ကန်တီအပါအဝင် ကစားသမား ၃ယောက်အတွက် လန်ဒန်ကို ဆာရီလာမယ်

PC ; Getty

ဂျုဗင်တပ်နည်းပြဆာရီဟာ လန်ဒန်ကိုပြန်လာဖို့ အဆင်သင့်ဖြစ်နေတယ်လို့ The Sun သတင်းစာက ရေးသားလိုက်ပါတယ်။တူရင်အခြေစိုက်ကလပ်ကိုစွန့်ခွာပြီး ပရီးမီးယားလိဂ်အသင်းတစ်ခုခုကို ပြန်လည်တာဝန်ယူဖို့တော့ မဟုတ်ပါဘူး။ကစားသမား ၃ယောက်ကို အလစ်ဖမ်းနိုင်ဖို့ လန်ဒန်ခရီးစဉ်အတွက် အဆင်သင့်ဖြစ်နေတာပါ။အဲဒီကစားသမားတွေကတော့ သူ့ရဲ့အသင်းဟောင်းချဲလ်ဆီးက ကန်တီနဲ့အီမာဆင်၊စပါးကွင်းလယ်ကြယ်ပွင့်အဲရစ်ဆင်တို့ပါပဲ။

PC ; The Sun

ဆာရီရဲ့ဂျူဗင်တပ်ဟာ ရာသီသစ်မှာခြေစွမ်းပြပြီး စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ဒါပေမဲ့ အတ္တလန္တာ၊နာပိုလီတို့ထက် သွင်းဂိုးနည်းနေသလို အင်တာမီလန်ထက်လည်း ဂိုးပိုပေးထားရပါတယ်။ဒါကြောင့် ဆာရီအနေနဲ့ စကူဒက်တိုဖလားကိုလက်လွတ်မဆုံးရှုံးစေရေးအတွက် ကစားသမားသစ်တွေထပ်မံအားဖြည့်ဖို့ဆုံးဖြတ်ထားပါတယ်။အသက် ၂၈နှစ်အရွယ် ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းသား ကန်တီကတော့ သူ့ရဲ့အဓိကပစ်မှတ်ဖြစ်နေပါတယ်။

PC ; The Sun

ဒီခံစစ်အားသန်ကွင်းလယ်လူကို သူကိုယ်တိုင် နေရာစုံကစားနိုင်သူဖြစ်အောင် ပုံသွင်းပေးခဲ့တာကြောင့် ဂျူဗင်တပ်မှာပြန်လည်ဆုံဖြစ်ကြမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ဒါ့အပြင် ၂၀၁၉ အစပိုင်းနေ မားကို့စ်အလွန်ဆိုကိုကျော်ဖြတ်နေရာယူလာခဲ့တဲ့ အီမာဆင်ကိုလည်း ဆာရီစိတ်ဝင်စားနေပါတယ်။အသက် ၂၅နှစ်အရွယ်အီမာဆင်ဟာ အာဆင်နယ်ကိုအနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို ချဲလ်ဆီးရယူနိုင်အောင်၊တစ်နည်းအားဖြင့် ဆာရီအတွက်ပထမဆုံးဖလားရရှိခဲ့ရာမှာ ကူညီပေးနိုင်ခဲ့သူပါ။

PC ; The Sun

ဒဏ်ရာရနေတဲ့ ဘယ်နောက်ခံလူဆန်ဒရိုနေရာမှာ သူနဲ့အစားထိုးဖို့ ဆာရီက ဆန္ဒရှိနေပါတယ်။ဒါ့အပြင် လာမယ့်နွေရာသီမှာ စပါးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာတော့မယ့် အသက် ၂၇နှစ်အရွယ် အဲရစ်ဆင်ကိုလည်း ဆာရီကသူ့ရဲ့ ကွင်းလယ်မှာသုံးချင်နေတယ်လို့ The Sun က ရေးသားသွားခဲ့တာပါ။

(zawgyi)

