skin colour ေၾကာင့္ လမ္းပတ္နဲ႔ဂ်ရတ္အတြက္ နည္းျပျဖစ္ဖုိ႔ အခြင့္အေရးပိုမ်ားေၾကာင္း ဟက္စကီး ေ၀ဖန္

Photo Credit

Photo Credit

လီဗာပူးနဲ႔အဂၤလန္လက္ေရြးစင္တုိက္စစ္မွဴးေဟာင္း ဟက္စကီးက လက္ေရြးစင္အသင္းေဖာ္ေတြျဖစ္တဲ့ လမ္းပတ္နဲ႔ ဂ်ရတ္တုိ႔ဟာ သူတုိ႔ရဲ႕ skin colour ေၾကာင့္ နည္းျပေလာကထဲ၀င္ဖို႔ ခရီးလမ္းပိုမိုေျဖာင့္ျဖဴးခဲ့တယ္လုိ႔ ေ၀ဖန္တုိက္ခုိက္လုိ္က္ပါတယ္။

Photo Credit ; PA

အသက္ ၄၁ႏွစ္အရြယ္ရွိ လက္စတာတုိက္စစ္မွဴးေဟာင္း ဟက္စကီးဟာ နည္းျပေလာကထဲ၀င္ဖုိ႔ ႀကိဳးစားေနၿပီး အထူးသျဖင့္ ထိပ္တန္းအဆင့္မွာ သူ႕ကိုယ္သူစမ္းသပ္ခြင့္ရဖို႔အတြက္ အခြင့္အေရးေစာင့္ေမွ်ာ္ေနပါတယ္။

Photo Credit

ဒါေပမဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀က လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ရင္ဆုိင္ခဲ့ရတဲ့ ဟက္စကီးက ပရီးမီးယားလိဂ္နဲ႔ အဂၤလိပ္အမွတ္ေပးၿပိဳင္ပြဲေတြမွာ BAME (အသားမည္း၊ အာရွနဲ႔ နည္းပါးတဲ့လူမ်ိဳးစု)ေတြ ရွားပါးေနျခင္းအေပၚ ေထာက္ျပေ၀ဖန္သြားၿပီး လမ္းပတ္က ဒါဘီအသင္းနည္းျပအျဖစ္၊ ဂ်ရတ္က ရိန္းဂ်ားစ္အသင္းနည္းျပအျဖစ္ အသီးသီးခန္႔အပ္ခံခဲ့ရျခင္းမွာ သူတုိ႔ရဲ႕နည္းျပအရည္အခ်င္းေၾကာင့္ထက္ သူတုိ႔ရဲ႕ skin colour ေၾကာင့္ျဖစ္ေၾကာင္း ဆုိပါတယ္။

Photo Credit

”အသားမည္းသူေတြက ဘာျဖစ္လုိ႔ ေအာက္ေျခမွာပဲ ရွိေနရတာလဲဆုိတာနဲ႔ တျခားလူေတြ ဘယ္ေနရာပဲျဖစ္ျဖစ္ သြားလာလႈပ္ရွား၊ အလုပ္ေတြရေနခ်ိန္မွာ အသားမည္းသူေတြက ဘာျဖစ္လု႔ိ တန္းတူအခြင့္အေရးမရတာလဲဆုိတာ ကၽြန္ေတာ္လည္း မသိပါဘူး။ လမ္းပတ္နဲ႔ ဂ်ရတ္တို႔ဆုိရင္ နည္းျပအလုပ္ေတြကို တကယ့္လြယ္လြယ္ေလးရသြားၾကပါတယ္။ ဒါကလည္း သူတုိ႔ရဲ႕ skin colour ေၾကာင့္ဆုိတာပဲ ကၽြန္ေတာ္ေျပာႏိုင္ပါတယ္”

Photo Credit

”ဆုတံဆိပ္ေတြနဲ႔ သိပ္မဆုိင္ပါဘူး။ ဆုိးလ္ကမ္းဘဲလ္ဆိုရင္ ဂ်ရတ္ထက္ဆုတံဆိပ္ပုိရခဲ့တာပဲ(တကယ္ေတာ့ ဂ်ရတ္က ၈ႀကိမ္၊ ကမ္းဘဲလ္က ၆ႀကိမ္ရရွိခ့ဲတာျဖစ္ေပမယ့္ ကမ္းဘဲလ္က အမွတ္ေပးခ်န္ပီယံဆု ၂ႀကိမ္ပါ၀င္)။ အက္ရွ္ေလကိုးလ္ဆုိရင္ သူတုိ႔ထက္ ပိုေအာင္ျမင္ခဲ့တာပဲ။ သူ႕ေခတ္မွာ အဂၤလန္ရဲ႕အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာေလ။ အခုေတာ့ သူလည္း နည္းျပေလာကထဲ၀င္ေရာက္ဖို႔ ခ်ဲလ္ဆီးယူ-၁၅အသင္းကို ေလွကားထစ္လုိသေဘာထားေနရပါတယ္”လို႔ ဟက္စကီးက ေျပာပါတယ္။

Photo Credit

အသက္ ၃၉ႏွစ္အရြယ္ရွိ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂ်ရတ္ဟာ ၂၀၁၈ ခုႏွစ္က စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းနည္းျပအျဖစ္ တာ၀န္ယူခဲ့သူျဖစ္ၿပီး တစ္ခ်ိန္ခ်ိန္မွာ အသင္းနည္းျပအျဖစ္ အန္ဖီးလ္ကို တစ္ေက်ာ့ျပန္လာလုိေၾကာင္း ေျပာၾကားထားပါတယ္။

