ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ဆန်းချက်ဇ် ၃လကြာအနားယူရမည်

Photo Credit

Photo Credit

အင်တာမီလန်တောင်ပံကစားသမား ဆန်းချက်ဇ်ဟာ ခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးနောက် ၃လကြာအနားယူရတော့မှာဖြစ်ကြောင်း သိရပါတယ်။

Photo Credit

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကနေ တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတဲ့ ဆန်းချက်ဇ်ဟာ စနေနေ့က ကိုလံဘီယာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ခြေစမ်းပွဲမှာ ချီလီအသင်းအတွက် ပါဝင်ကစားရင်း အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit

အဲဒီပွဲအပြီးမှာ ချီလီဘောလုံးအဖွဲ့ချုပ်က ဆန်းချက်ဇ်အနေနဲ့ အရိုးအဆစ်တွေလွဲသွားတာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အင်တာမီလန်ကလည်း ထပ်မံစစ်ဆေးခဲ့ရာမှာ အဲဒီအတိုင်းပဲအဖြေထွက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဘာစီလိုနာမြို့မှာ ခွဲစိတ်ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

Photo Credit

ဆန်းချက်ဇ်ဟာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုနဲ့လက်ရှိနည်းပြ ဆိုးလ်ရှားလက်ထက် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အင်တာမီလန်အသင်းထံ ရောက်ရှိလာသူဖြစ်ပြီး မီလန်အခြေစိုက်အသင်းအတွက် ၁ဂိုးသွင်းယူပေးထားပါတယ်။

Photo Credit

သူဟာ အာဆင်နယ်အသင်းအတွက် ၁၆၆ပွဲမှာ ဂိုး ၈၀အထိသွင်းယူကာ ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအားအကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီးနောက် ၂၀၁၈ ဇန်နဝါရီလမှာ ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့တာပါ။

Photo Credit

ဒါပေမဲ့ ယူနိုက်တက်မှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ၄၅ပွဲကစားခဲ့ရာမှာ ၅ဂိုးသာသွင်းယူနိုင်ခဲ့ပြီးနောက် အင်တာမီလန်အသင်းထံ အငှားစေလွှတ်ခံခဲ့ရတာပါ။

Photo Credit

ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းအတွက် ၄ပွဲကစားရာမှာ ၁ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဲဒီဂိုးသွင်းယူနိုင်ခဲ့တဲ့ အူဒီးနိစ်နဲ့ပွဲမှာပဲ ထုတ်ပယ်ခံခဲ့ရကာ အခုလည်း အသင်းရဲ့အရေးပါတဲ့စီးရီးအေနဲ့ချန်ပီယံလိဂ်ပွဲတွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ခြဲစိတ္ကုသမႈခံယူခဲ့ရတဲ့ဆန္းခ်က္ဇ္ ၃လၾကာအနားယူရမည္

အင္တာမီလန္ေတာင္ပံကစားသမား ဆန္းခ်က္ဇ္ဟာ ေျခက်င္း၀တ္ဒဏ္ရာခဲြစိတ္ကုသမႈျပဳလုပ္ခ့ဲၿပီးေနာက္ ၃လၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက ယူႏုိက္တက္ကေန တစ္ရာသီအငွားန႔ဲ႔ လာေရာက္ကစားေနတ့ဲ ဆန္းခ်က္ဇ္ဟာ စေနေန႔က ကိုလံဘီယာနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ေျခစမ္းပြဲမွာ ခ်ီလီအသင္းအတြက္ ပါ၀င္ကစားရင္း အဲဒီဒဏ္ရာရရွိခ့ဲတာျဖစ္ပါတယ္။
အဲဒီပဲြအၿပီးမွာ ခ်ီလီေဘာလုံးအဖြဲ႕ခ်ဳပ္က ဆန္းခ်က္ဇ္အေနနဲ႔ အ႐ိုးအဆစ္ေတြလဲြသြားတာျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခ့ဲပါတယ္။ အင္တာမီလန္ကလည္း ထပ္မံစစ္ေဆးခဲ့ရာမွာ အဲဒီအတုိင္းပဲအေျဖထြက္ခဲ့ၿပီး ဗုဒၶဟူးေန႔က ဘာစီလုိနာၿမိဳ႕မွာ ခြဲစိတ္ကုသမႈခံယူခဲ့တာျဖစ္ပါတယ္။
ဆန္းခ်က္ဇ္ဟာ ယူႏုိက္တက္နည္းျပေဟာင္း ေမာ္ရင္ညိဳနဲ႔လက္ရွိနည္းျပ ဆုိးလ္ရွားလက္ထက္ ပုံမွန္ေျခစြမ္းျပသႏုိင္ဖို႔ ႐ုန္းကန္ခ့ဲရၿပီးေနာက္ အင္တာမီလန္အသင္းထံ ေရာက္ရွိလာသူျဖစ္ၿပီး မီလန္အေျခစိုက္အသင္းအတြက္ ၁ဂိုးသြင္းယူေပးထားပါတယ္။
သူဟာ အာဆင္နယ္အသင္းအတြက္ ၁၆၆ပဲြမွာ ဂိုး ၈၀အထိသြင္းယူကာ ပရီးမီးယားလိဂ္ရဲ႕ဂိုးသြင္းအားအေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီးေနာက္ ၂၀၁၈ ဇန္န၀ါရီလမွာ ယူႏုိက္တက္အသင္းထံ ေရာက္ရွိလာခဲ့တာပါ။
ဒါေပမဲ့ ယူႏိုက္တက္မွာေတာ့ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ႐ုန္းကန္ခဲ့ရၿပီး အသင္းအတြက္ ၄၅ပြဲကစားခဲ့ရာမွာ ၅ဂိုးသာသြင္းယူႏုိင္ခဲ့ၿပီးေနာက္ အင္တာမီလန္အသင္းထံ အငွားေစလႊတ္ခံခဲ့ရတာပါ။
ဆန္းခ်က္ဇ္ဟာ အင္တာမီလန္အသင္းအတြက္ ၄ပြဲကစားရာမွာ ၁ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ အဲဒီဂုိးသြင္းယူႏုိင္ခဲ့တဲ့ အူဒီးနိစ္နဲ႔ပြဲမွာပဲ ထုတ္ပယ္ခံခဲ့ရကာ အခုလည္း အသင္းရဲ႕အေရးပါတဲ့စီးရီးေအနဲ႔ခ်န္ပီယံလိဂ္ပြဲေတြကို လဲြေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။