ကိုယ့် ပရိသတ်တွေကိုပြန်လည်ရင်ဆိုင်ခဲ့တဲ့ ဘူဂေးရီးယားအသင်းခေါင်းဆောင် ချီးကျူ းခံနေရ

0
439
Photo- Internet
Photo- Internet

အင်္ဂလန်ကို အိမ်ကွင်းမှာ ၆ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ လူမျိုးရေးခွဲခြားခဲ့တဲ့ အိမ်ကွင်းပရိသတ်တွေကို သတ္တိရှိရှိပြန်လည်ရင်ဆိုင်ခဲ့တဲ့ ဘူဂေးရီးယားအသင်းခေါင်းဆောင် အိုင်ဗီလင်ပိုပေါ့ဗ်ကို ချီးကျူ းဂုဏ်ပြုမှုတွေရှိနေတယ်လို့ သတင်းတွေမှာဖော်ပြသွားပါတယ်။

ဒီပွဲမှာ ဘူဂေးရီးယားပရိသတ်တွေဟာ အင်္ဂလန်အသင်းက လူမည်းကစားသမားတွေကို လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပထမပိုင်းမှာတင် ပွဲကို ၂ ကြိမ်ရပ်နားခဲ့ရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။ ဒါကြောင့်လည်း ပိုပေါ့ဗ်ဟာ ပထမပိုင်းပြီးချိန်မှာ အိမ်ခံပရိသတ်တွေကို သွားရောက်ထိပ်တိုက်တိုးခဲ့တာ ၁၀ မိနစ်တောင်ကြာမြင့်ခဲ့ပါတယ်။

Photo- Internet

ပွဲပြီးတဲ့နောက် အိမ်ပြန်ဖို့လုပ်နေချိန်မှာလည်း ပိုပေါ့ဗ်ဟာကွင်းပြင်ပမှာ စောင့်ဆိုင်းနေပြီး အင်္ဂလန်ပရိသတ်တွေနဲ့ အင်္ဂလိပ်မီဒီယာအချို့ရဲ့မေးမြန်းမှုကို ရိုးသားပွင့်လင်းစွာဖြေကြားပေးခဲ့ပါသေးတယ်။ ဒါကြောင့်လည်း သူ့လုပ်ရပ်ကို အင်္ဂလိပ်မီဒီယာတွေက ချီးကျူ းခဲ့ကြတာဖြစ်ပါတယ်။

Photo- Internet

သူဖြေသွားတဲ့အထဲမှာ”ဒီလုပ်ရပ်ဟာ ကျွန်တော်တို့အတွက်၊ ဘူဂေးရီးယားဘောလုံးအဖွဲ့ချုပ်နဲ့ အင်္ဂလန်အတွက်ပါအရေးပါလို့ အခုလိုရင်ဆိုင်ခဲ့တာပါ။ နောက်ထပ်ဆိုးရွားစွာပြုမူခဲ့ရင် ပွဲကိုရပ်လိုက်မယ်လို့လည်း သူတို့ကို ကျွန်တော်ပြောခဲ့ပါတယ်။ ဒီလိုလုပ်တဲ့အတွက် ကြီးမားတဲ့ပြစ်ဒဏ်ကိုလည်း ရင်ဆိုင်ရနိုင်တာပါ။

Photo- Internet

ဒါဟာ အင်္ဂလန်ကစားသမားတွေက တောင်းဆိုလို့လုပ်ခဲ့တာမဟုတ်ပါဘူး။ ၁၁ ယောက်ချင်းကစားနေတာဖြစ်လို့ အသားအရောင်က  အရေးမကြီးပါဘူး။ ကျွန်တော်တို့အားလုံးအတူတူပါဘဲ။ အားလုံးဟာ ဘောလုံးမိသားစုကြီးတစ်ခုတည်းက မိသားစုဝင်တွေပါ့။ ပရိသတ်တွေက ကျွန်တော့်ကိုဒေါသထွက်ကြမယ်ဆိုရင်လည်း ဒါက ပုံမှန်ဖြစ်ရပ်လို့ဘဲ ယူဆထားပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

ကိုယ္႔ ပရိသတ္ေတြကိုျပန္လည္ရင္ဆိုင္ခဲ့တဲ႔ ဘူေဂးရီးယားအသင္းေခါင္းေဆာင္ ခ်ီးက်ဴ းခံေနရ

