ကာကာကို အဝါကတ်ပြပြီးနောက် အဲဒီဘရာဇီးန္ထဝင်နဲ့ ဆယ်လ်ဖီဆွဲခဲ့တဲ့ ကွင်းလယ်ဒိုင်

photo-foxsportasia

photo-social media

ဘယ်လိုပြောရမလဲဆိုတော့ ဒါဟာ ဘောလုံးမှာ ပထမဆုံးအကြိမ်လို့ပဲ ဆိုရမယ်။ ရန်ပုံငွေပွဲတစ်ပွဲမှာ ကွင်းလယ်ဒိုင်တစ်ယောက်ဟာ ဘရာဇီးဂန္ထဝင်ကာကာနဲ့ ဆယ်လ်ဖီ(selfie) ဆွဲခွင့်ရရေးအတွက် အဲဒီအေစီမီလန်ကစားသမားဟောင်းကို အဝါကတ်ပြခဲ့တယ်ဆိုတာပါ။ ဘောလုံးပွဲတစ်ပွဲမှာ ဒါမျိုးတစ်ခါမှတောင် မကြုံဖူးပါဘူး။

photo-gettyimages

အေစီမီလန်နဲ့ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ကာကာဟာ အစ္စရေးမှာ ငြိမ်းချမ်းရေးအတွက် ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲတစ်ပွဲမှာ ဘရာဇီးအင်္ကျီနဲ့ဝတ်ဆင်ကစားခဲ့သလို ၄-၂ အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ ဂိုးလည်းသွင်းနိုင်ခဲ့တာပါ။ ငြိမ်းချမ်းရေးအတွက် အဲဒီရန်ပုံငွေပွဲကို တခြားဘရာဇီးဂန္ထဝင်တွေဖြစ်ကြတဲ့ ရော်နယ်ဒင်ဟို၊ရောဘတ်တိုကားလို့စ်၊ရီဗယ်ဒို၊ကာဖူးနဲ့ဘီဘီတိုတို့လည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကာကာကသာ စိတ်ဝင်စားအခံရဆုံးဖြစ်ခဲ့ပြီး အဲဒီပွဲကို တာဝန်ယူကိုင်တွယ်တဲ့အမျိုးသမီးကွင်းလယ်ဒိုင်ကတောင် သူနဲ့အတူ ဓာတ်ပုံအရိုက်ခံချင်ခဲ့တာပါ။

photo-social media

သူ့အသင်းက ၃-၂ နဲ့ဦးဆောင်နေချိန် အဲဒီ ၂၀၀၇ Ballon d’Or ဆုရှင်ဟာ ကွင်းလယ်မှာ ဘောလုံးနဲ့အတူ ဆွဲပြေးနေစဉ်မှာပဲ ဒိုင်လူကြီးက ဝီစီမှုတ်ပြီး ပွဲကို ခဏရပ်လိုက်ပါတယ်။ အဲဒီနောက် ကွင်းလယ်ဒိုင်က သူ့ဆီလာပြီး အဝါကတ်ပြလိုက်တဲ့အတွက် ကာကာကိုယ်တိုင်တောင် နားမလည်နိုင်ဖြစ်သွားပါတယ်။ ချက်ချင်းပဲ ကွင်းလယ်ဒိုင်က သူ့ဘောင်းဘီအိတ်ထဲကနေ ဖုန်းထုတ်ပြီး ဆယ်လ်ဖီရိုက်ခွင့်တောင်းတော့ အဲဒီတော့မှ ကာကာလည်း ပြုံးသွားတော့တယ်။ ဘေးနားမှာရှိနေတဲ့ ဘရာဇီးကစားသမားတွေကလည်း အဲဒီအမျိုးသမီးကွင်းလယ်ဒိုင်ဆီ လာရောက်လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီရန်ပုံငွေပွဲက ဖန်တီးမိသွားတဲ့ ပျော်ရွှင်စရာအခိုက်အတန့်လေးတစ်ခုပါပဲ။

[Zawgyi]

