ကုန်ကျစရိတ်မှာ မန်ယူပိုများပေမယ့် တန်ဖိုးအစစ်အမှန်မှာတော့ လီဗာပူး ပိုသာ

Photo- Internet
Photo- Internet

တနင်္ဂနွေနေ့ကျရင် အိုးလ်ထရက်ဖို့ဒ်မှာယှဉ်ပြိုင် ကစားမယ့် မန်ယူနဲ့လီဗာပူး တို့ရဲ့အင်္ဂလန်အနောက်မြောက် ဒါဘီကိုပရိသတ်တွေ စိတ်ဝင်စားနေမှုနဲ့အတူ ဒီနှစ်သင်းရဲ့အခြေအနေ အရပ်ရပ်ကိုတင်ပြနေတဲ့ သတင်းတွေလည်း အစုံအလင်ထွက်ပေါ်နေပါတယ်။

ဒီသတင်းတွေထဲမှာ မန်ယူနဲ့ လီဗာပူးတို့နှစ်သင်းအနက် ဘယ်အသင်းကပိုပြီးတန်ကြေးမြင့်သလဲ ဆိုတာကိုလည်းနှိုင်းယှဉ်ဖော်ပြတဲ့ သတင်းလည်းပါဝင်ပါတယ်။ ပွဲထွက် ၁၁ ယောက်ရဲ့ကုန်ကျစရိတ်မှာ မန်ယူကပိုများပေမယ့်လည်း မန်ယူဟာ ဒီရာသီမှာ အဆင့် ၁၂ ရောက်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၁၅ မှတ်ကွာဟကာ နှစ်ပေါင်း ၃၀ အတွင်းအဆိုးဆုံး ရာသီအစပိုင်းနဲ့ကြုံနေရတာပါ။

Photo- Internet

မန်ယူရဲ့အဓိက ပွဲထွက် ၁၁ ဦးဖြစ်တဲ့ ဒီဂီယာ၊ ဝမ်ဘစ်ဆာကာ၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ လုခ်ရှော၊ ပေါ့ဂ်ဘာ၊ တွမ်မီနေး၊ မာတာ၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ရဲ့ စုစုပေါင်းကုန်ကျစရိတ်ဟာ ပေါင် ၄၁၅.၅ သန်းဖြစ်ပါတယ်။ လီဗာပူးကတော့ အဲလစ်ဆန်၊ အာနိုး၊ မာတစ်၊ ဗန်ဒစ်ချ်၊ ရောဘတ်ဆန်၊ ဝစ်နယ်ဒန်၊ ဖာဘင်ဟို၊ ဟန်ဒါဆင်၊ ဆာလာ၊ ဖာမီနိုနဲ့ မာနေး တို့အတွက် ပေါင် ၃၂၈.၃ သန်းသာကုန်ခဲ့တာပါ။

Photo- Internet

ဒါကြောင့် သူတို့နှစ်သင်းကြား ကုန်ကျစရိတ်မှာ မန်ယူကပေါင် ၈၇ သန်းပိုမိုခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိခြေစွမ်းတွေကြောင့် သူတို့ရဲ့တကယ့်ဈေးကွက်တန်ဖိုးမှာတော့ လီဗာပူးကစားသမားတွေက ပိုမိုမျာပြားခဲ့ပြီး ပေါင် ၇၂၉ သန်းရှိခဲ့တာပါ။ မန်ယူကတော့ တန်ဖိုးကျဆင်းသွားတာတွေရှိခဲ့လို့ ပေါင်သန်း ၄၉၀ ဘဲရှိပါတယ်။

Photo- Internet

မန်ယူဟာသူတို့ဝယ်တုန်းကတန်ကြေးနဲ့ယှဉ်ရင် ပေါင် ၇၄.၅ သန်းဘဲပိုများခဲ့ပြီး လီဗာပူးကတော့ ပေါင်သန်း ၄၀၀ ကျော်ပိုများခဲ့ပါတယ်။ သဘောကတော့ မန်ယူဟာ ကုန်ကျစရိတ်ပိုများခဲ့ပေမယ့် လက်ရှိဈေးကွက်ပေါက်ဈေးအရ ဘယ်လောက်မှ အမြတ်မရတဲ့ သဘောဖြစ်နေပြီး လီဗာပူးကတော့ ပေါင်သန်း ၄၀၀ ကျော်ရမှာဖြစ်လို့ အံအားသင့်စရာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

