ချဲလ်ဆီးနဲ့ပွဲက ရက်ရှ်ဖို့ဒ်ရဲ့ဖရီးကစ်ကို စီရော်နယ်ဒိုရဲ့ဖရီးကစ်နဲ့ နှိုင်းယှဉ်လိုက်တဲ့ လင်ဒီလော့ဖ်

photo-gettyimages

photo-gettyimages

ချဲလ်ဆီးကို အင်္ဂလန်လိဂ်ဖလားကနေ ထွက်စေခဲ့တဲ့ သူ့ရဲ့လက်ဖျားခါလောက်စရာ ဖရီးကစ်သွင်းဂိုးနဲ့အတူ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်ဟာ မန်ယူပရိသတ်တွေနဲ့ အသင်းဖော်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ သူ့ရဲ့ ၂၂ နှစ်ပြည့်မွေးနေ့မှာ အဲဒီအင်္ဂလန်လက်ရွေးစင်ဟာ ကစားသမားဘဝရဲ့အကောင်းဆုံးကန်သွင်းမှုကို လုပ်နိုင်ခဲ့တယ်လို့ဆိုနိုင်ပြီး ၇၃ မိနစ်မှာ သူ့ရဲ့ကိုက် ၃၀ အကွာက ဒုံးပျံပစ်လွှတ်လိုက်တဲ့အလားဖရီးကစ်ကန်ချက်ကြောင့် ချဲလ်ဆီးဂိုးသမားကာဘယ်လာရိုဟာ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။

photo-social media

မန်ယူနည်းပြဆိုးလ်ရှားကတော့ အဲဒီပွဲက ရက်ရှ်ဖို့ဒ်ရဲ့ဖရီးကစ်ကန်ချက်ကို စီရော်နယ်ဒိုနဲ့အရမ်းတူတဲ့ကန်ချက်လို့ ပုံဖော်လိုက်ပါတယ်။ ဒီအချိန်မှာ မန်ယူကစားဖော်ဖြစ်တဲ့နောက်ခံလူလင်ဒီလော့ဖ်ကလည်း ရက်ရှ်ဖို့ဒ်ရဲ့ဖရီးကစ်ကန်ချက်နဲ့ ၂၀၀၈ က ပို့စ်မောက်ဘက်ကိုသွင်းတဲ့ စီရော်နယ်ဒိုရဲ့ကျော်ကြားတဲ့ဖရီးကစ်ကန်သွင်းချက်တို့ကို  ဆိုရှယ်မီဒီယာပေါ်မှာ နှိုင်းယှဉ်ချီးကျူးလိုက်ပါတယ်။ အဲဒီတုန်းက စီရော်နယ်ဒိုရဲ့ဖရီးကစ်ကန်သွင်းပုံကို ဝါးထားပြီး တစ်ယောက်ယောက်က မျက်မှန်ကိုသန့်ရှင်းနေတဲ့ပုံနဲ့အတူ ရက်ရှ်ဖို့ဒ်ရဲ့ဖရီးကစ်ကန်သွင်းပုံ စုစုပေါင်း ၃ ပုံ တွဲထားကာ ”အရင်က ဒါမျိုးတစ်နေရာရာမှာ သေချာပေါက်မြင်ဖူးပါတယ်”လို့ caption ထိုးခဲ့ပါတယ်။

photo-gettyimages

ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ ပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါ့အပြင် စုစုပေါင်းသွင်းဂိုး ၇ ဂိုးနဲ့ ဒီရာသီမန်ယူရဲ့ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်နေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်က အင်္ဂလန်လိဂ်ဖလားမှာ ချဲလ်ဆီးဘက်ကို ၂ ဂိုးသွင်းခဲ့သလို ရာသီအဖွင့် အိုးလ်ထရက်ဖို့ဒ်က ပရီးမီးယားလိဂ်ပွဲစဉ်တုန်းကလည်း ချဲလ်ဆီးဘက်ကို ၂ ဂိုးသွင်းခဲ့ပါသေးတယ်။

[Zawgyi]

ခ်ဲလ္ဆီးနဲ႔ပြဲက ရက္ရွ္ဖို႔ဒ္ရဲ႕ဖရီးကစ္ကို စီေရာ္နယ္ဒိုရဲ႕ဖရီးကစ္နဲ႔ ႏႈိင္းယွဥ္လိုက္တဲ့ လင္ဒီေလာ့ဖ္