အဂၤလန္ကို အိမ္ကြင္းမွာ ၆ ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တဲ႔ ယူရို ၂၀၂၀ ေျခစစ္ပြဲမွာ လူမ်ဳိးေရးခြဲျခားခဲ့တဲ႔ အိမ္ကြင္းပရိသတ္ေတြကို သတၱိရွိရွိျပန္လည္ရင္ဆိုင္ခဲ့တဲ႔ ဘူေဂးရီးယားအသင္းေခါင္းေဆာင္ အိုင္ဗီလင္ပိုေပါ့ဗ္ကို ခ်ီးက်ဴ းဂုဏ္ျပဳမႈေတြရွိေနတယ္လို႔ သတင္းေတြမွာေဖာ္ျပသြားပါတယ္။

ဒီပြဲမွာ ဘူေဂးရီးယားပရိသတ္ေတြဟာ အဂၤလန္အသင္းက လူမည္းကစားသမားေတြကို လူမ်ဳိးေရးခြဲျခားမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ပထမပိုင္းမွာတင္ ပြဲကို ၂ ႀကိမ္ရပ္နားခဲ့ရတဲ႔အထိ အေျခအေနဆိုးရြားခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပိုေပါ့ဗ္ဟာ ပထမပိုင္းၿပီးခ်ိန္မွာ အိမ္ခံပရိသတ္ေတြကို သြားေရာက္ထိပ္တိုက္တိုးခဲ့တာ ၁၀ မိနစ္ေတာင္ၾကာျမင့္ခဲ့ပါတယ္။

ပြဲၿပီးတဲ႔ေနာက္ အိမ္ျပန္ဖို႔လုပ္ေနခ်ိန္မွာလည္း ပိုေပါ့ဗ္ဟာကြင္းျပင္ပမွာ ေစာင့္ဆိုင္းေနၿပီး အဂၤလန္ပရိသတ္ေတြနဲ႔ အဂၤလိပ္မီဒီယာအခ်ဳိ႕ရဲ႕ေမးျမန္းမႈကို ရိုးသားပြင့္လင္းစြာေျဖၾကားေပးခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း သူ႔လုပ္ရပ္ကို အဂၤလိပ္မီဒီယာေတြက ခ်ီးက်ဴ းခဲ့ၾကတာျဖစ္ပါတယ္။

သူေျဖသြားတဲ႔အထဲမွာ”ဒီလုပ္ရပ္ဟာ က်ြန္ေတာ္တို႔အတြက္၊ ဘူေဂးရီးယားေဘာလုံးအဖြဲ႔ခ်ဳပ္နဲ႔ အဂၤလန္အတြက္ပါအေရးပါလို႔ အခုလိုရင္ဆိုင္ခဲ့တာပါ။ ေနာက္ထပ္ဆိုးရြားစြာျပဳမူခဲ့ရင္ ပြဲကိုရပ္လိုက္မယ္လို႔လည္း သူတို႔ကို က်ြန္ေတာ္ေျပာခဲ့ပါတယ္။ ဒီလိုလုပ္တဲ႔အတြက္ ႀကီးမားတဲ႔ျပစ္ဒဏ္ကိုလည္း ရင္ဆိုင္ရႏိုင္တာပါ။

ဒါဟာ အဂၤလန္ကစားသမားေတြက ေတာင္းဆိုလို႔လုပ္ခဲ့တာမဟုတ္ပါဘူး။ ၁၁ ေယာက္ခ်င္းကစားေနတာျဖစ္လို႔ အသားအေရာင္က  အေရးမႀကီးပါဘူး။ က်ြန္ေတာ္တို႔အားလုံးအတူတူပါဘဲ။ အားလုံးဟာ ေဘာလုံးမိသားစုႀကီးတစ္ခုတည္းက မိသားစု၀င္ေတြပါ့။ ပရိသတ္ေတြက က်ြန္ေတာ္႔ကိုေဒါသထြက္ၾကမယ္ဆိုရင္လည္း ဒါက ပုံမွန္ျဖစ္ရပ္လို႔ဘဲ ယူဆထားပါတယ္” လို႔ေျပာသြားပါတယ္။