္းမာ်းစြာရဲ႕အစျဖစ္ဖုိ႔ သူဆက္လက္အျပငး္အထန္ႀကိဳးစားဖို႔ပဲ လုိပါတယ္။