Photo Credit

ခ်ဲလ္ဆီးဂႏၳ၀င္ကစားသမား လမ္းပတ္ကလည္း ပေရာ္ဖက္ရွင္နယ္နည္းျပဘ၀ ပထမဆုံးကလပ္အျဖစ္ ၿပီးခဲ့တဲ့ရာသီက ဒါဘီအသင္းကို ကုိင္တြယ္ခဲ့ၿပီးေနာက္ တစ္ႏွစ္အၾကာ ၿပီးခဲ့တဲ့ေႏြရာသီက ခ်ဲလ္ဆီးအသင္းကို နည္းျပအျဖစ္ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

Photo Credit

Unicode

skin colour ကြောင့် လမ်းပတ်နဲ့ဂျရတ်အတွက် နည်းပြဖြစ်ဖို့ အခွင့်အရေးပိုများကြောင်း ဟက်စကီး ဝေဖန်

လီဗာပူးနဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဟက်စကီးက လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ လမ်းပတ်နဲ့ ဂျရတ်တို့ဟာ သူတို့ရဲ့ skin colour ကြောင့် နည်းပြလောကထဲဝင်ဖို့ ခရီးလမ်းပိုမိုဖြောင့်ဖြူးခဲ့တယ်လို့ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
အသက် ၄၁နှစ်အရွယ်ရှိ လက်စတာတိုက်စစ်မှူးဟောင်း ဟက်စကီးဟာ နည်းပြလောကထဲဝင်ဖို့ ကြိုးစားနေပြီး အထူးသဖြင့် ထိပ်တန်းအဆင့်မှာ သူ့ကိုယ်သူစမ်းသပ်ခွင့်ရဖို့အတွက် အခွင့်အရေးစောင့်မျှော်နေပါတယ်။
ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝက လူမျိုးရေးခွဲခြားမှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဟက်စကီးက ပရီးမီးယားလိဂ်နဲ့ အင်္ဂလိပ်အမှတ်ပေးပြိုင်ပွဲတွေမှာ BAME (အသားမည်း၊ အာရှနဲ့ နည်းပါးတဲ့လူမျိုးစု)တွေ ရှားပါးနေခြင်းအပေါ် ထောက်ပြဝေဖန်သွားပြီး လမ်းပတ်က ဒါဘီအသင်းနည်းပြအဖြစ်၊ ဂျရတ်က ရိန်းဂျားစ်အသင်းနည်းပြအဖြစ် အသီးသီးခန့်အပ်ခံခဲ့ရခြင်းမှာ သူတို့ရဲ့နည်းပြအရည်အချင်းကြောင့်ထက် သူတို့ရဲ့ skin colour ကြောင့်ဖြစ်ကြောင်း ဆိုပါတယ်။
”အသားမည်းသူတွေက ဘာဖြစ်လို့ အောက်ခြေမှာပဲ ရှိနေရတာလဲဆိုတာနဲ့ တခြားလူတွေ ဘယ်နေရာပဲဖြစ်ဖြစ် သွားလာလှုပ်ရှား၊ အလုပ်တွေရနေချိန်မှာ အသားမည်းသူတွေက ဘာဖြစ်လု့ိ တန်းတူအခွင့်အရေးမရတာလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ လမ်းပတ်နဲ့ ဂျရတ်တို့ဆိုရင် နည်းပြအလုပ်တွေကို တကယ့်လွယ်လွယ်လေးရသွားကြပါတယ်။ ဒါကလည်း သူတို့ရဲ့ skin colour ကြောင့်ဆိုတာပဲ ကျွန်တော်ပြောနိုင်ပါတယ်”
”ဆုတံဆိပ်တွေနဲ့ သိပ်မဆိုင်ပါဘူး။ ဆိုးလ်ကမ်းဘဲလ်ဆိုရင် ဂျရတ်ထက်ဆုတံဆိပ်ပိုရခဲ့တာပဲ(တကယ်တော့ ဂျရတ်က ၈ကြိမ်၊ ကမ်းဘဲလ်က ၆ကြိမ်ရရှိခဲ့တာဖြစ်ပေမယ့် ကမ်းဘဲလ်က အမှတ်ပေးချန်ပီယံဆု ၂ကြိမ်ပါဝင်)။ အက်ရှ်လေကိုးလ်ဆိုရင် သူတို့ထက် ပိုအောင်မြင်ခဲ့တာပဲ။ သူ့ခေတ်မှာ အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တာလေ။ အခုတော့ သူလည်း နည်းပြလောကထဲဝင်ရောက်ဖို့ ချဲလ်ဆီးယူ-၁၅အသင်းကို လှေကားထစ်လိုသဘောထားနေရပါတယ်”လို့ ဟက်စကီးက ပြောပါတယ်။
အသက် ၃၉နှစ်အရွယ်ရှိ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်ဟာ ၂၀၁၈ ခုနှစ်က စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တစ်ချိန်ချိန်မှာ အသင်းနည်းပြအဖြစ် အန်ဖီးလ်ကို တစ်ကျော့ပြန်လာလိုကြောင်း ပြောကြားထားပါတယ်။
ချဲလ်ဆီးဂန္ထဝင်ကစားသမား လမ်းပတ်ကလည်း ပရော်ဖက်ရှင်နယ်နည်းပြဘ၀ ပထမဆုံးကလပ်အဖြစ် ပြီးခဲ့တဲ့ရာသီက ဒါဘီအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် တစ်နှစ်အကြာ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးအသင်းကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။