ချဲလ်ဆီးရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပူလီဆစ်ကို ချဲလ်ဆီး သတ်မှတ်ထား

Photo Credit

Photo Credit

ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်တွေ နည်းပါးနေတာကြောင့် စိတ်ပျက်နေတဲ့ ပူလီဆစ်ကိုလာမယ့်ဇန်နဝါရီမှာ အငှားစေလွှတ်မယ့်ကိစ္စကို နည်းပြဖရန့်လမ်းပတ်က ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။

Photo Credit

အသက် ၂၁ အရွယ် အမေရိကန်တောင်ပံကစားသမားဟာ ဒီနွေရာသီကဒေါ့မွန်အသင်းကနေပေါင် ၅၈ သန်းနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ပေမယ့် နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ စုစုပေါင်း ၁၀ မိနစ်သာကစားခွင့်ရရှိခဲ့ပါတယ်။

Photo Credit

ဒါ့အပြင် ပူလီဆစ်ဟာ နိုင်ငံတကာပွဲစဉ်ဖြစ်တဲ့ အမေရိကန်အသင်းက ကနေဒါအသင်းကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် အရန်ခုံမှာ ငိုကြွေးနေခဲ့ပါသေးတယ်။ သတင်းတွေအရတော့ ပူလီဆစ်က အဖျားဝေဒနာခံစားနေရလို့ ငိုကြွေးခဲ့တာလို့ဆိုပေမယ့် ပူလီဆစ်ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုဖော်ထုတ်ပြခဲ့သလို ဖြစ်ခဲ့ပါတယ်။

Photo Credit

ဒီဖြစ်ရပ်တွေကြောင့် လာမယ့် ဇန်နဝါရီမှာပူလီဆစ်ကိုအငှားစေလွှတ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပေမယ့် နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မတိုင်မီ နည်းပြလမ်းပတ်က အဆိုပါသတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit

ပူလီဆစ်ကိုအငှားစေလွှတ်မှာလားလို့ မေးမြန်းရာမှာတော့ လမ်းပတ်က ”မဟုတ်ပါဘူး၊ ခရစ္စတီယန် ဒီကိုပြောင်းရွှေ့လာတာ ကြီးမားတဲ့ အပြောင်းအရွှေ့ပါ၊ ဒီအပြောင်းအရွှေ့က အမှားလုပ်ခဲ့တာလည်းမဟုတ်ပါဘူး၊ ပြီးတော့ သူ့အသက်က အခုမှ ၂၁ နှစ်ပဲရှိပါသေးတယ်”လို့ ဖြေကြားသွားခဲ့ပါတယ်။

Photo Credit

ဆက်လက်ပြီး လမ်းပတ်က“ကျွန်တော်တို့မှာယှဉ်ပြိုင်လိုစိတ်ပြင်းထန်တဲ့ ကစားသမားတွေရှိပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ပွဲစဉ်က ပြောခဲ့သလိုပါပဲ၊ ပွဲထွက်ကစားဖို့ လူစာရင်းရွေးချယ်တဲ့အခါ ဘယ်သူတွေကို ထရိန်နင်ဆင်းခိုင်းမလဲဆုံးဖြတ်ရတဲ့အချိန်မှာ အမြဲတမ်းဒုက္ခရောက်ပြီး ပြဿနာတက်ပါတယ်”

Photo Credit

”သူတို့အာလုံးက သက်တူရွယ်တူတွေ ဖြစ်ကြပြီး စွမ်းဆောင်ရည်တွေကလည်း တစ်ယောက်တစ်မျိုးကောင်းမွန်တာကြောင့် ကျွန်တော် ရွေးရခက်ပါတယ်၊ ခရစ္စတီယန် ဒီကိုရောက်လာပြီးနောက် ကျွန်တော်တို့ သူ့ကိုအသင်းမှာဆက်ထိန်းထားရပါမယ်၊ ဘာလို့လဲဆိုတော့ သူကငယ်ရွယ်သေးလို့ပါ၊ အသင်းလူစာရင်းမှာရှိတဲ့ ကစားသမားတိုင်း ထရိန်နင်မှာ ကြိုးကြိုးစားစားနဲ့ တိုးတက်လာဖို့လိုပါတယ်၊ ကျွန်တော်သွားမယ့်လမ်းကြောင်းမှာ ခရစ္စတီယန်ကတစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ခ်ဲလ္ဆီးရဲ႕ႀကီးမားတဲ့အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပူလီဆစ္ကုိ ခ်ဲလ္ဆီး သတ္မွတ္ထား

