ကောလာဟလတွေရှိပေမယ့် စာချုပ်ပြည့်မယ့် ၂၀၂၂ အထိ စီရော်နယ်ဒိုဆက်ရှိမယ်လို့ ဂျူဗင်တပ်မျှော်လင့်

photo-gettyimages

photo-AP

ဂျူဗင်တပ်အားကစားဒါရိုက်တာပါရာတာချီက စီရော်နယ်ဒိုအနေနဲ့ မကြာခင်အချိန်အတွင်းမှာ အသင်းကနေ ထွက်ခွာလိမ့်မှာ မဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ၂၀၁၈ နွေရာသီက ရီးရဲလ်ကနေ ပေါင်သန်း ၁၀၀ နဲ့ ရောက်လာတဲ့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့ ၂၀၂၂ အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ဒါပေမဲ့လည်း အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ တူရင်ကနေ မကြာခင်ထွက်ခွာသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

photo-gettyimages

ဒါပေမဲ့ ဂျူဗင်တပ်အားကစားဒါရိုက်တာပါရာတာချီက”စီရော်နယ်ဒိုဟာ သူ့ရဲ့လက်ရှိရည်မှန်းချက်တွေအတွက်ပဲ အရမ်းကို အာရုံစိုက်ထားပါတယ်။ ဒီရာသီကုန် ဒါမှမဟုတ် နောက် ၁ နှစ်၊ ၂ နှစ်မှာ သူထွက်ခွာမယ်လို့ ကျွန်တော် နည်းနည်းလေးမှကို မယုံတာပါ။ သူဟာ စာချုပ်ရှိထားပါတယ်။ သူနဲ့အတူ ကျွန်တော်တို့ အရမ်းကို ပျော်ရွှင်နေပါတယ်။ သူကလည်း ဂျူဗင်တပ်မှာ ပျော်ရွှင်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

photo-gettyimages

စီရော်နယ်ဒိုကြောင့် အသင်းရဲ့ပုံရိပ်ပိုအားကောင်းလာတဲ့အတွက် ဂျူဗင်တပ်ကတော့ စာချုပ်ပြည့်မယ့် ၂၀၂၂ အထိ သူဆက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။ စီရော်နယ်ဒိုကြောင့်ပဲ ဂျူဗင်တပ်ဟာ ကမ္ဘာတစ်ဝန်းမှာ ပရိသတ်တွေပိုမိုတိုးပွားလာခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် အဲဒီပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ် ၂၈ ဂိုးသွင်းခဲ့ပြီး အဲဒီထဲမှာ စီးရီးအေ ၂၁ ဂိုးပါဝင်ပါတယ်။ ဒီရာသီမှာလည်း စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် ၄ ဂိုးသွင်းယူပေးထားပါတယ်။

[Zawgyi]

ေကာလာဟလေတြရွိေပမယ့္ စာခ်ဳပ္ျပည့္မယ့္ ၂၀၂၂ အထိ စီေရာ္နယ္ဒိုဆက္ရွိမယ္လို႔ ဂ်ဴဗင္တပ္ေမွ်ာ္လင့္

ဂ်ဴဗင္တပ္အားကစားဒါရိုက္တာပါရာတာခ်ီက စီေရာ္နယ္ဒိုအေနနဲ႔ မၾကာခင္အခ်ိန္အတြငး္မွာ အသင္းကေန ထြက္ခြာလိမ့္မွာ မဟုတ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။ ၂၀၁၈ ေႏြရာသီက ရီးရဲလ္ကေန ေပါင္သန္း ၁၀၀ နဲ႔ ေရာက္လာတဲ့ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္နဲ႔ ၂၀၂၂ အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။ ဒါေပမဲ့လည္း အဲဒီေပၚတူဂီၾကယ္ပြင့္ဟာ တူရင္ကေန မၾကာခင္ထြက္ခြာသြားႏိုင္တယ္ဆိုတဲ့သတင္းေတြထြက္ေပၚခဲ့ပါတယ္။

ဒါေပမဲ့ ဂ်ဴဗင္တပ္အားကစားဒါရိုက္တာပါရာတာခ်ီက”စီေရာ္နယ္ဒုိဟာ သူ႔ရဲ႕လက္ရွိရည္မွန္းခ်က္ေတြအတြက္ပဲ အရမ္းကို အာရုံစိုက္ထားပါတယ္။ ဒီရာသီကုန္ ဒါမွမဟုတ္ ေနာက္ ၁ ႏွစ္၊ ၂ ႏွစ္မွာ သူထြက္ခြာမယ္လုိ႔ ကၽြန္ေတာ္ နည္းနည္းေလးမွကို မယုံတာပါ။ သူဟာ စာခ်ဳပ္ရွိထားပါတယ္။ သူနဲ႔အတူ ကၽြန္ေတာ္တို႔ အရမ္းကို ေပ်ာ္ရႊင္ေနပါတယ္။ သူကလည္း ဂ်ဴဗင္တပ္မွာ ေပ်ာ္ရႊင္ေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္ဒိုေၾကာင့္ အသင္းရဲ႕ပုံရိပ္ပိုအားေကာင္းလာတဲ့အတြက္ ဂ်ဴဗင္တပ္ကေတာ့ စာခ်ဳပ္ျပည့္မယ့္ ၂၀၂၂ အထိ သူဆက္ရွိမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ စီေရာ္နယ္ဒုိေၾကာင့္ပဲ ဂ်ဴဗင္တပ္ဟာ ကမာၻတစ္၀န္းမွာ ပရိသတ္ေတြပိုမိုတိုးပြားလာခဲ့တာပါ။ အသက္ ၃၄ ႏွစ္အရြယ္ အဲဒီေပၚတူဂီသားဟာ ၿပီးခဲ့တဲ့ရာသီတုနး္က ၿပိဳင္ပြဲအရပ္ရပ္ ၂၈ ဂိုးသြင္းခဲ့ၿပီး အဲဒီထဲမွာ စီးရီးေအ ၂၁ ဂိုးပါ၀င္ပါတယ္။ ဒီရာသီမွာလည္း စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ ၄ ဂိုးသြငး္ယူေပးထားပါတယ္။