ကုန္က်စရိတ္မွာ မန္ယူပိုမ်ားေပမယ္႔ တန္ဖိုးအစစ္အမွန္မွာေတာ႔ လီဗာပူး ပိုသာ

တနဂၤေႏြေန႔က်ရင္ အိုးလ္ထရက္ဖို႔ဒ္မွာယွဥ္ၿပိဳင္ ကစားမယ္႔ မန္ယူနဲ႔လီဗာပူး တို႔ရဲ႕အဂၤလန္အေနာက္ေျမာက္ ဒါဘီကိုပရိသတ္ေတြ စိတ္၀င္စားေနမႈနဲ႔အတူ ဒီႏွစ္သင္းရဲ႕အေျခအေန အရပ္ရပ္ကိုတင္ျပေနတဲ႔ သတင္းေတြလည္း အစုံအလင္ထြက္ေပၚေနပါတယ္။

ဒီသတင္းေတြထဲမွာ မန္ယူနဲ႔ လီဗာပူးတို႔ႏွစ္သငး္အနက္ ဘယ္အသင္းကပိုၿပီးတန္ေၾကးျမင့္သလဲ ဆိုတာကိုလည္းႏႈိင္းယွဥ္ေဖာ္ျပတဲ႔ သတင္းလည္းပါ၀င္ပါတယ္။ ပြဲထြက္ ၁၁ ေယာက္ရဲ႕ကုန္က်စရိတ္မွာ မန္ယူကပိုမ်ားေပမယ္႔လည္း မန္ယူဟာ ဒီရာသီမွာ အဆင့္ ၁၂ ေရာက္ေနၿပီး ထိပ္ဆုံးက လီဗာပူးနဲ႔ ၁၅ မွတ္ကြာဟကာ ႏွစ္ေပါင္း ၃၀ အတြင္းအဆိုးဆုံး ရာသီအစပိုင္းနဲ႔ႀကံဳေနရတာပါ။

မန္ယူရဲ႕အဓိက ပြဲထြက္ ၁၁ ဦးျဖစ္တဲ႔ ဒီဂီယာ၊ ၀မ္ဘစ္ဆာကာ၊ မက္ဂြိဳင္းယား၊ လင္ဒီေလာ႔ဖ္၊ လုခ္ေရွာ၊ ေပါ့ဂ္ဘာ၊ တြမ္မီေနး၊ မာတာ၊ ရက္ရွ္ဖို႔ဒ္၊ မာရွယ္နဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တို႔ရဲ႕ စုစုေပါင္းကုန္က်စရိတ္ဟာ ေပါင္ ၄၁၅.၅ သန္းျဖစ္ပါတယ္။ လီဗာပူးကေတာ႔ အဲလစ္ဆန္၊ အာႏိုး၊ မာတစ္၊ ဗန္ဒစ္ခ်္၊ ေရာဘတ္ဆန္၊ ၀စ္နယ္ဒန္၊ ဖာဘင္ဟို၊ ဟန္ဒါဆင္၊ ဆာလာ၊ ဖာမီႏိုနဲ႔ မာေနး တို႔အတြက္ ေပါင္ ၃၂၈.၃ သန္းသာကုန္ခဲ့တာပါ။

ဒါေၾကာင့္ သူတို႔ႏွစ္သင္းၾကား ကုန္က်စရိတ္မွာ မန္ယူကေပါင္ ၈၇ သန္းပိုမိုခဲ့ပါတယ္။ ဒါေပမယ္႔ လက္ရွိေျခစြမ္းေတြေၾကာင့္ သူတို႔ရဲ႕တကယ့္ေစ်းကြက္တန္ဖိုးမွာေတာ႔ လီဗာပူးကစားသမားေတြက ပိုမိုမ်ာျပားခဲ့ၿပီး ေပါင္ ၇၂၉ သန္းရွိခဲ့တာပါ။ မန္ယူကေတာ႔ တန္ဖိုးက်ဆင္းသြားတာေတြရွိခဲ့လို႔ ေပါင္သန္း ၄၉၀ ဘဲရွိပါတယ္။

မန္ယူဟာသူတို႔၀ယ္တုန္းကတန္ေၾကးနဲ႔ယွဥ္ရင္ ေပါင္ ၇၄.၅ သန္းဘဲပိုမ်ားခဲ့ၿပီး လီဗာပူးကေတာ႔ ေပါင္သန္း ၄၀၀ ေက်ာ္ပိုမ်ားခဲ့ပါတယ္။ သေဘာကေတာ႔ မန္ယူဟာ ကုန္က်စရိတ္ပိုမ်ားခဲ့ေပမယ္႔ လက္ရွိေစ်းကြက္ေပါက္ေစ်းအရ ဘယ္ေလာက္မွ အျမတ္မရတဲ႔ သေဘာျဖစ္ေနၿပီး လီဗာပူးကေတာ႔ ေပါင္သန္း ၄၀၀ ေက်ာ္ရမွာျဖစ္လို႔ အံအားသင့္စရာျဖစ္တယ္လို႔လည္း သိရပါတယ္။