ကလော့ပ်ဖြေရှင်းရမယ့် ဆာလာ- မာနေး ပြဿ နာ

Photo- Internet
Photo- Internet

လီဗာပူးအသင်းရဲ့ တိုက်စစ်မှူ းတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့ဟာ ဘန်လေနဲ့ပွဲတုန်းက ပြဿ     နာဖြစ်ခဲ့မှုနဲ့အတူ သူတို့ရဲ့လက်ရှိပြဿ     နာကလည်း ဆက်လက်ကြီးမားနေဆဲဖြစ်လို့ နည်းပြ ဂျာဂင်ကလော့ပ် အမြန်ဖြေရှင်းပေးဖို့ လိုနေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြသွားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘန်လေကိုအဝေးကွင်းမှာ ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ သူ့ကိုဘောလုံးမပေးခဲ့လို့ဆိုပြီး မာနေးက ဆာလာအပေါ်ဒေါသထွက်ခဲ့လို့ သူတို့နှစ်ယောက်ပြဿ     နာဖြစ်ခဲ့ကြပါသေးတယ်။ မှတ်တမ်းတွေအရ သူတို့နှစ်ဦးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အပြန်အလှန်ဖန်တီးပေးမှု မရှိခဲ့လို့ သူတို့ကြားမှာ ပြိုင်ဆိုင်မှုတွေရှိနေတာ သေချာနေပါတယ်။

Photo- Internet

ပြီးခဲ့တဲ့ ရာသီတုန်းက သူတို့နှစ်ဦးဟာ အာဆင်နယ်တိုက်စစ်မှူ း အူဘာမီယန်နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံးဆု ကိုပူးတွဲရရှိခဲ့တာပါ။ အဲဒါကြောင့် သူတို့ကြားမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုရှိလာနေပြီး ဂိုးသွင်းယူနိုင်ဖို့အတွက် အချင်းချင်းဖန်တီးပေးမှုမရှိတော့ဘဲ ကိုယ်တိုင်ဂိုးရဖို့ကြိုးစားနေတဲ့ သဘောဖြစ်နေပါတယ်။

Photo- Internet

မာနေးဟာ ဆာလာအပေါ်ဒေါသထွက်ခဲ့ပေမယ့် သူကိုယ်တိုင်လည်း ဆာလာအတွက်ဖန်တီးပေးမှုမရှိသေးပါဘူး။ မာနေးကတော့ သူတို့ဟာ တိုက်စစ်မှူ း တွေဖြစ်ကြလို့ဂိုးတွေကိုယ်တိုင်သွင်းယူချင်တာကြောင့် ဆာလာက ဘောလုံးပေးပို့ခြင်းမရှိခဲ့တာကို စိတ်ပျက်မိကြောင်း၊ ဒါပေမယ့် သူတို့ဟာ အရမ်းကိုရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ကြကြောင်း အဲဒီတုန်းက ပြောခဲ့ပါတယ်။

Photo- Internet

သူတို့နှစ်ယောက်ဟာ လီဗာပူးရဲ့အားထားရတဲ့ တိုက်စစ်မှူ းတွေဖြစ်လို့ အောင်မြင်မှုတွေရယူရေးမှာ အဓိက ကျနေသူတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုစိတ်ဝမ်းကွဲပြီး ပြိုင်ဆိုင်နေတာကြောင့် ဂိုးရသင့်လျက်နဲ့ မရတာဖြစ်ပြီး အသင်းကိုထိခိုက်စေနိုင်လို့ နည်းပြ ကလော့ပ်ဘက်က အမြန်ဖြေရှင်းပေးဖို့ လိုနေတယ်လို့ ဆိုကြတာဖြစ်ပါတယ်။

Photo- Internet

Zawgyi





