ကွန်တီဟာ အသင်းဖော်တစ်ယောက်လိုပဲလို့ လူကာကူချီးကျူး

PC ; Internet

ဆာဆူအိုလိုကို ၄-၃ဂိုးနဲ့အနိုင်ရတဲ့ စီးရီးအေပွဲစဉ်အပြီးမှာ အင်တာမီလန်နည်းပြကွန်တီဟာ အသင်းရဲ့ကစားသမားတစ်ယောက်လို့ တိုက်စစ်မှူးလူကာကူက ချီးကျူးပြောဆိုလိုက်ပါတယ်။ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အဲဒီပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရခဲ့ပြီး ၂ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဂိုးသွင်းအပြီးမှာ ကွန်တီရှိရာပြေးပြီး သူတို့နှစ်ဦး ပွေ့ဖက်အောင်ပွဲခံနေကြတဲ့ပုံရိပ်ဟာလည်း အင်တာပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။

PC ; Internet

နိုင်ငံတကာသီတင်းပတ်မတိုင်ခင်တုန်းကတော့ သူတို့နှစ်ဦးကြားမှာ အဖုအထစ်လေးတွေရှိခဲ့ပါတယ်။အင်တာ ၂ပွဲဆက်ရှုံးနိမ့်ပြီးတဲ့နောက် ကွန်တီက လူကာကူအနေနဲ့ပိုပြီးလေ့ကျင့်ဖို့လိုအပ်နေပြီဆိုပြီး ဘယ်လ်ဂျီယံသားရဲ့ခန္ဒာကိုယ်အနေအထားအပေါ် ဝေဖန်ခဲ့တာပါ။မန်ယူတိုက်စစ်မှူးဟောင်းကတော့ နည်းပြရဲ့ဝေဖန်မှုကို အလုပ်နဲ့သက်သေပြနိုင်ခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ၁၀ရက်အကြာတုန်းကလည်း ဆန်မာရီနိုကိုအနိုင်ရတဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ၂ဂိုးသွင်းပေးနိုင်ခဲ့ပါသေးတယ်။

PC ; Internet

“ ရလဒ်က ၄-၁ ဂိုးဆိုတာမျိုးထက်ပိုပြီး ဂိုးပြတ်သင့်ခဲ့တာပါ။ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းတာမှန်သမျှ လုပ်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း ဂိုးတွေဒီထက်ပိုရသင့်ခဲ့ပါတယ်။အဓိက အကျဆုံးကတော့ ၃မှတ်ရခဲ့တာပါပဲ။ဒါပေမဲ့ ခံစစ်ပိုင်းအခုထက်ပိုကောင်းဖို့တော့လိုနေပါတယ်။ကျွန်တော့်အနေနဲ့ကတော့ အသင်းနိုင်ပွဲရအောင်ကူညီပေးနိုင်ခဲ့တာကြောင့် ပျော်ရွှင်ရပါတယ် ” လို့ လူကာကူကဆိုပါတယ်။သူဟာ ပြီးခဲ့တဲ့သြဂုတ်လက ယူရို ၆၅သန်းနဲ့ အင်တာကိုရောက်လာခဲ့တဲ့နောက် စီးရီးအေ ၈ပွဲမှာ ၅ဂိုးသွင်းယူပေးထားပါတယ်။

PC ; Internet

ဒါဟာ မနှစ်က မန်ယူအတွက်တစ်ရာသီလုံးမှာ ၁၂ဂိုးသွင်းနိုင်ခဲ့တာနဲ့ယှဉ်ရင် တစ်ဝက်နီးပါးစွမ်းဆောင်ပေးထားတာပါ။လူကာကူကဆက်လက်ပြီး “ ကွန်တီနဲ့ကျွန်တော်ကတော့ အသင်းဖော်တွေလိုပါပဲ။ဒါကြောင့် ကျွန်တော်ဂိုးသွင်းနိုင်ရင် ဘယ်သူနဲ့ပဲဖြစ်ဖြစ်အောင်ပွဲခံမိမှာပါ။လက်ရှိ ကျွန်တော့်ရဲ့အနေအထားကိုကျေနပ်မိသလို ရှေ့မှာပိုတိုးတက်လာဖို့ကိုပဲ တွေးနေပါတယ် ” လို့ ဖွင့်ဟသွားပါတယ်။

(zawgyi)