ခ်ဲလ္ဆီးအသင္းမွာ ပြဲထြက္ခြင့္ေတြ နည္းပါးေနတာေၾကာင့္ စိတ္ပ်က္ေနတဲ့ ပူလီဆစ္ကိုလာမယ့္ဇန္နဝါရီမွာ အငွားေစလႊတ္မယ့္ကိစၥကို နည္းျပဖရန္႔လမ္းပတ္က ခြင့္ျပဳမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။
အသက္ ၂၁ အရြယ္ အေမရိကန္ေတာင္ပံကစားသမားဟာ ဒီေႏြရာသီကေဒါ့မြန္အသင္းကေနေပါင္ ၅၈ သန္းနဲ႔ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕လာခဲ့ေပမယ့္ ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲမွာ စုစုေပါင္း ၁၀ မိနစ္သာကစားခြင့္ရရွိခဲ့ပါတယ္။
ဒါ့အျပင္ ပူလီဆစ္ဟာ ႏိုင္ငံတကာပြဲစဥ္ျဖစ္တဲ့ အေမရိကန္အသင္းက ကေနဒါအသင္းကို ၂-၀ နဲ႔႐ံႈးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ လူစားလဲခံရၿပီးေနာက္ အရန္ခံုမွာ ငိုေၾကြးေနခဲ့ပါေသးတယ္။ သတင္းေတြအရေတာ့ ပူလီဆစ္က အဖ်ားေဝဒနာခံစားေနရလို႔ ငိုေၾကြးခဲ့တာလို႔ဆိုေပမယ့္ ပူလီဆစ္ကိုယ္တိုင္ စိတ္ပိုင္းဆိုင္ရာအားနည္းခ်က္ကိုေဖာ္ထုတ္ျပခဲ့သလို ျဖစ္ခဲ့ပါတယ္။
ဒီျဖစ္ရပ္ေတြေၾကာင့္ လာမယ့္ ဇန္နဝါရီမွာပူလီဆစ္ကိုအငွားေစလႊတ္မယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြ ထြက္ေပၚလာခဲ့ေပမယ့္ နယူးကာဆယ္အသင္းနဲ႔ ပြဲစဥ္မတိုင္မီ နည္းျပလမ္းပတ္က အဆိုပါသတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။
ပူလီဆစ္ကိုအငွားေစလႊတ္မွာလားလို႔ ေမးျမန္းရာမွာေတာ့ လမ္းပတ္က ”မဟုတ္ပါဘူး၊ ခရစၥတီယန္ ဒီကိုေျပာင္းေရႊ႕လာတာ ႀကီးမားတဲ့ အေျပာင္းအေရႊ႕ပါ၊ ဒီအေျပာင္းအေရႊ႕က အမွားလုပ္ခဲ့တာလည္းမဟုတ္ပါဘူး၊ ၿပီးေတာ့ သူ႕အသက္က အခုမွ ၂၁ ႏွစ္ပဲရွိပါေသးတယ္”လို႔ ေျဖၾကားသြားခဲ့ပါတယ္။
ဆက္လက္ၿပီး လမ္းပတ္က“ကၽြန္ေတာ္တို႔မွာယွဥ္ၿပိဳင္လိုစိတ္ျပင္းထန္တဲ့ ကစားသမားေတြရွိပါတယ္။ ကၽြန္ေတာ္ ၿပီးခဲ့တဲ့ပြဲစဥ္က ေျပာခဲ့သလိုပါပဲ၊ ပြဲထြက္ကစားဖို႔ လူစာရင္းေရြးခ်ယ္တဲ့အခါ ဘယ္သူေတြကို ထရိ္န္နင္ဆင္းခိုင္းမလဲဆံုးျဖတ္ရတဲ့အခ်ိန္မွာ အၿမဲတမ္းဒုကၡေရာက္ၿပီး ျပႆနာတက္ပါတယ္”
”သူတို႔အာလံုးက သက္တူရြယ္တူေတြ ျဖစ္ၾကၿပီး စြမ္းေဆာင္ရည္ေတြကလည္း တစ္ေယာက္တစ္မ်ိဳးေကာင္းမြန္တာေၾကာင့္ ကၽြန္ေတာ္ ေရြးရခက္ပါတယ္၊ ခရစၥတီယန္ ဒီကိုေရာက္လာၿပီးေနာက္ ကၽြန္ေတာ္တို႔ သူ႕ကိုအသင္းမွာဆက္ထိန္းထားရပါမယ္၊ ဘာလို႔လဲဆိုေတာ့ သူကငယ္ရြယ္ေသးလို႔ပါ၊ အသင္းလူစာရင္းမွာရွိတဲ့ ကစားသမားတိုင္း ထရိန္နင္မွာ ႀကိဳးႀကိဳးစားစားနဲ႔ တိုးတက္လာဖို႔လိုပါတယ္၊ ကၽြန္ေတာ္သြားမယ့္လမ္းေၾကာင္းမွာ ခရစၥတီယန္ကတစ္စိတ္တစ္ပိုင္းပါဝင္ေနပါတယ္”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။