ချဲလ်ဆီးလူငယ်တွေက မန်ယူလူငယ်တွေထက် ပိုကောင်းကြောင်း ဆိုးလ်ရှားဝန်ခံ

photo-daily mail

photo-gettyimages

ချဲလ်ဆီးအသင်းက လူငယ်တွေဟာ မန်ယူမှာရှိတဲ့ လူငယ်တွေထက် ပိုကောင်းကြောင်း မန်ယူအသင်းနည်းပြဆိုးလ်ရှားက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့တွေ့ဆုံမယ့် အင်္ဂလန်လိဂ်ဖလားပွဲမတိုင်ခင် ဝန်ခံပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားနဲ့ချဲလ်ဆီးနည်းပြလမ်းပတ်တို့ဟာ ဒီရာသီမှာ လူငယ်ကစားသမားတွေကို ပိုမိုအားပြုနေကြပြီး ဆိုးလ်ရှားက အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက်ဖြစ်သလို လမ်းပတ်ကတော့ အပြောင်းအရွှေ့ပိတ်ပင်ခံထားရမှုကြောင့် ဖြစ်ပါတယ်။ မကြာသေးခင်ရာသီတွေမှာ အငှားထွက်ပြီး ပထမအသင်းအတွေ့အကြုံတွေရခဲ့ကြတဲ့ အေဘရာဟမ်နဲ့မေဆန်မောင့်တို့လိုကစားသမားတွေနဲ့ ချဲလ်ဆီးဟာ ဒီရာသီအလုပ်ဖြစ်နေပေမယ့် ဆိုးလ်ရှားကတော့ သူ့လူငယ်တွေဟာ အသင်းကြီးမှာ နေရာရဖို့ ကြိုးစားနေရဆဲဆိုတာကို လက်ခံခဲ့ပါတယ်။

photo-gettimages

”ချဲလ်ဆီးဟာ အရမ်းကိုစိတ်လှုပ်ရှားစရာအသင်းတစ်သင်းပါ။ ချန်ပီယံရှစ်မှာ တစ်ရာသီ ဒါမှမဟုတ် နှစ်ရာသီလောက် အငှားထွက်ထားတဲ့ကစားသမားတွေကို လမ်းပတ်ရထားတာပါ။ ကျွန်တော်တို့လူငယ်တွေနဲ့ဘာကွာသွားလဲဆိုတော့ သူတို့ဟာ အခုကတည်းက အသင်းကြီးမှာ နေရာရသူတွေဖြစ်နေကြပါပြီ။ ကျွန်တော်တို့ဆီက တူအန်ဇီဘီဆို အသင်းကြီးမှာ စပါနေပြီဖြစ်ပေမယ့် နောက်ဆုံး ၂ ပွဲကို လွဲခဲ့ရတယ်။ ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ရာသီက ဗီလာမှာ အငှားထွက်ကစားထားတာပါ။ အဲဒီရဲ့အကျိုးကျေးဇူးကို ခင်ဗာျးတို့တွေ့နိုင်မှာပါ။ ချဲလ်ဆီးလူငယ်တွေဟာ အဲဒီကနေ ဖြစ်ထွန်းခဲ့တာပါ။ သူတို့ဟာ ရင့်ကျက်တဲ့လူငယ်အသင်းတစ်သင်းပါ”လို့ ဆိုးလ်ရှားက ပြောခဲ့တာပါ။

photo-PA

ဒါ့အပြင် ဆိုးလ်ရှားက ပထမအသင်းကြီးကို တက်လှမ်းနိုင်ရေးက ဂရင်းဝုဒ်၊တာဟစ်ချောင်၊ အိန်ဂျယ်ဂိုမက်စ်၊ ဂျိမ်းစ်ဂါနာနဲ့ ဘရန်ဒန်ဝီလျံတို့လို လူငယ်တွေအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒဏ်ရာပြသနာတွေနဲ့ အချိန်မှာ ဆိုးလ်ရှားဟာ သူတို့ထဲက တချို့ကို အသုံးပြုခဲ့ပေမယ့် လက်ရှိမှာတော့ ပွဲထွက်စာရင်းထဲထည့်ဖို့ အခြေအနေမပေးတော့ပါဘူး။ ဒါပေမဲ့လည်း အဲဒီအတွေ့အကြုံကနေ သူတို့ဖြစ်ထွန်းလိမ့်မယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

[Zawgyi]

