ကွာတားအတွက် သင့်တော်တဲ့ရက်မသတ်မှတ်ပေးရင် လိဂ်ဖလားကထွက်မယ်လို့ ကလော့ပ်ဆို

Photo- Internet
Photo- Internet

လီဗာပူးအသင်းဟာ လိဂ်ဖလားမှာ အာဆင်နယ်ကိုပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက် သွားပေမယ့် သူတို့ကွာတားကစားဖို့အတွက် သင့်တော်တဲ့ရက် မသတ်မှတ်ပေးဘူးဆိုရင် ပြိုင်ကနေထွက်ရလိမ့်မယ်လို့ နည်းပြ ဂျာဂင်ကလော့ပ်က ခြိမ်းခြောက်လိုက်ပါတယ်။

လီဗာပူးဟာ ပွဲချိန်အတွင်းမှာ အာဆင်နယ်နဲ့ ၅-၅ သရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ၅-၄ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲကို လာမယ့် ဒီဇင်ဘာ ၁၆ မှာကစားရမှာဖြစ်လို့ လီဗာပူးအတွက်အခက်တွေ့နေရတာပါ။ သူတို့ဟာ ဖီဖာရဲ့ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲကို ဒီဇင်ဘာ ၁၈ မှာကစားရဖို့ရှိနေလို့ လိဂ်ဖလားကွာတားကစားမယ့် ရက်နဲ့အရမ်းကပ်နေတာပါ။

Photo- Internet

ဒါကြောင့် ကလပ်ကမ္ဘာ့ဖလားကျင်းပမယ့် ကာတာကို အချိန်မီမခရီးထွက်လို့မရမယ့်အပြင် ဒီဇင်ဘာလအတွင်းမှာလည်း ပွဲကျပ်တွေအများကြီး ကစားရဦးမှာဖြစ်လို့ ပွဲတွေအရမ်းစိတ်နေတဲ့အတွက် ကွာတားပွဲကို သင့်တော်တဲ့ရက်ရွှေ့ဆိုင်းပေးဖို့ ကလော့ပ်ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။

Photo- Internet

ဒါနဲ့ပတ်သက်လို့ မေးမြန်းမှုကို သူက”ကွာတားဖိုင်နယ်အတွက် သင့်တော်တဲ့ရက်ကို စီစဉ်မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ပြိုင်ဘက်ဘဲ နောက်တစ်ဆင့်တက်သွားမှာပါ။ ဒီလိုပြောလို့ ခရစ္စမတ်နေ့ မနက် ၃ နာရီမှာကစားစေဖို့ ဆိုလိုတာမဟုတ်ဘူးနော်။ လီဗာပူးဟာ ပွဲဇဉ်ဇယားများပြားမှုရဲ့သားကောင်အဖြစ်ခံမှာ မဟုတ်ပါဘူး။

Photo- Internet

ဒီတော့ ကျွန်တော်တို့ဘက်က ဘာမှပူပန်နေစရာမရှိဘူး။ သင့်တော်တဲ့ရက်မရဘူးဆိုရင် မကစားရုံဘဲ။ ဒါကိုစိတ်ပူရမှာက ပွဲဇဉ်ဇယား စီစဉ်သူတွေပါ။ ချန်ပီယံလိဂ်ဖလားရပြီးကတည်းက ကလပ်ကမ္ဘာ့ဖလားကစားရမယ်လို့ ဖီဖာက ကျွန်တော်တို့ကို ပြောထားပြီးတဲ့အတိုင်း သွားကစားမှာပါ ” လို့ပြောသွားပါတယ်။ ဒီပြိုင်ပွဲကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့အဝေးကွင်း ကစားရမယ့်ပွဲကို ရွှေ့ထားရပြီးဖြစ်ပါတယ်။

