ဂရစ်ဇ်မန်းကို နေမာနဲ့ တိုက်ရိုက်အလဲအလှယ် ပြုလုပ်ဖို့ စဉ်းစားနေတဲ့ ဘာစီလိုနာ

Photo Credit

Photo Credit

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီမှာကစားနေတဲ့ အသင်းရဲ့တိုက်စစ်မှူးဟောင်းနေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Photo Credit

သတင်းတွေအရတော့ ဘာစီလိုနာအသင်းဟာ အဆိုပါ ဘရာဇီးသားတိုက်စစ်မှူးအတွက် များစွာသောကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပြီး ကစားသမားတွေနဲ့ အလိုက်ပေးကမ်းလှမ်းမှုတွေပါ ပီအက်စ်ဂျီအသင်းနဲ့ ပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ကမဖြစ်မြောက်ခဲ့ပါဘူး။

Photo Credit

နည်းပြဗယ်ဗာဒီရဲ့ ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာဂရစ်ဇ်မန်းကိုအရခေါ်ယူခဲ့ပေမယ့် Le10 Sport သတင်းရဲ့အဆိုအရအက်သလက်တီကိုတိုက်စစ်မှူးဟောင်းကိုနေမာနဲ့ အလဲအလှယ် ပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Photo Credit

“ဒီဆုံးဖြတ်ချက်ဟာပေါ့ပျက်ပျက် ကိစ္စရပ်တစ်ခုပါပဲ”။ နူးကမ့်မြေမှာဂရစ်ဇ်မန်းရဲ့ ကစားသမားဘဝအစကတော့ ပုံမှန်အနေအထားပဲဖြစ်ပြီးလက်ရှိသွင်းဂိုး ၃ ဂိုးသွင်းယူပေးထားကာပွဲစဉ် ၉ ပွဲမှာဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားပါတယ်။
ဒါ့အပြင် ဂရစ်ဇ်မန်းနဲ့ လီယိုနယ်မက်ဆီတို့ရဲ့ ဆက်ဆံရေးကလည်း အကောင်းဆုံးအခြေအနေမှာရှိမနေပါဘူး။ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ မကစားမီအင်တာဗျူးတစ်ခုမှာ အသက် ၂၈ နှစ်သားကမက်ဆီနဲ့ ပတ်သက်ပြီး ” သူရော ကျွန်တော်ရောကစကားတွေအများကြီးပြောတတ်တဲ့သူတွေ မဟုတ်တာကြောင့် ကျွန်တော်တို့ ဆက်ဆံရေးကအခက်တွေ့နေရပါတယ်။ ကျွန်တေ်ာသူ့အတွက် လက်ဖက်ရည်ယူပေးလေ့ရှိပါတယ်၊ ကျွန်တေ်ာတို့ကမှန်ကန်တဲ့ဆက်ဆံရေးတစ်ခုတော့ရှိပါတယ် “လို့ ပြောပါတယ်။

Photo Credit

ဆက်လက်ပြီးဂရစ်ဇ်မန်းက “ဒါပေမဲ့ သူအချိန်အကြာကြီးဒဏ်ရာရရှိသွားခဲ့ပါတယ်၊ ဒါက ကျွန်တေ်ာတို့ ဆက်ဆံရေးတိုးတက်ဖို့ ခက်ခဲသွားစေတာပါ၊ ကျွန်တော်တို့ဟာကောင်းမွန်တဲ့ယောက်ျား၂ယောက်ပါါ၊ နှစ်လိုဖွယ် လူသားတွေပါ၊ ကျွန်တော်အသင်းကလူတွေကိုကူညီဖို့ ဒီကိုရောက်လာခဲ့တာပါ “လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit

အသင်းခေါင်းဆောင် မက်ဆီဟာ ရာသီကြိုပွဲစဉ် အများစုကို လွဲချော်ခဲ့ရပြီးရာသီအစလာလီဂါ ပွဲစဉ်တွေကိုလည်းလွဲချော်ခဲ့ရကာ ဒီအပတ်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ် အင်တာအသင်းနဲ့ ပွဲစဉ်မှာမှ ပြန်လည် ပါဝင်လာခဲ့တာပါ။ အာဂျင်တီနားကြယ်ပွင့် မပါဝင်တဲ့ဘာစီလိုနာအသင်းဟာ ဒီရာသီမှာရုန်းကန်ခဲ့ရပြီး လာလီဂါပွဲစဉ် ၂ ပွဲရှုံးနိမ့်ကာ ၁ ပွဲသရေကျထားခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီမပါဝင်တဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ဒေါ့မွန်အသင်းနဲ့ ပွဲစဉ်မှာလည်းသရေကျခဲ့ပါတယ်။