ဂ်ဳဗင္တပ္နည္းျပဆာရီဟာ လန္ဒန္ကိုျပန္လာဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ The Sun သတင္းစာက ေရးသားလိုက္ပါတယ္။တူရင္အေျခစိုက္ကလပ္ကိုစြန္႔ခြာၿပီး ပရီးမီးယားလိဂ္အသင္းတစ္ခုခုကို ျပန္လည္တာ၀န္ယူဖို႔ေတာ့ မဟုတ္ပါဘူး။ကစားသမား ၃ေယာက္ကို အလစ္ဖမ္းႏိုင္ဖို႔ လန္ဒန္ခရီးစဥ္အတြက္ အဆင္သင့္ျဖစ္ေနတာပါ။အဲဒီကစားသမားေတြကေတာ့ သူ႔ရဲ႕အသင္းေဟာင္းခ်ဲလ္ဆီးက ကန္တီနဲ႔အီမာဆင္၊စပါးကြင္းလယ္ၾကယ္ပြင့္အဲရစ္ဆင္တို႔ပါပဲ။ဆာရီရဲ႕ဂ်ဴဗင္တပ္ဟာ ရာသီသစ္မွာေျခစြမ္းျပၿပီး စီးရီးေအအမွတ္ေပးဇယားထိပ္ဆံုးမွာ ဦးေဆာင္ေနပါတယ္။ဒါေပမဲ့ အတၱလႏာၱ၊နာပိုလီတို႔ထက္ သြင္းဂိုးနည္းေနသလို အင္တာမီလန္ထက္လည္း ဂိုးပိုေပးထားရပါတယ္။ဒါေၾကာင့္ ဆာရီအေနနဲ႔ စကူဒက္တိုဖလားကိုလက္လြတ္မဆုံးရံႈးေစေရးအတြက္ ကစားသမားသစ္ေတြထပ္မံအားျဖည့္ဖို႔ဆံုးျဖတ္ထားပါတယ္။အသက္ ၂၈ႏွစ္အရြယ္ ကမာၻ႔ဖလားခ်န္ပီယံျပင္သစ္အသင္းသား ကန္တီကေတာ့ သူ႔ရဲ႕အဓိကပစ္မွတ္ျဖစ္ေနပါတယ္။ဒီခံစစ္အားသန္ကြင္းလယ္လူကို သူကိုယ္တိုင္ ေနရာစံုကစားႏိုင္သူျဖစ္ေအာင္ ပံုသြင္းေပးခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္မွာျပန္လည္ဆံုျဖစ္ၾကမလားဆိုတာ စိတ္၀င္စားစရာေကာင္းေနပါတယ္။ဒါ့အျပင္ ၂၀၁၉ အစပိုင္းေန မားကို႔စ္အလြန္ဆိုကိုေက်ာ္ျဖတ္ေနရာယူလာခဲ့တဲ့ အီမာဆင္ကိုလည္း ဆာရီစိတ္၀င္စားေနပါတယ္။အသက္ ၂၅ႏွစ္အရြယ္အီမာဆင္ဟာ အာဆင္နယ္ကိုအႏိုင္ယူၿပီး ယူရိုပါလိဂ္ဖလားကို ခ်ဲလ္ဆီးရယူႏိုင္ေအာင္၊တစ္နည္းအားျဖင့္ ဆာရီအတြက္ပထမဆံုးဖလားရရွိခဲ့ရာမွာ ကူညီေပးႏိုင္ခဲ့သူပါ။ဒဏ္ရာရေနတဲ့ ဘယ္ေနာက္ခံလူဆန္ဒရိုေနရာမွာ သူနဲ႔အစားထိုးဖို႔ ဆာရီက ဆႏၵရွိေနပါတယ္။ဒါ့အျပင္ လာမယ့္ေႏြရာသီမွာ စပါးကေန အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ထြက္ခြာေတာ့မယ့္ အသက္ ၂၇ႏွစ္အရြယ္ အဲရစ္ဆင္ကိုလည္း ဆာရီကသူ႔ရဲ႕ ကြင္းလယ္မွာသံုးခ်င္ေနတယ္လို႔ The Sun က ေရးသားသြားခဲ့တာပါ။