ကာကာကို အ၀ါကတ္ျပၿပီးေနာက္ အဲဒီဘရာဇီးႏၳ၀င္နဲ႔ ဆယ္လ္ဖီဆြဲခဲ့တဲ့ ကြင္းလယ္ဒိုင္

ဘယ္လုိေျပာရမလဲဆိုေတာ့ ဒါဟာ ေဘာလုံးမွာ ပထမဆုံးအႀကိမ္လို႔ပဲ ဆုိရမယ္။ ရန္ပုံေငြပြဲတစ္ပြဲမွာ ကြင္းလယ္ဒိုင္တစ္ေယာက္ဟာ ဘရာဇီးဂႏၳ၀င္ကာကာနဲ႔ ဆယ္လ္ဖီ(selfie) ဆြဲခြင့္ရေရးအတြက္ အဲဒီေအစီမီလန္ကစားသမားေဟာင္းကို အ၀ါကတ္ျပခဲ့တယ္ဆုိတာပါ။ ေဘာလုံးပြဲတစ္ပြဲမွာ ဒါမ်ိဳးတစ္ခါမွေတာင္ မႀကဳံဖူးပါဘူး။

ေအစီမီလန္နဲ႔ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းျဖစ္တဲ့ကာကာဟာ အစၥေရးမွာ ၿငိမ္းခ်မ္းေရးအတြက္ က်င္းပခဲ့တဲ့ ရန္ပုံေငြပြဲတစ္ပြဲမွာ ဘရာဇီးအက်ၤီနဲ႔၀တ္ဆင္ကစားခဲ့သလို ၄-၂ အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ ဂိုးလည္းသြင္းႏိုင္ခဲ့တာပါ။ ၿငိမ္းခ်မ္းေရးအတြက္ အဲဒီရန္ပုံေငြပြဲကို တျခားဘရာဇီးဂႏၳ၀င္ေတြျဖစ္ၾကတဲ့ ေရာ္နယ္ဒင္ဟုိ၊ေရာဘတ္တိုကားလို႔စ္၊ရီဗယ္ဒို၊ကာဖူးနဲ႔ဘီဘီတိုတို႔လည္း ပါ၀င္ဆင္ႏႊဲခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ကာကာကသာ စိတ္၀င္စားအခံရဆုံးျဖစ္ခဲ့ၿပီး အဲဒီပြဲကို တာ၀န္ယူကိုင္တြယ္တဲ့အမ်ိဳးသမီးကြင္းလယ္ဒိုင္ကေတာင္ သူနဲ႔အတူ ဓာတ္ပုံအရိုက္ခံခ်င္ခဲ့တာပါ။

သူ႔အသင္းက ၃-၂ န႔ဲဦးေဆာင္ေနခ်ိန္ အဲဒီ ၂၀၀၇ Ballon d’Or ဆုရွင္ဟာ ကြင္းလယ္မွာ ေဘာလုံးနဲ႔အတူ ဆြဲေျပးေနစဥ္မွာပဲ ဒိုင္လူႀကီးက ၀ီစီမႈတ္ၿပီး ပြဲကို ခဏရပ္လိုက္ပါတယ္။ အဲဒီေနာက္ ကြင္းလယ္ဒိုင္က သူ႔ဆီလာၿပီး အ၀ါကတ္ျပလုိက္တဲ့အတြက္ ကာကာကိုယ္တုိင္ေတာင္ နားမလည္ႏိုင္ျဖစ္သြားပါတယ္။ ခ်က္ခ်င္းပဲ ကြင္းလယ္ဒိုင္က သူ႔ေဘာင္းဘီအိတ္ထဲကေန ဖုန္းထုတ္ၿပီး ဆယ္လ္ဖီရိုက္ခြင့္ေတာင္းေတာ့ အဲဒီေတာ့မွ ကာကာလည္း ၿပံဳးသြားေတာ့တယ္။ ေဘးနားမွာရွိေနတဲ့ ဘရာဇီးကစားသမားေတြကလည္း အဲဒီအမ်ိဳးသမီးကြင္းလယ္ဒိုင္ဆီ လာေရာက္လက္ဆြဲႏႈတ္ဆက္ခဲ့ၾကပါတယ္။ အဲဒီရန္ပုံေငြပြဲက ဖန္တီးမိသြားတဲ့ ေပ်ာ္ရႊင္စရာအခုိက္အတန္႔ေလးတစ္ခုပါပဲ။