ကစားခွင့်ပိုမရရင် ဇန်နဝါရီမှာထွက်မယ်လို့ ချဲလ်ဆီးကို သတိပေးလိုက်တဲ့ဂီရော့ဒ်

photo-gettyimages

photo-gettyimages

လာမယ့်လတွေမှာ ကစားခွင့်မိနစ်ပိုမရရင် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ သူထွက်လိမ့်မှာလို့ တိုက်စစ်မှုးဂီရော့ဒ်က ချဲလ်ဆီးအသင်းကို သတိပေးလိုက်ပါတယ်။ အဲဒီပြင်သစ်သားတိုက်စစ်မှုးဟာ နည်းပြလမ်းပတ်လက်ထက်မှာ လူငယ်တိုက်စစ်မှုးလေးအေဘရာဟမ်ရဲ့အရန်ဖြစ်နေပြီး ဒီရာသီချဲလ်ဆီးအတွက် ၅ ပွဲသာ ပါဝင်ခွင့်ရပါသေးတယ်။ ၃၃ နှစ်အရွယ် ဂီရော့ဒ်ဟာ မကြာသေးခင်တုန်းကလည်း ချဲလ်ဆီးက အရန်ဘဝကို သူလက်ခံမှာ မဟုတ်ကြောင်း ပြောထားပါသေးတယ်။

photo-gettyimages

ဂီရော့ဒ်ဟာ နည်းပြဆာရီလက်ထက် ပြီးခဲ့တဲ့ရာသီတုန်းကလည်း ပွဲထွက်နေရာအတွက် ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ အခုချိန်ထိတော့ ပွဲထွက်နေရာအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပေမယ့် ဇန်နဝါရီဈေးကွက်ပြန်ဖွင့်တာနဲ့ အခြေအနေကို သုံးသပ်သွားမယ်လို့ ဝန်ခံခဲ့ပါတယ်။ ဂီရော့ဒ်ဟာ ကလပ်မှာသာ ရုန်းကန်နေရပေမယ့် နိုင်ငံအသင်းပြင်သစ်မှာတော့ ပွဲထွက်ခွင့်ရနေတာပါ။ အင်တာမီလန်အသင်းကလည်း ဂီရော့ဒ်ကိုခေါ်ယူဖို့ စဉ်းစားနေတယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

photo-gettyimages

”ချဲလ်ဆီးမှာ ကျွန်တော့်နေရာအတွက် တိုက်ပွဲဝင်သွားမှာပါ။ ဇန်နဝါရီရောက်တာနဲ့ အခြေအနေကို ပြန်သုံးသပ်ပါမယ်။ ကျွန်တော်ထွက်ချင်နေတာလားလို့ မေးလာရင် မလိုအပ်သေးဘူးလို့ ပြောမှာပါ။ ဒါပေမဲ့ အညီအမျှတွေးရမယ့် တခြားအရာတွေရောက်လာပါတယ်။ ကျွန်တော်အခုကြုံတွေ့နေရာတာကို မပျော်ရွှင်နိုင်ပါဘူး။ ၃၃ နှစ်ရှိပြီဖြစ်ပေမယ့် ကျွန်တော့်မှာ ကောင်းကောင်းကစားနိုင်မယ့် နှစ်တွေအများကြီးကျန်ပါသေးတယ်”လို့ ဂီရော့ဒ်က ပြောခဲ့တာပါ။

[Zawgyi]

ကစားခြင့္ပိုမရရင္ ဇန္န၀ါရီမွာထြက္မယ္လို႔ ခ်ဲလ္ဆီးကို သတိေပးလုိက္တဲ့ဂီေရာ့ဒ္

လာမယ့္လေတြမွာ ကစားခြင့္မိနစ္ပိုမရရင္ ဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ သူထြက္လိမ့္မွာလုိ႔ တိုက္စစ္မႈးဂီေရာ့ဒ္က ခ်ဲလ္ဆီးအသင္းကို သတိေပးလိုက္ပါတယ္။ အဲဒီျပင္သစ္သားတုိက္စစ္မႈးဟာ နည္းျပလမ္းပတ္လက္ထက္မွာ လူငယ္တိုက္စစ္မႈးေလးေအဘရာဟမ္ရဲ႕အရန္ျဖစ္ေနၿပီး ဒီရာသီခ်ဲလ္ဆီးအတြက္ ၅ ပြဲသာ ပါ၀င္ခြင့္ရပါေသးတယ္။ ၃၃ ႏွစ္အရြယ္ ဂီေရာ့ဒ္ဟာ မၾကာေသးခင္တုန္းကလည္း ခ်ဲလ္ဆီးက အရန္ဘ၀ကို သူလက္ခံမွာ မဟုတ္ေၾကာင္း ေျပာထားပါေသးတယ္။

ဂီေရာ့ဒ္ဟာ နည္းျပဆာရီလက္ထက္ ၿပီးခဲ့တဲ့ရာသီတုနး္ကလည္း ပြဲထြက္ေနရာအတြက္ ရုနး္ကန္ခဲ့ရသူျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ ပြဲထြက္ေနရာအတြက္ တုိက္ပြဲ၀င္သြားမယ္လို႔ ဆုိထားေပမယ့္ ဇန္န၀ါရီေစ်းကြက္ျပန္ဖြင့္တာနဲ႔ အေျခအေနကို သံုးသပ္သြားမယ္လုိ႔ ၀န္ခံခဲ့ပါတယ္။ ဂီေရာ့ဒ္ဟာ ကလပ္မွာသာ ရုန္းကန္ေနရေပမယ့္ ႏိုင္ငံအသင္းျပင္သစ္မွာေတာ့ ပြဲထြက္ခြင့္ရေနတာပါ။ အင္တာမီလန္အသင္းကလည္း ဂီေရာ့ဒ္ကိုေခၚယူဖို႔ စဥ္းစားေနတယ္လို႔ The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

”ခ်ဲလ္ဆီးမွာ ကၽြန္ေတာ့္ေနရာအတြက္ တိုက္ပြဲ၀င္သြားမွာပါ။ ဇန္န၀ါရီေရာက္တာနဲ႔ အေျခအေနကို ျပန္သုံးသပ္ပါမယ္။ ကၽြန္ေတာ္ထြက္ခ်င္ေနတာလားလို႔ ေမးလာရင္ မလိုအပ္ေသးဘူးလုိ႔ ေျပာမွာပါ။ ဒါေပမဲ့ အညီအမွ်ေတြးရမယ့္ တျခားအရာေတြေရာက္လာပါတယ္။ ကၽြန္ေတာ္အခုႀကဳံေတြ႕ေနရာတာကို မေပ်ာ္ရႊင္ႏိုင္ပါဘူး။ ၃၃ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ကၽြန္ေတာ့္မွာ ေကာင္းေကာင္းကစားႏိုင္မယ့္ ႏွစ္ေတြအမ်ားႀကီးက်န္ပါေသးတယ္”လုိ႔ ဂီေရာ့ဒ္က ေျပာခဲ့တာပါ။