ဆာဆူအိုလိုကို ၄-၃ဂိုးနဲ႔အႏိုင္ရတဲ့ စီးရီးေအပြဲစဥ္အၿပီးမွာ အင္တာမီလန္နည္းျပကြန္တီဟာ အသင္းရဲ႕ကစားသမားတစ္ေယာက္လို႔ တိုက္စစ္မွဴးလူကာကူက ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ဘယ္လ္ဂ်ီယံတိုက္စစ္မွဴးဟာ အဲဒီပြဲစဥ္မွာ ပြဲထြက္ကစားသမားအျဖစ္ပါ၀င္ခြင့္ရခဲ့ၿပီး ၂ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ဂိုးသြင္းအၿပီးမွာ ကြန္တီရွိရာေျပးၿပီး သူတို႔ႏွစ္ဦး ေပြ႕ဖက္ေအာင္ပြဲခံေနၾကတဲ့ပံုရိပ္ဟာလည္း အင္တာပရိသတ္ေတြအတြက္ ၾကည္ႏူးစရာျဖစ္ခဲ့ရပါတယ္။ႏို္င္ငံတကာသီတင္းပတ္မတိုင္ခင္တုန္းကေတာ့ သူတို႔ႏွစ္ဦးၾကားမွာ အဖုအထစ္ေလးေတြရွိခဲ့ပါတယ္။အင္တာ ၂ပြဲဆက္ရံႈးနိမ့္ၿပီးတဲ့ေနာက္ ကြန္တီက လူကာကူအေနနဲ႔ပိုၿပီးေလ့က်င့္ဖို႔လိုအပ္ေနၿပီဆိုၿပီး ဘယ္လ္ဂ်ီယံသားရဲ႕ခႏၵာကိုယ္အေနအထားအေပၚ ေ၀ဖန္ခဲ့တာပါ။မန္ယူတိုက္စစ္မွဴးေဟာင္းကေတာ့ နည္းျပရဲ႕ေ၀ဖန္မႈကို အလုပ္နဲ႔သက္ေသျပႏိုင္ခဲ့တာျဖစ္သလို ၿပီးခဲ့တဲ့ ၁၀ရက္အၾကာတုန္းကလည္း ဆန္မာရီႏိုကိုအႏိုင္ရတဲ့ပြဲမွာ ႏိုင္ငံအသင္းအတြက္ ၂ဂိုးသြင္းေပးႏိုင္ခဲ့ပါေသးတယ္။“ ရလဒ္က ၄-၁ ဂိုးဆိုတာမ်ိဳးထက္ပိုၿပီး ဂိုးျပတ္သင့္ခဲ့တာပါ။ပထမပိုင္းမွာ ကၽြန္ေတာ္တို႔ ေကာင္းတာမွန္သမွ် လုပ္ႏိုင္ခဲ့ပါတယ္။ဒုတိယပိုင္းမွာလည္း ဂိုးေတြဒီထက္ပိုရသင့္ခဲ့ပါတယ္။အဓိက အက်ဆံုးကေတာ့ ၃မွတ္ရခဲ့တာပါပဲ။ဒါေပမဲ့ ခံစစ္ပိုင္းအခုထက္ပိုေကာင္းဖို႔ေတာ့လိုေနပါတယ္။ကၽြန္ေတာ့္အေနနဲ႔ကေတာ့ အသင္းႏိုင္ပြဲရေအာင္ကူညီေပးႏိုင္ခဲ့တာေၾကာင့္ ေပ်ာ္ရႊင္ရပါတယ္ ” လို႔ လူကာကူကဆိုပါတယ္။သူဟာ ၿပီးခဲ့တဲ့ၾသဂုတ္လက ယူရို ၆၅သန္းနဲ႔ အင္တာကိုေရာက္လာခဲ့တဲ့ေနာက္ စီးရီးေအ ၈ပြဲမွာ ၅ဂိုးသြင္းယူေပးထားပါတယ္။ဒါဟာ မႏွစ္က မန္ယူအတြက္တစ္ရာသီလံုးမွာ ၁၂ဂိုးသြင္းနိုင္ခဲ့တာနဲ႔ယွဥ္ရင္ တစ္၀က္နီးပါးစြမ္းေဆာင္ေပးထားတာပါ။လူကာကူကဆက္လက္ၿပီး “ ကြန္တီနဲ႔ကၽြန္ေတာ္ကေတာ့ အသင္းေဖာ္ေတြလိုပါပဲ။ဒါေၾကာင့္ ကၽြန္ေတာ္ဂိုးသြင္းနိုင္ရင္ ဘယ္သူနဲ႔ပဲျဖစ္ျဖစ္ေအာင္ပြဲခံမိမွာပါ။လက္ရွိ ကၽြန္ေတာ့္ရဲ႕အေနအထားကိုေက်နပ္မိသလို ေရွ႔မွာပိုတိုးတက္လာဖို႔ကိုပဲ ေတြးေနပါတယ္ ” လို႔ ဖြင့္ဟသြားပါတယ္။