ခ်ဲလ္ဆီးကို အဂၤလန္လိဂ္ဖလားကေန ထြက္ေစခဲ့တဲ့ သူ႔ရဲ႕လက္ဖ်ားခါေလာက္စရာ ဖရီးကစ္သြင္းဂိုးနဲ႔အတူ တုိက္စစ္မႈးရက္ရွ္ဖို႔ဒ္ဟာ မန္ယူပရိသတ္ေတြနဲ႔ အသင္းေဖာ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ သူ႔ရဲ႕ ၂၂ ႏွစ္ျပည့္ေမြးေန႔မွာ အဲဒီအဂၤလန္လက္ေရြးစင္ဟာ ကစားသမားဘ၀ရဲ႕အေကာင္းဆုံးကန္သြင္းမႈကို လုပ္ႏိုင္ခဲ့တယ္လို႔ဆုိႏိုင္ၿပီး ၇၃ မိနစ္မွာ သူ႔ရဲ႕ကုိက္ ၃၀ အကြာက ဒုံးပ်ံပစ္လႊတ္လုိက္တဲ့အလားဖရီးကစ္ကန္ခ်က္ေၾကာင့္ ခ်ဲလ္ဆီးဂိုးသမားကာဘယ္လာရိုဟာ ဘယ္လုိမွ မတတ္ႏိုင္ခဲ့ပါဘူး။

မန္ယူနည္းျပဆိုးလ္ရွားကေတာ့ အဲဒီပြဲက ရက္ရွ္ဖို႔ဒ္ရဲ႕ဖရီးကစ္ကန္ခ်က္ကို စီေရာ္နယ္ဒိုနဲ႔အရမ္းတူတဲ့ကန္ခ်က္လို႔ ပုံေဖာ္လုိက္ပါတယ္။ ဒီအခ်ိန္မွာ မန္ယူကစားေဖာ္ျဖစ္တဲ့ေနာက္ခံလူလင္ဒီေလာ့ဖ္ကလည္း ရက္ရွ္ဖို႔ဒ္ရဲ႕ဖရီးကစ္္ကန္ခ်က္နဲ႔ ၂၀၀၈ က ပို႔စ္ေမာက္ဘက္ကိုသြငး္တဲ့ စီေရာ္နယ္ဒိုရဲ႕ေက်ာ္ၾကားတဲ့ဖရီးကစ္ကန္သြင္းခ်က္တို႔ကို  ဆိုရွယ္မီဒီယာေပၚမွာ ႏႈိင္းယွဥ္ခ်ီးက်ဴးလိုက္ပါတယ္။ အဲဒီတုနး္က စီေရာ္နယ္ဒိုရဲ႕ဖရီးကစ္ကန္သြင္းပုံကို ၀ါးထားၿပီး တစ္ေယာက္ေယာက္က မ်က္မွန္ကိုသန္႔ရွင္းေနတဲ့ပုံနဲ႔အတူ ရက္ရွ္ဖို႔ဒ္ရဲ႕ဖရီးကစ္ကန္သြင္းပုံ စုစုေပါင္း ၃ ပုံ တြဲထားကာ ”အရင္က ဒါမ်ိဳးတစ္ေနရာရာမွာ ေသခ်ာေပါက္ျမင္ဖူးပါတယ္”လို႔ caption ထိုးခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္အေနနဲ႔ မန္ယူအတြက္ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၄ ပြဲမွာ ၄ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါ့အျပင္ စုစုေပါင္းသြင္းဂိုး ၇ ဂိုးနဲ႔ ဒီရာသီမန္ယူရဲ႕ထိပ္တန္းဂိုးသြင္းရွင္လည္း ျဖစ္ေနပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္က အဂၤလန္လိဂ္ဖလားမွာ ခ်ဲလ္ဆီးဘက္ကို ၂ ဂိုးသြင္းခဲ့သလုိ ရာသီအဖြင့္ အိုးလ္ထရက္ဖို႔ဒ္က ပရီးမီးယားလိဂ္ပြဲစဥ္တုနး္ကလည္း ခ်ဲလ္ဆီးဘက္ကို ၂ ဂိုးသြင္းခဲ့ပါေသးတယ္။