Photo- Internet

Zawgyi

ကြာတားအတြက္ သင့္ေတာ္တဲ႔ရက္မသတ္မွတ္ေပးရင္ လိဂ္ဖလားကထြက္မယ္လို႔ ကေလာ႔ပ္ဆို

လီဗာပူးအသင္းဟာ လိဂ္ဖလားမွာ အာဆင္နယ္ကိုပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရၿပီး ကြာတားဖိုင္နယ္တက္ေရာက္ သြားေပမယ္႔ သူတို႔ကြာတားကစားဖို႔အတြက္ သင့္ေတာ္တဲ႔ရက္ မသတ္မွတ္ေပးဘူးဆိုရင္ ၿပိဳင္ကေနထြက္ရလိမ့္မယ္လို႔ နည္းျပ ဂ်ာဂင္ကေလာ႔ပ္က ၿခိမ္းေျခာက္လိုက္ပါတယ္။

လီဗာပူးဟာ ပြဲခ်ိန္အတြင္းမွာ အာဆင္နယ္နဲ႔ ၅-၅ သေရက်ခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာ ၅-၄ နဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ကြာတားဖိုင္နယ္ပြဲကို လာမယ္႔ ဒီဇင္ဘာ ၁၆ မွာကစားရမွာျဖစ္လို႔ လီဗာပူးအတြက္အခက္ေတြ႔ေနရတာပါ။ သူတို႔ဟာ ဖီဖာရဲ႕ကလပ္ကမၻာ႔ဖလား ဆီမီးဖိုင္နယ္ပြဲကို ဒီဇင္ဘာ ၁၈ မွာကစားရဖုိ႔ရွိေနလို႔ လိဂ္ဖလားကြာတားကစားမယ္႔ ရက္နဲ႔အရမ္းကပ္ေနတာပါ။

ဒါေၾကာင့္ ကလပ္ကမၻာ႔ဖလားက်င္းပမယ္႔ ကာတာကို အခ်ိန္မီမခရီးထြက္လို႔မရမယ္႔အျပင္ ဒီဇင္ဘာလအတြင္းမွာလည္း ပြဲက်ပ္ေတြအမ်ားႀကီး ကစားရဦးမွာျဖစ္လို႔ ပြဲေတြအရမ္းစိတ္ေနတဲ႔အတြက္ ကြာတားပြဲကို သင့္ေတာ္တဲ႔ရက္ေရႊ႕ဆိုင္းေပးဖို႔ ကေလာ႔ပ္ကေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ေမးျမန္းမႈကို သူက”ကြာတားဖိုင္နယ္အတြက္ သင့္ေတာ္တဲ႔ရက္ကို စီစဥ္မေပးႏိုင္ဘူးဆိုရင္ က်ြန္ေတာ္တို႔ရဲ႕ၿပိဳင္ဘက္ဘဲ ေနာက္တစ္ဆင့္တက္သြားမွာပါ။ ဒီလိုေျပာလို႔ ခရစၥမတ္ေန႔ မနက္ ၃ နာရီမွာကစားေစဖို႔ ဆိုလိုတာမဟုတ္ဘူးေနာ္။ လီဗာပူးဟာ ပြဲဇဥ္ဇယားမ်ားျပားမႈရဲ႕သားေကာင္အျဖစ္ခံမွာ မဟုတ္ပါဘူး။

ဒီေတာ႔ က်ြန္ေတာ္တို႔ဘက္က ဘာမွပူပန္ေနစရာမရွိဘူး။ သင့္ေတာ္တဲ႔ရက္မရဘူးဆိုရင္ မကစားရုံဘဲ။ ဒါကိုစိတ္ပူရမွာက ပြဲဇဥ္ဇယား စီစဥ္သူေတြပါ။ ခ်န္ပီယံလိဂ္ဖလားရၿပီးကတည္းက ကလပ္ကမၻာ႔ဖလားကစားရမယ္လို႔ ဖီဖာက က်ြန္ေတာ္တို႔ကို ေျပာထားၿပီးတဲ႔အတိုင္း သြားကစားမွာပါ ” လို႔ေျပာသြားပါတယ္။ ဒီၿပိဳင္ပြဲေၾကာင့္ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ ၀က္စ္ဟမ္းနဲ႔အေ၀းကြင္း ကစားရမယ္႔ပြဲကို ေရႊ႕ထားရၿပီးျဖစ္ပါတယ္။