Photo Credit

Zawgyi

ဂရစ္ဇ္မန္းကို ေနမာနဲ႔ တိုက္ရိုက္အလဲအလွယ္ ျပဳလုပ္ဖို႔ စဥ္းစားေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီက ပီအက္္စ္ဂ်ီမွာကစားေနတဲ့ အသင္းရဲ႕တိုက္စစ္မွဴးေဟာင္းေနမာကို ျပန္လည္ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။
သတင္းေတြအရေတာ့ ဘာစီလိုနာအသင္းဟာ အဆိုပါ ဘရာဇီးသားတိုက္စစ္မွဴးအတြက္ မ်ားစြာေသာကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့ၿပီး ကစားသမားေတြနဲ႔ အလိုက္ေပးကမ္းလွမ္းမႈေတြပါ ပီအက္စ္ဂ်ီအသင္းနဲ႔ ျပဳလုပ္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ကမျဖစ္ေျမာက္ခဲ့ပါဘူး။
နည္းျပဗယ္ဗာဒီရဲ႕ ဘာစီလိုနာအသင္းဟာ ဒီေႏြရာသီမွာဂရစ္ဇ္မန္းကိုအရေခၚယူခဲ့ေပမယ့္ Le10 Sport သတင္းရဲ႕အဆိုအရအက္သလက္တီကိုတိုက္စစ္မွဴးေဟာင္းကိုေနမာနဲ႔ အလဲအလွယ္ ျပဳလုပ္မယ္လို႔ သတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
“ဒီဆံုးျဖတ္ခ်က္ဟာေပါ့ပ်က္ပ်က္ ကိစၥရပ္တစ္ခုပါပဲ”။ ႏူးကမ့္ေျမမွာဂရစ္ဇ္မန္းရဲ႕ ကစားသမားဘဝအစကေတာ့ ပံုမွန္အေနအထားပဲျဖစ္ၿပီးလက္ရွိသြင္းဂိုး ၃ ဂိုးသြင္းယူေပးထားကာပြဲစဥ္ ၉ ပြဲမွာဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
ဒါ့အျပင္ ဂရစ္ဇ္မန္းနဲ႔ လီယိုနယ္မက္ဆီတို႔ရဲ႕ ဆက္ဆံေရးကလည္း အေကာင္းဆံုးအေျခအေနမွာရွိမေနပါဘူး။ ဘာစီလိုနာအသင္း ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ အင္တာမီလန္အသင္းနဲ႔ မကစားမီအင္တာဗ်ဴးတစ္ခုမွာ အသက္ ၂၈ ႏွစ္သားကမက္ဆီနဲ႔ ပတ္သက္ၿပီး ” သူေရာ ကၽြန္ေတာ္ေရာကစကားေတြအမ်ားႀကီးေျပာတတ္တဲ့သူေတြ မဟုတ္တာေၾကာင့္ ကၽြန္ေတာ္တို႔ ဆက္ဆံေရးကအခက္ေတြ႕ေနရပါတယ္”
”ကၽြန္ေတ္ာသူ႔အတြက္ လက္ဖက္ရည္ယူေပးေလ့ရွိပါတယ္၊ ကၽြန္ေတ္ာတို႔ကမွန္ကန္တဲ့ဆက္ဆံေရးတစ္ခုေတာ့ရွိပါတယ္ “လို႔ ေျပာပါတယ္။
ဆက္လက္ၿပီးဂရစ္ဇ္မန္းက “ဒါေပမဲ့ သူအခ်ိန္အၾကာႀကီးဒဏ္ရာရရွိသြားခဲ့ပါတယ္၊ ဒါက ကၽြန္ေတ္ာတိုု႔ ဆက္ဆံေရးတိုးတက္ဖို႔ ခက္ခဲသြားေစတာပါ၊ ကၽြန္ေတာ္တို႔ဟာေကာင္းမြန္တဲ့ေယာက္်ား၂ေယာက္ပါါ၊ ႏွစ္လိုဖြယ္ လူသားေတြပါ၊ ကၽြန္ေတာ္အသင္းကလူေတြကိုကူညီဖို႔ ဒီကိုေရာက္လာခဲ့တာပါ “လို႔ ေျပာၾကားသြားခဲ့ပါတယ္။
အသင္းေခါင္းေဆာင္ မက္ဆီဟာ ရာသီႀကိဳပြဲစဥ္ အမ်ားစုကို လြဲေခ်ာ္ခဲ့ရၿပီးရာသီအစလာလီဂါ ပြဲစဥ္ေတြကိုလည္းလြဲေခ်ာ္ခဲ့ရကာ ဒီအပတ္မွာကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အင္တာအသင္းနဲ႔ ပြဲစဥ္မွာမွ ျပန္လည္ ပါဝင္လာခဲ့တာပါ။
အာဂ်င္တီနားၾကယ္ပြင့္ မပါဝင္တဲ့ဘာစီလုိနာအသင္းဟာ ဒီရာသီမွာရုန္းကန္ခဲ့ရၿပီး လာလီဂါပြဲစဥ္ ၂ ပြဲရံႈးနိမ့္ကာ ၁ ပြဲသေရက်ထားခဲ့ပါတယ္။ ဒါ့အျပင္ မက္ဆီမပါဝင္တဲ့ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အဖြင့္ပြဲစဥ္ ေဒါ့မြန္အသင္းနဲ႔ ပြဲဲစဥ္မွာလည္းသေရက်ခဲ့ပါတယ္။