ခ်ဲလ္ဆီးလူငယ္ေတြက မန္ယူလူငယ္ေတြထက္ ပိုေကာင္းေၾကာင္း ဆုိးလ္ရွား၀န္ခံ

ခ်ဲလ္ဆီးအသင္းက လူငယ္ေတြဟာ မန္ယူမွာရွိတဲ့ လူငယ္ေတြထက္ ပိုေကာင္းေၾကာင္း မန္ယူအသင္းနည္းျပဆိုးလ္ရွားက စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးနဲ႔ေတြ႕ဆုံမယ့္ အဂၤလန္လိဂ္ဖလားပြဲမတိုင္ခင္ ၀န္ခံေျပာၾကားလုိက္ပါတယ္။ ဆုိးလ္ရွားနဲ႔ခ်ဲလ္ဆီးနည္းျပလမ္းပတ္တို႔ဟာ ဒီရာသီမွာ လူငယ္ကစားသမားေတြကို ပိုမိုအားျပဳေနၾကၿပီး ဆိုးလ္ရွားက အသင္းကိုျပန္လည္တည္ေဆာက္ဖို႔အတြက္ျဖစ္သလုိ လမ္းပတ္ကေတာ့ အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရမႈေၾကာင့္ ျဖစ္ပါတယ္။ မၾကာေသးခင္ရာသီေတြမွာ အငွားထြက္ၿပီး ပထမအသင္းအေတြ႕အႀကဳံေတြရခဲ့ၾကတဲ့ ေအဘရာဟမ္နဲ႔ေမဆန္ေမာင့္တို႔လိုကစားသမားေတြနဲ႔ ခ်ဲလ္ဆီးဟာ ဒီရာသီအလုပ္ျဖစ္ေနေပမယ့္ ဆုိးလ္ရွားကေတာ့ သူ႔လူငယ္ေတြဟာ အသင္းႀကီးမွာ ေနရာရဖုိ႔ ႀကိဳးစားေနရဆဲဆုိတာကို လက္ခံခဲ့ပါတယ္။

”ခ်ဲလ္ဆီးဟာ အရမ္းကိုစိတ္လႈပ္ရွားစရာအသင္းတစ္သင္းပါ။ ခ်န္ပီယံရွစ္မွာ တစ္ရာသီ ဒါမွမဟုတ္ ႏွစ္ရာသီေလာက္ အငွားထြက္ထားတဲ့ကစားသမားေတြကို လမ္းပတ္ရထားတာပါ။ ကၽြန္ေတာ္တုိ႔လူငယ္ေတြနဲ႔ဘာကြာသြားလဲဆုိေတာ့ သူတို႔ဟာ အခုကတည္းက အသင္းႀကီးမွာ ေနရာရသူေတြျဖစ္ေနၾကပါၿပီ။ ကၽြန္ေတာ္တုိ႔ဆီက တူအန္ဇီဘီဆို အသင္းႀကီးမွာ စပါေနၿပီျဖစ္ေပမယ့္ ေနာက္ဆုံး ၂ ပြဲကို လြဲခဲ့ရတယ္။ ဒါေပမဲ့ သူဟာ ၿပီးခဲ့တဲ့ရာသီက ဗီလာမွာ အငွားထြက္ကစားထားတာပါ။ အဲဒီရဲ႕အက်ိဳးေက်းဇူးကို ခင္ဗာ်းတုိ႔ေတြ႕ႏိုင္မွာပါ။ ခ်ဲလ္ဆီးလူငယ္ေတြဟာ အဲဒီကေန ျဖစ္ထြန္းခဲ့တာပါ။ သူတို႔ဟာ ရင့္က်က္တဲ့လူငယ္အသင္းတစ္သင္းပါ”လို႔ ဆိုးလ္ရွားက ေျပာခဲ့တာပါ။

ဒါ့အျပင္ ဆိုးလ္ရွားက ပထမအသင္းႀကီးကို တက္လွမ္းႏိုင္ေရးက ဂရင္း၀ုဒ္၊တာဟစ္ေခ်ာင္၊ အိန္ဂ်ယ္ဂိုမက္စ္၊ ဂ်ိမ္းစ္ဂါနာနဲ႔ ဘရန္ဒန္၀ီလ်ံတို႔လို လူငယ္ေတြအတြက္ စိန္ေခၚမႈႀကီးတစ္ခုျဖစ္ေနတယ္လို႔ ၀န္ခံခဲ့ပါတယ္။ ဒဏ္ရာျပသနာေတြနဲ႔ အခ်ိန္မွာ ဆုိးလ္ရွားဟာ သူတို႔ထဲက တခ်ိဳ႕ကို အသုံးျပဳခဲ့ေပမယ့္ လက္ရွိမွာေတာ့ ပြဲထြက္စာရင္းထဲထည့္ဖို႔ အေျခအေနမေပးေတာ့ပါဘူး။ ဒါေပမဲ့လည္း အဲဒီအေတြ႕အႀကဳံကေန သူတုိ႔ျဖစ္ထြန္းလိမ့္မယ္လုိ႔ ဆိုးလ္ရွားက ယုံၾကည္ေနပါတယ္။